Friday, May 3, 2024

“၁၀၂၇ စစ်ဆင်‌ရေး” မြို့သိမ်းတိုက်ပွဲ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး(DPLF) ပါဝင်တိုက်ခိုက်နေ

Must read

သျှမ်းပြည်မြောက်ပိုင်းတွင် ညီနောင်မဟာမိတ် ၃ ဖွဲ့တို့ ဆင်နွှဲသော “၁၀၂၇ စစ်ဆင်ရေး” တွင် ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်ဦး (DPLF)တို့လည်းမြို့ သိမ်းတိုက်ပွဲများ တွင် ပါဝင်တိုက်ခိုက်နေကြောင်း ဒီဇင်ဘာလ ၆ ရက်တွင် အသိပေးထုတ်ပြန်ထားသည်။

ဓနုပြည်သူ့လွတ်မြောက်ရေး တပ်ဦး(DPLF)

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး(DPLF) နှင့် ညီနောက်မဟာမိတ်တို့ ရက်ပေါင်း (၄၀) ကျော် ကာလ အတွင်း တစ်ရက်မျှ ရပ်နားခဲ့ခြင်းမရှိဘဲ ကွတ်ခိုင်၊ နမ့်ခမ်း၊ သီပေါနှင့် ကျောက်မဲမြို့နယ်များရှိ စစ်ကောင်စီတပ် စခန်းအချို့အား ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

“ တိုက်နေတာထက်ကို ကျနော်တို့က အတွေ့အကြုံ ယူတာပါ သျှမ်းမြောက်တွေမှာ ပါဝင်တိုက်ခိုက်နေတာ သေချာပါတယ်”ဟု ဓနုပြည်သူ့ လွတ်မြောက် ရေးတပ်ဦး(DPLF) တာဝန်ရှိသူတစ်ဦး က ပြောသည်။

တအာင်း တပ်မတော် (TNLA) နှင့်အတူ ဓနုပြည် သူ့လွတ်မြောက်ရေးတပ်ဦး (DPLF) ပူးပေါင်းအဖွဲ့သည်လည်း သီပေါမြို့နယ်၊ စံဖိတ်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်းဖော်ပြထားသည်။

“၁၀၂၇စစ်ဆင်ရေး”ကို MNDAA၊ TNLA၊ AAစသည့် ညီနောင်မဟာမိတ် (၃)ဖွဲ့ ဦးဆောင်ဆင်နွှဲ နေပြီး မန္တလေးPDF၊ KNDF၊ BPLA၊ DPLFနှင့် အခြားတော်လှန်ရေးအင်အားစုများက ပါဝင် တိုက်ခိုက်နေ ကြကြောင်းသိရသည်

SHANBurmese

Shannews

သျှမ်းသံတော်ဆင့်

စစ်ကောင်စီ #TNLA #DPLF #တိုက်ပွဲ

Leave a Comments

- Advertisement -spot_img

Latest article