စစ်ရေးပြင်းထန်နယ်မြေ တရုတ်-မြန်မာ မီးရထားဖောက်လုပ်ရေး ဆွေးနွေး

“၁၀၂၇ စစ်ဆင်ရေး”ဖြစ်ပွားနေသည့် သျှမ်းပြည်မြောက်ပိုင်းအတွင်း ဖြတ်သန်းသွားမည့် တရုတ်-မြန်မာမီးရထားလမ်း ဖောက်လုပ်ရေးကို တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီးတို့ ပေကျင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း မြန်မာ့အလင်း သတင်းစာမှ ဒီဇင်ဘာလ ၇ ရက်တွင် ဖော်ပြသည်။

ဒီဇင်ဘာ ၆ ရက်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့ ပေကျင်းမြို့၌ တွေ့ဆုံစဉ် မြန်မာ-တရုတ် ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး၊ မြန်မာ-တရုတ် စီးပွားရေးစင်္ကြံနှင့် ပိုးလမ်းမစီမံကိန်းအောက်မှ ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ တရုတ်-မြန်မာ မီးရထားလမ်း ဖောက်လုပ်ရေးနှင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးကွန်ယက် တည်ထောင်ရေး စသည့် အကျိုးတူပူးပေါင်းဆောင်ရွက်သည့် စီမံကိန်းများကို အရှိန်မြင့် လုပ်ဆောင်သွားရန် ဆွေးနွေးခဲ့ကြသည်ဟု သတင်းထုတ်ပြန်သည်။

ထို့အပြင် မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ဒေသတစ်လျှောက် လုံခြုံရေး၊ တရားမဝင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု၊ လူကုန်ကူးမှုနှင့် အွန်လိုင်းလိမ်လည်မှုများကို တိုက်ဖျက်သွားရေးအတွက် ပိုမိုနီးကပ်စွာ ပူး‌ပေါင်းဆောင်ရွက်သွားနိုင်ရန်လည်း ဆွေးနွေးခဲ့သည်ဟု သတင်းထုတ်ပြန်ချက်တွင် ပါဝင်သည်။

မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်မည့် တရုတ်၏ ပိုးလမ်းမစီမံကိန်း အစိတ်အပိုင်းတစ်ရပ်ဖြစ်သော တရုတ်-မြန်မာ မီးရထားလမ်းသည် တရုတ်နိုင်ငံ ရွှေလီမြို့မှတဆင့် မူဆယ်မြို့သို့ စတင်ဝင်ရောက်လာပြီး မန္တလေးမြို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့အထိ ဖောက်လုပ်သွားမည်ဟု ကနဦးထုတ်ပြန်ချက်များအရ သိရှိရသည်။

မူဆယ်-မန္တလေး မီးရထားလမ်းပိုင်းတွင် ဖြတ်သန်းသွားမည့် မူဆယ်၊ ကွတ်ခိုင်၊ သိန္နီ၊ လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ နောင်ချိုမြို့နယ်များသည် ညီနောင်မဟာမိတ် ၃ ဖွဲ့က စစ်ကောင်စီတပ်ကို “၁၀၂၇ စစ်ဆင်ရေး” ဆင်နွှဲနေသည့် နယ်မြေများဖြစ်ပြီး တရုတ်-မြန်မာ နယ်စပ်မြို့များဖြစ်သည့် နမ့်ခမ်း၊ ပန်ဆိုင်း(ကြူကုတ်)၊ မုံးကိုးနှင့် ချင်းရွှေဟော်မြို့တို့ကို ညီနောင်မဟာမိတ်တပ်များက သိမ်းပိုက်ထားကာ မူဆယ်နှင့် လောက်ကိုင်မြို့တို့ကို ထိန်းချုပ်နိုင်ရန် အပြင်းအထန် ထိုးစစ်ဆင်နေသည်။

“တိုက်ပွဲတွေသည် တော်လှန်ရေးဆိုတာထက် စီးပွားရေးလမ်းကြောင်းတွေနဲ့ သက်ဆိုင်နေတယ်။ တရုတ်ကလဲ သူ့ရဲ့အကျိုးစီးပွားအတွက်ကတော့ အကျိုးမရှိဘဲနဲ့ လွယ်လွယ်ကူကူ သူ့နယ်စပ်မှာ ဒီလိုတိုက်ပွဲပြင်းထန်နေတာ ခွင့်ပြုမှာမဟုတ်ဘူး။ စစ်ကောင်စီတပ်ကလဲ သူ့ရဲ့ဖိအားတွေ အခုဖြစ်နေတဲ့တိုက်ပွဲတွေ လျော့ကျသွားအောင် တရုတ်နဲ့ အလဲအထပ်လုပ်မှာပဲ။ အဲ့တာကြောင့်မလို့ ဒီစီမံကိန်းမှာ ဒေသခံတွေ မသိလိုက်ပဲနဲ့ အများကြီး နစ်နာသွားစေနိုင်မယ့် အရာတွေ အများကြီး ရှိလာနိုင်တယ်”ဟု စီမံကိန်းနှင့်ပတ်သက်၍ စစ်ကောင်စီနှင့် တရုတ်တို့ ဆွေးနွေးလာသည့်အပေါ် သဘောထားအမြင်ကို သျှမ်းလူငယ် တက်ကြွလှုပ်ရှားသူတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“၁၀၂၇ စစ်ဆင်ရေး” ဆင်နွှဲနေသော ညီနောင်မဟာမိတ်တပ်များ၊ ပြည်သူ့ကာကွယ်ရေးတပ် PDF များနှင့် စစ်ကောင်စီတပ်တို့သည် စစ်ရေးပဋိပက္ခအတွင်း လူထု၏ ဒုက္ခကို လျစ်လျူရှုနေကြပြီး တော်လှန်ရေးခေါင်းစဉ်ကို အကြောင်းပြ၍ ပိုးလမ်းမစီမံကိန်း BRI မှ အကျိုးအမြတ် ရရှိစေရန် ကြိုတင်ကြံစည်၍ ထိန်းချုပ်နယ်မြေ လုယူခြင်း၊ လူမျိုးရေး ပဋိပက္ခဖြစ်စေရန် စည်းရုံးလှုံဆော်ကြခြင်းနှင့် နိုင်ငံရေး၊ စစ်ရေး မရိုးဖြောင့်မှုများ ပြုလုပ်လာခြင်းကြောင့် စိုးရိမ်ပူပန်မိကြောင်း သျှမ်းလူထုနှင့် အရပ်ဖက်အဖွဲ့အစည်းများက နိုဝင်ဘာလ ၁၁ ရက်တွင် ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်မြို့ ရွှေဆိုင်ပိုင်ရှင် မိသားစု ဓားပြတိုက်ခံရ၊ ကျူးလွန်သူများ လွတ်မြောက်နေဆဲ

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် ရွှေဆိုင်ပိုင်ရှင်မိသားစု နှစ်ဦးကို အမည်မသိလက်နက်ကိုင် လူတစ်စုက သေနက်ပစ်ဖောက်ကာ ဓားပြတိုက်လုယက်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( ဇွန်လ ၉ ရက်) နေ့လည် ၃ နာရီခွဲကျော် အချိန်တွင် မူဆယ်မြို့ ၊ တောင်ရပ်ကွက်တွင် ရွှေဆိုင်ပိုင်ရှင် မိသားစု နှစ်ဦး...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...