Wednesday, February 11, 2026

စစ်ကောင်စီ

သျှမ်းပြည် စက်သုံးဆီများ ပြတ်လပ်လုနီးပါးဖြစ် အကန့်အသတ်ဖြင့်ရောင်းနေရ

သျှမ်းပြည်‌ မြို့နယ် အများစုတွင် စက်သုံးဆီများပြတ်လပ်နေပြီး အချို့နေရာတွင် ဈေးများတက်ကာ အကန့်သတ်ဖြင့် ရောင်းချနေရကြောင်း စုံစမ်း သိရပါသည်။ သျှမ်းပြည် မိုင်းရှူး၊ ပင်လုံ၊ ခိုလမ်နှင့် မူဆယ်မြို့တို့တွင် စက်သုံးဆီ ဓာတ်ဆီ ၁ လီတာလျှင် ၃၂၀၀ မှ ၃၈၀၀ ကျပ် ထိ ဈေးတက်နေပြီ၊...

သျှမ်း-မန္တလေးနယ်စပ် မိုင်းလုံမြို့ လေယာဉ်ဗုံးကြဲမှုကြောင့် အမျိုးသမီး ၁ ဦးသေ၊ အရပ်သား ၁၀ ဦးဒဏ်ရာရ

သျှမ်းပြည် ကျောက်မဲမြို့နယ် မိုင်းလုံမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲမှုကြောင့် အမျိုးသမီး ၁ ဦး ပွဲချင်းပြီး သေဆုံးပြီး အရပ်သား ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၅ ရက်) နံနက် ၉ နာရီအချိန်ခန့်က သျှမ်း-မန္တလေးနယ်စပ်ရှိ မိုင်းလုံမြို့တွင် စစ်ကောင်စီတပ်မှ...

“ဝ”ဒေသရောက် စစ်ဘေးရှောင်များ ယာယီနေထိုင်ခွင့်လက်မှတ်လုပ်ရန် UWSA ထုတ်ပြန်

"ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းသို့ ဝင်ရောက် စစ်ဘေးရှောင်လာကြသည့် ပြည်သူများအားလုံး နီးစပ်ရာရဲစခန်းတွေမှာ ယာယီနေထိုင်ခွင့်လက်မှတ် ပြုလုပ်ကြဖို့ UWSA က ထုတ်ပြန်ကြေညာထားကြောင်းသိရသည်။ ဒီဇင်ဘာလ ၃ရက် ရက်စွဲဖြင့် " ဝ " ပြည်တရားရေးရာလုပ်ငန်းကော်မတီ မှ နယ်မြေတည်ငြိမ်အေးချမ်းသာယာရေးအတွက် ဟု ဆိုကာ "ဝ"ဒေသအတွင်း ဝင်ရောက်လာသည့် စစ်ဘေးရှောင်ပြည်သူများအားလုံး...

လောက်ကိုင်မှ ပြန်လာသည့် လူငယ် ၇ ဦးကို ကိုးကန့်တပ်ဖွဲ့ MNDAA က စစ်မှုထမ်းရန် ဖမ်းဆီးသွား

သျှမ်းပြည် လောက်ကိုင်မြို့မှ လားရှိုးမြို့သို့ နေရပ်ပြန်လာသည့် လူငယ် ၇ ဦးကို ကိုးကန့်တပ်ဖွဲ့ MNDAA က စစ်မှုထမ်းရန် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၄ ရက်တွင် လောက်ကိုင်မြို့မှ နေရပ်ပြန်ရန် ထွက်ခွာလာသည့် လူငယ် ၇ ဦးသည် ချင်းရွှေဟော်မြို့သို့ မရောက်မီတွင်...

ပန်ဆိုင်းမြို့နယ်အတွင်း လူမနေ၊ စာရင်းမပေးသည့် အိမ်များကို ချိတ်ပိတ် သိမ်းမည်ဟု MNDAA ပြော

သျှမ်းပြည် မူဆယ်ခရိုင် ပန်ဆိုင်းမြို့တွင် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်တပ်ဖွဲ့ဝင် ကိုးကန့်တပ်ဖွဲ့ (MNDAA)တို့ တိုက်ပွဲဖြစ်ပြီး ပြည်သူများ နေရပ်မှ စွန့်ခွာခဲ့ရာ လက်ရှိ လူမနေတော့သည့် နေအိမ်များကို ချိတ်ပိတ်သိမ်းသွားမည်ဟု MNDAA က ကြေညာလိုက်ကြောင်း စုံစမ်းသိရသည်။ ယခုရက်ပိုင်းအတွင်း ပန်ဆိုင်းမြို့အတွင်း MNDAAထံ သန်းခေါင်စာရင်းလာမပေးသူ၊ နေအိမ်တွင် ပြန်မလာနေသူများကို...

