စစ်ကောင်စီ
နမ့်ဆန်မြို့သိမ်းတိုက်ပွဲ တစ်ပတ်အတွင်း အရပ်သား ၈ ဦးထက်မနည်း သေဆုံး
စိုင်းခွမ်မိန်း၊ ၂၀၂၃ ဒီဇင်ဘာလ ၂၀ ရက် သျှမ်းပြည် နမ့်ဆန်မြို့နယ်တွင် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)က မြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့သည့် တစ်ပတ်အတွင်း အရပ်သား ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ဒီဇင်ဘာလ ၁၀ ရက်မှ ၁၆ ရက်နေ့အထိ TNLA တပ်ဖွဲ့၏ နမ့်ဆန်မြို့သိမ်းတိုက်ပွဲ တစ်ပတ်အတွင်း...
နမ့်ခမ်းမြို့ စခန်းသစ်ကုန်း သိမ်းပိုက်နိုင်ရေး TNLA ဘက်မှ ၅၀ နီးပါးကျဆုံး အများအပြား ထိခိုက်ဒဏ်ရာရ
သျှမ်းပြည် မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ် စစ်ကောင်စီ၏ စခန်းသစ်ကုန်း သိမ်းပိုက်နိုင်ရန် တအာင်း (ပလောင်) အမျိုးသားလွှတ်မြောက်ရေး တပ်မတော် TNLA မှ တစ် လကျော်ကြာ ထိုးစစ်ဆင် တိုက်ခိုက်လာစဉ်အတွင်း တပ်သား ၅၀ နီးပါးကျဆုံးပြီး အများအပြားထိခိုက်ဒဏ်ရရှိကြောင်း ထုတ်ပြန်ထားသည်။ “၁၀၂၇ စစ်ဆင်ရေး” ဖော်ဆောင်နေသည့် ကာလအတွင်း...
စစ်ကောင်စီ၏ ဖယ်ခုံမြို့နယ် တောင်ပေါ်စခန်းကုန်းကို တော်လှန်ရေးအင်အားစု တိုက်ခိုက်သိမ်းပိုက်
သျှမ်းပြည် ဖယ်ခုံမြို့နယ်ဆောင်နန်းခဲကျေးရွာ အထက်ပိုင်း၊တောင်ပေါ်စခန်းကုန်း ပွိုင့်ကုန်းကို ဒီဇင်ဘာလ (၁၁) ရက် ညနေတွင် မိုးဗြဲ-ဖယ်ခုံ ၁၁၁၁ မဟာမိတ်တော်လှန်ရေးအင်အားစုများက အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ ဒီဇင်ဘာလ ၁၁ ရက် နံနက် ၈နာရီကျော်မှစပြီး ညနေ ၃ နာရီကျော်ထိ ၇နာရီဝန်းကျင်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက်တွင်...
နမ္မတူမြို့နယ်အတွင်း TNLA တပ်သားများ ဝင်ရောက်နေရာယူပြီး ကတုတ်ကျင်းများ တူးထားနေ
သျှမ်းပြည် ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်အတွင်း၌ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က ဝင်ရောက်နေရာယူပြီး ကတုတ်ကျင်းများပါ တူးထားနေကြောင်း ဒေသခံများထံ မှ စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၂၀) ရက် နံနက်ပိုင်း ၇ နာရီ ဝန်းကျင်တွင် TNLA...
ကျောက်မဲ စစ်ကောင်စီလေကြောင်းဗုံးကြဲမှုကြောင့် ၁၄ နှစ်အရွယ် မိန်းကလေး ၂ ဦးအပါအဝင် ၃ ဦးသေဆုံး၊ ၂ ဦးထိခိုက်ဒဏ်ရာရ
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲမှုကြောင့် အသက် ၁၄ နှစ်အရွယ်ရှိ မိန်းကလေး ၂ ဦး အပါအဝင် စုစုပေါင်း ၃ ဦး သေဆုံးပြီး၊ ၂ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၈ ရက်) ညနေ ၅...
“လားရှိုးစစ်ရှောင်များ လူထုအကူအညီနဲ့သာ ရပ်တည်နေရ”
လားရှိုးမြို့နယ်သည် “၁၀၂၇ စစ်ဆင်ရေး” စတင်သည့် အောက်တိုဘာလ ၂၇ ရက်မှ စတင်ပြီး ဒေသခံများ ထောင်နှင့်ချီ၍ ရုတ်တရက် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် မြို့နယ်တစ်ခုဖြစ်သည်။ စစ်ဆင်ရေးစတင်စဉ်က လားရှိုးမြို့နယ်သည် ချင်းရွှေဟော်နှင့် သိန္နီမြို့ကဲ့သို့ နှစ်ဖက်ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ဘေးရှောင် ၈၀၀၀ ကျော်သည် လားရှိုးမြို့တွင်းနှင့် နီးစပ်ရာ...
စစ်ကောင်စီ ဦးဆောင်ကျင်းပသည့် ဓနုအမျိုးသားနေ့ကို DPLF ရှုံ့ချ
စစ်ကောင်စီ ဦးဆောင်ကျင်းပသည့် " ဓနုအမျိုးသားနေ့" ကို ဓနုတိုင်းရင်းသား လူမျိုးတို့၏ ဂုဏ်သိက္ခာ ညှိုးနွမ်းရတယ်လို့ ဓနုပြည် သူ့လွတ်မြောက်ရေးတပ်ဦး DPLF က သတိပေးထုတ် ပြန်ထားသည်။ ယနေ့ (ဒီဇင်ဘာလ ၂၀) ရက်တွင် ဆဌမကြိမ်မြောက် ကျရောက်သည့် "ဓနုအမျိုးသားနေ့" ကို ဓနုအမျိုးသား အဖွဲ့ချုပ်နှင့်...
မူဆယ်မြို့ရှိ အိမ်တစ်လုံး သေနတ်ပစ်ခတ် ဓားပြတိုက်ခံရ၊ အမျိုးသား ထိခိုက်ဒဏ်ရာများ ရရှိ
သျှမ်းပြည် မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်၊ မြောက်ရပ်ကွက်ရှိ နေအိမ် တစ်လုံး သေနတ် ပစ်ခတ် ဓားပြတိုက်ခံရပြီး အိမ်ရှင် အမျိုးသားက ထိခိုက်ဒဏ်ရာများ ရရှိသွားကြောင်း စုံစမ်းသိရသည်။ ယနေ့ ဒီဇင်ဘာလ ၂၀ ရက် နံနက်ပိုင်း ၆ နာရီဝန်းကျင်တွင် မူဆယ်မြို့၊ မြောက်ရပ်ကွက်ရှိ နေအိမ် တစ်လုံးသို့...
နှစ်ထပ်ကွမ်း ဒုက္ခတွေကြုံနေရတဲ့ ထိုင်းရောက်ရွှေ့ပြောင်းလုပ်သား
SHAN -
မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းဖြစ်တဲ့ ထိုင်းနိုင်ငံသည် လုပ်ခလစာ မြင့်မားမှုကြောင့် မြန်မာပြည်သူ အများစု ရွှေ့ပြောင်းနေထိုင် အလုပ်လုပ်ရာ နိုင်ငံတစ်ခု ဖြစ်သည်။ မြန်မာပြည်၏ ရှည်ကြာသည့် ပြည်တွင်းစစ်ကြောင့် လူနေမှုဘဝ အကျပ်အတည်းသည် နိုင်ငံသားများကို ပြည်ပနိုင်ငံသို့ ထွက်ပြီး အလုပ်လုပ်အောင် တွန်းအားပေးသကဲ့သို့ ဖြစ်ခဲ့ကာ ၂၀၂၁ ခုနှစ်...
ဆီဆိုင်မြို့တွင် စစ်ဘေးရှောင်များတိုးလာ စားနပ်ရိက္ခာနှင့်နေရာထိုင်ခင်းလိုအပ်
ကရင်နီပြည်မှ သျှမ်ပြည် ဆီဆိုင်မြို့သို့ စစ်ဘေးတိမ်းရှောင်လာသူများ နေ့စဉ်တိုးလာပြီး စားဝတ်နေရေးနှင့် နေရာထိုင်ခင်းအတွက် အခက်အခဲများဖြစ်ကြောင်း စုံစမ်းသိရသည်။ သျှမ်း-ကရင်နီ ပြည်တကြော မှ "၁၁.၁၁ စစ်ဆင်ရေး"ကြောင့် သျှမ်းပြည် နေရာ အသီးသီးသို့ စစ်ဘေးသိမ်းရှောင်လာသူများ နေ့စဉ်တိုးနေပြီး ဆီဆိုင်မြို့တွင် စားနပ်ရိက္ခာ၊ စောင်၊ အနွေးထည်တွေ နှင့် နေရာထိုင်ခင်များ...





