တောင်ကြီးတွင် ဒေသခံ နေအိမ်များ ဖောက်ထွင်းခံရ၊ ပစ္စည်းများ ပျောက်ဆုံး

သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ် ညို့မီး နှင့် ထီဗွာကျေးရွာရှိ အိမ်များ ဖောက်ထွင်းခံရပြီး ပစ္စည်းအချို့ ခိုးယူခံရကြောင်း ဖောက်ခံရသူ ဒေသခံ အိမ်ရှင်များ ပြောကြားချက်အရ သိရှိရသည်။

ယမန်နေ့ ဒီဇင်ဘာလ (၂၂) ရက်နေ့ နေ့လည် (၂) နာရီကျော်တွင် ညို့မီးရပ်ကွက်နေ ဒေသခံများ နေအိမ်မှာ မရှိသည့်အချိန်တွင် ခြံစောင့်ကျန်နေခဲ့သော ခွေး နှစ်ကောင်ကို အဆိပ်ကျွေးကာ အိမ်ကို ဖောက်ထွင်းပြီး ပစ္စည်းများ ခိုးယူသွားကြောင်း သိရှိရသည်။ ဖောက်ထွင်းသူများမှာ မည်သူ ဖြစ်သည်ကို မသိရှိရသေးကြောင်းလည်း အိမ်ရှင်များမှ ပြောသည်။

“အိမ်ပြန်လာတော့ ခွေးနှစ်ကောင်က အမြုပ်တွေထွက်၊ မြက်ပင်တွေ လိုက်စားထားပြီး လဲနေပြီ၊ သူတို့ကို ပွေ့ပြီး ဆေးခန်း အမြန် ပြေးပို့ရတယ်။ အိမ်ကို စစ်ကြည့်တဲ့အခါမှာ ပါဝါဘန့်ခ်တွေ၊ အသစ်၀ယ်ထားတဲ့ ဖိနပ်တွေ နဲ့ ပုံးထဲအပြည့်ရှိတဲ့ မီးပစ္စည်းတွေ အကုန်ယူသွားတယ်၊ ရောင်းစားဖို့ပဲလို့ ထင်တယ်။ ကျန်တဲ့ ပစ္စည်းတော့ မယူသွားဘူး။ အချိန်မရလို့ ရှာယူချိန် မရှိလိုက်ဘူးလို့ ထင်တယ်။ ကြည့်ရတာ ကျွန်မတို့ နေတဲ့အိမ်ကို စောင့်ကြည့်ထားတဲ့သူ ဖြစ်လောက်မယ်”ဟု အိမ်ရှင် အမျိုးသမီးမှ ပြောပြသည်။

အလားတူ ဖြစ်ရပ်မျိုး ညို့မီးအနီးအနားရွာဖြစ်တဲ့ ထီဗွာကျေးရွာတွင်လည်း အိမ်ဖောက်ထွင်းခံရမှုများမှာ ယခုရက်ပိုင်းအတွင်း သုံးလေးခုထက်မနည်း ရှိနေခဲ့ပြီး တရားခံ မည်သူမည်၀ါဟူ၍လည်း မသိသေးကြောင်း ဒေသခံများမှ ပြောသည်။

“ထီဗွာရွာမှာလည်း ရှေ့ရက်ကပဲ လင်မယားနှစ်ယောက်ပဲ ရှိတဲ့အိမ်ကို ဖောက်သွားတာ။ အဲ့အိမ်မှာ ဆန်နှစ်အိတ်ခွဲ ၀ယ်ထားတာကို ဆန်နှစ်အိတ် ယူသွားတယ်။ အိတ် တစ်၀က်ကတော့ ချန်ပေးခဲ့တယ်။ မနေ့ကလည်း ရွာနားက ကုန်စုံဆိုင်မှာ လူလစ်တုန်း ဖုန်းဘေလ် (၅၀၀၀) တန်ကဒ်တွေ နှိက်သွားတာ တစ်သိန်းခွဲဖိုး ပါသွားတယ်” ဟု ဒေသခံ တစ်ဦးမှ ထပ်လောင်း ပြောပြသည်။

လက်ရှိကာလမှာ ပြည်တွင်းတွင် တရားဥပဒေ စိုးမိုးမှု မရှိသောကြောင့် ပြည်သူများ မလုံခြုံမှုကို ပိုခံစားလာကြရပါသည်။ တစ်ဖက်တွင်လည်း ကုန်စျေးနှုန်းနှင့် စက်သုံးဆီများ စျေးတက်နေသလို ပြည်သူများလည်း အလုပ်အကိုင် ခက်ခဲပြီး စား၀တ်နေရေး ကျပ်တည်းမှုများ တွေ့ကြုံနေရသည်။ ထို့အပြင် မြို့ပြသော်လည်းကောင်း ကျေးရွာအတွင်း သော်လည်းကောင်း နေထိုင်သွားလာရသည်မှာလည်း လုံခြုံမှု မရှိတော့ဘူးပဲ စိုးရိမ်နေရကြောင်း ဒေသခံများမှ ရင်ဖွင့်ပြောကြားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

အေးသာယာတွင် စစ်မှုထမ်းဥပဒေ အကြောင်းပြ ငွေကြေးနှစ်ထပ်ကောက်ခံနေ

0
သျှမ်းပြည် တောင်ကြီးမြို့နယ် အေးသာယာမြို့သစ်တွင် စစ်မှုထမ်းဥပဒေအတွက်ဟုဆိုကာ ငွေကြေးကော်ခံရာ၌ အိမ်ထောင်ခွဲသွားသူများကို နှစ်နေရာခွဲ၍ ငွေတောင်းခံနေသဖြင့် ဒေသခံများ အခက်တွေ့နေရကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။ အေးသယာမြို့ရှိ ရပ်ကွက်အချို့တွင် အိမ်ထောင်စုရင်းဝင် သားသမီးများ အိမ်ထောင်ခွဲသွားသော်လည်း မူလမိဘနေအိမ်တွင် တစ်ကြိမ်၊ အိမ်ထောင်ကျရာ ရပ်ကွက်/ ကျေးရွာတွင် တစ်ကြိမ် စုစုပေါင်း နှစ်နေရာအတွက်...