ကွတ်ခိုင် စစ်ကောင်စီတပ်က TNLA တံဆိပ်ပါစစ်ဝတ်စုံ ဝတ်ဆင်ပြီး အရပ်သား ၁၀ ဦးထက်မနည်း ဖမ်းဆီးသွား

သျှမ်းပြည် ကွတ်ခိုင်မြို့နယ်တွင် စစ်ကောင်စီတပ်က TNLA တံဆိပ်ပါစစ်ဝတ်စုံ ဝတ်ဆင်ပြီး အရပ်သား ၁၀ ဦးထက်မနည်းကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။

ကွတ်ခိုင်မြို့

ဒီဇင်ဘာလ ၂၀ ရက် ညနေ ၅ နာရီဝန်းကျင်တွင် ကွတ်ခိုင်အခြေစိုက် ခလရ-၄၅ မှ စစ်ကောင်စီတပ်သားများသည် TNLA တံဆိပ်ပါစစ်ဝတ်စုံ ဝတ်ဆင်ပြီး ကွတ်ခိုင်မြို့သစ် ရပ်ကွက်(၈)မှ ဟွေကုတ်ကျေးရွာအထိ လမ်းမကြီးတလျှောက်တွင် အရပ်သား ၁၀ ဦးထက်မနည်းကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ကွတ်ခိုင်ဒေသခံများက ပြောသည်။

“ရပ်ကွက် ၈ ကနေ ဟွေကုတ်အထိ လမ်းမကြီးတလျောက်ပေါ့၊ အဲ့မှာ ဝင်ဖမ်းတာ။ အကုန်လုံးက စစ်ကောင်စီက TNLA တံဆိပ်ဝတ်ပြီး ဝင်ဖမ်းတာ။ လမ်းတွေမှာ သစ်စက်ကအပြန် ညနေ ၅ နာရီ မှာ တွေ့တဲ့လူ ၁၀ ယောက်လောက်ကို ဖမ်းသွားတယ်။ သူတို့က TNLA ဝတ်စုံတွေ ဝတ်ထားတာ၊ စစ်ကောင်စီတပ်က TNLA ဝတ်စုံနဲ့ ဖမ်းသွားပြီး စခန်းရောက်မှ သိရတာ”ဟု ကွတ်ခိုင်မြို့မှ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကွတ်ခိုင်မြို့တွင် TNLA တံဆိပ်ပါစစ်ဝတ်စုံ ဝတ်ဆင်ထားသည့် စစ်ကောင်စီတပ်သားများ၏ ဖမ်းဆီးခြင်းခံရသူများတွင် ဟိုကျန့်ကျေးရွာမှ ဦးအိုက်အောင် (၄၀ နှစ်) ၊ ‌ဦးကျော်ထွန်း (၃၀ နှစ်) ၊ ဦးအိုက်ဆမ် (၃၀ နှစ်) ၊ ဦးအိုက်ဆွမ် (၃၅ နှစ်)တို့အပါအဝင် အရပ်သား ၁၀ ဦးထက်မနည်းကို ခလရ-၄၅ တပ်ကုန်းဘက်သို့ ဖမ်းဆီးသွားခဲ့ကြောင်း ကွတ်ခိုင်မြို့မှ ဖြစ်စဉ်သိရှိသူများက ပြောသည်။

“နာမည်သိတဲ့ သူတို့ ