နမ့်ဖတ်ကာအတွင်း လက်နက်ကြီးကျ နေအိမ်တစ်လုံး နှင့် အရပ်သား ထိခိုက်မှုရှိနေ

သျှမ်းပြည် မူဆယ်ခရိုင် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာအုပ်စုအတွင်း လက်နက်ကြီးကျရောက် ပေါက်ကွဲမှုကြောင့် နေအိမ်တစ်လုံး ပျက်စီးရသည့်အပြင် အရပ်သား ထိခိုက်မှုများလည်း ရှိနေကြောင်း သတင်းရရှိသည်။

.

ယနေ့ (သြဂုတ် ၃၀) ရက် နံနက် ၁၀ နာရီဝန်းကျင်တွင် ကွတ်ခိုင်အခြေစိုက် စစ်ကောင်စီ တပ်ရင်း တပ် အမှတ် (၁၂၃) မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီး တစ်လုံးသည် ဈေးအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း နမ့်ဖတ်ကာ ဒေသခံ ဦးလှ (နာမည်လွဲ) က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီနေ့ ၁၀ နာရီလောက်မှာ ကားတစ်စီး၊ ဆိုင်ကယ်တစ်စီးနဲ့ TNLA ယူနီဖောင်းဝတ် လူတစ်စုက သေနတ်နဲ့ (၁၂၃) တပ်ရှေ့ မှာ လာပစ်သွားတယ်၊ အဲ့ကနေ စစ်ကောင်စီက လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်နေကြတာ၊ သူတို့ ပစ်လိုက် တဲ့ လက်နက်ကြီး ဈေးအတွင်း ကျရောက်ပေါက်ကွဲသွားတယ်၊ လူတစ်ဦး ထိခိုက်ဒဏ်ရာ ရသွားတယ်” ဟု နမ့်ဖတ်ကာ ဒေသခံ ဦးလှ (နာမည်လွှဲ) က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယနေ့ သြဂုတ် (၃၀) ရက်သည် နမ့်ဖတ်ကာ ဈေးနေ့ဖြစ်သည့်အတွက် လက်နက်ကြီးသံများ ကြားရစဥ် ကတည်းက လူစုကွဲနေကြသော်လည်း ဈေးအတွင်း ပစ္စည်းသိမ်းနေသည့် အမျိုးသား တစ်ဦးကို လက်နက်ကြီးကျည်စ ထိမှန်ခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် နှစ်ဖက်ပစ်ခတ်သံများ ငြိမ်သက်သွားသော်လည်း စစ်ကောင်စီဘက်မှ ရံဖန်ရံခါ ပစ်လိုက်သည့် လက်နက်ကြီးသံ ကြားနေရသေးကြောင်း ဒေသခံများထံ သိရသည်။

ထို့အပြင် ယမန်နေ့ (သြဂုတ် ၂၉ ) ရက်တွင်လည်း နမ့်ဖတ်ကာ အခြေစိုက် စစ်ကောင်စီတပ် (၁၂၃) တပ်မှ လက်နက်ကြီးဖြင့် တစ်ဖက်သတ် ရမ်းသမ်းပစ်ခတ်မှုကြောင့် နမ့်ဖတ်ကာ ရပ်ကွက် (၃) ရှိ ဦးမောင်မောင်သာ နေအိမ်ပေါ် လက်နက်ကြီး တစ်လုံး ထိမှန်ခဲ့ကြောင်းလည်း နမ့်ဖတ်ကာနေ အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“လူကိုတော့ မထိဘူး။ အိမ်ခေါင်မိုးကတော့ အပေါက်ကြီးဖြစ်ပြီး သွပ်မိုးတွေ လန်သွားပြီ။ အိမ်ရှင်မိသားစုတွေ ကတော့ နီးစပ်ရာအမျိုးအိမ်မှာ ခေတ္တနေထိုင်ကြတယ်တဲ့၊ သူတို့ စားရေးသောက်ရေးအတွက်ကိုလည်း ဝိုင်းဝန်းကူညီ ကြတာပေါ့ ” ဟု နမ့်ဖတ်ကာ ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီဘက်မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်နေမှုကြောင့် နမ့်ဖတ်ကာ အတွင်း လူသွားလူလာ ကင်းမဲ့နေပြီး ဒေသခံများက ကတုတ်ကျင်းအတွင်း ခိုလှုံနေရကြောင်းလည်း အထက်ပါ အမျိုးသမီးက ဆက်ဆိုသည်။

“ဘယ်သူမှ အပြင်မထွက်ရဲကြဘူး။ ဈေးနေ့ဖြစ်ပေမဲ့ လက်နက်ကြီးသံ စကြားကတည်းက ဈေးသိမ်းနေကြပြီ။ အခုလည်း တချို့က ကတုတ်ကျင်းတွေတူးပြီး အဲ့ထဲမှာပဲ ဝပ်နေကြတယ်။ တချို့လည်း အိမ်ထဲမှာပဲ နေနေကြတာမျိုးပေါ့။ လမ်းပေါ်မှာတော့ ဘယ်သူမှ မရှိတော့ဘူး” ဟု အမျိုးသမီးက ဆက်ဆိုသည်။

အာဏာသိမ်း စစ်ကောင်စီ နှင့် TNLA တပ်တို့သည် ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာအတွင်းသာမကာ မူဆယ်မြို့နယ်၊ စယ်လန့်ကျေးရွာအုပ်စု အတွင်းမှာလည်း စစ်ရေး တင်းမာမှုများ ရှိနေကြပြီး လေယာဥ်ဖြင့်ပါ ဗုံးကြဲ တိုက်ခိုက်မှု များ ရှိနေကြသည်။

စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းယူပြီးနောက်ပိုင်းတွင် သျှမ်းပြည်အတွင်း လှုပ်ရှားနေကြသည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ နှင့် ထိတွေ့တိုက်ပွဲ များပြားလာပြီး နေအိမ်စွန့်ခွာ စစ်ရှောင်ထွက်ပြေးရသည့် ဒေသခံများလည်း များပြားလာသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...