ဆီဆိုင် စစ်ရှောင် ၁ သောင်းကျော်တိုးလာ၊ အများစု အမျိုးသမီးနှင့် ကလေးတွေဖြစ်

ကရင်နီပြည်အတွင်း “၁၁.၁၁ စစ်ဆင်ရေး” တိုက်ပွဲကြောင့် သျှမ်းပြည် ဆီဆိုင်မြို့နယ်ရှိ စစ်ရှောင်စခန်းများတွင် စစ်ရှောင်ဦးရေ ၁ သောင်းကျော်တိုးလာပြီး ထိုထဲတွင် အမျိုးသမီးနှင့် ကလေးများ ထက်ဝက်ကျော်ရှိကြောင်း စစ်ဘေးရှောင်စခန်း တာဝန်ရှိသူများက ပြောသည်။ ဆီဆိုင်မြို့နယ်အတွင်း ယခင် စစ်ရှောင်ဦးရေနှင့် ယခု "၁၁.၁၁ စစ်ဆင်ရေး"ကြောင့် အသစ်ရောက်လာသည့် စစ်ရှောင်...

မူဆယ်မြို့နယ် ဒရုန်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူအသက်အန္တရာယ်စိုးရိမ်နေရ

သျှမ်းပြည် မူဆယ်မြို့နယ်အတွင်း ဒရုန်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူများစိုးရိမ်နေရကြောင်း ဒေသခံများပြောပြချက်အရသိရသည်။ သျှမ်းပြည် မူဆယ်မြို့နယ် ကျေးရွာအချို့တွင် ညီနောင်မဟာမိတ်တို့ ဒရုန်းများ၊ စစ်ကောက်စီတို့၏ လက်နက်ကြီး များနှင့် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကြောင်း ပြည်သူများ အသက်အန္တရာယ် စိုးရိမ်နေရသည့် အဆင့်ဖြစ်နေကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကိုပြောသည်။ " အခု က...

သိန္နီစစ်ရှောင်စခန်း ရှော့တိုက်ဒုံးကျ အမျိုးသမီး ၁ ဦးသေ၊ ၂ ဦးဒဏ်ရာရ၊ စစ်ဘေးရှောင်များကို နှစ်ဖက်တပ်ဖွဲ့များက လူသားဒိုင်းကာလုပ်နေ

သျှမ်းပြည် သိန္နီမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းအတွင်းသို့ စစ်ကောင်စီတပ်မှ ပစ်ခတ်သော ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲခြင်းကြောင့် အမျိုးသမီး ၁ ဦးသေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရကြောင်း စုံစမ်းသိရသည်။ သိန္နီမြို့နယ် ကျောင်းခမ်းဘုန်းကြီးကျောင်းတွင် ယနေ့ (ဒီဇင်ဘာ ၄ ရက်) နံနက်အချိန်က စစ်ကောင်စီတပ်မှ ပစ်ခတ်လာသည့် ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့်...

စစ်ကောင်စီ ရှိသည့် မူဆယ်မြို့ လွိုင်တိန်ခမ်းတောင်ပေါ်ဘုရားပေါ် ဒရုန်း တိုက်ခိုက်ခံရ

စစ်ကောင်စီ တပ်ရောက်ရှိနေသည့် သျှမ်းပြည် မူဆယ်မြို့ လွိုင်တိန်ခမ်း တောင်ပေါ်ဘုရားပေါ် သို့ ညီနောင်မဟာမိတ်တပ်ပေါင်းစုမှ ဒရုန်းဖြင့် တိုက်ခိုက်ကြောင်း စုံစမ်းိသရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၃) ရက် နံနက်ပိုင်း ၉ နာရီဝန်းကျင်တွင် သာသနာ့နယ်မြေဖြစ်သည် လွိုင်တိန်ခမ်း တောင်ပေါ်ဘုရားသို့ စစ်ကောင်စီ စစ်ကြောင်း တက်သွားပြီးနောက် ညီနောင်မဟာမိတ်တပ်ဖွဲ့က...

တာချီလိတ်မြို့ ယာဉ်ထိန်းရဲများ တရုတ်ကျားဖြန့်ဖမ်းဆီးမှု အကြောင်းပြပြီး ငွေညစ်နေ

မြန်မာ-ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် ယာဉ်ထိန်းရဲတပ်ဖွဲ့များမှ တရုတ်ကျားဖြန့်အဖွဲ့ဝင်များကို ဖမ်းဆီးခြင်း အကြောင်းပြပြီး ဒေသခံများထံ ငွေညစ်နေကြောင်း ဒေသခံများ၏ သတင်းပေးပို့ချက်အရ သိရသည်။ ယခုရက်ပိုင်း တာချီလိတ်မြို့တွင် တရုတ်ကျားဖြန့် (ငွေလိမ်ဂိုဏ်း) များကို နှိမ်နင်းဖမ်းဆီးနေကြောင်း ဆိုသည့် အကြောင်းပြချက်ဖြင့် ယာဉ်ထိန်းရဲတပ်ဖွဲ့များက အုပ်စုဖွဲ့၍ ကားများအား တားဆီးစစ်ဆေးပြီး တရုတ်လူမျိုးကို  တွေ့ရှိလျှင် ထိုင်းဘတ်ငွေ...

Latest news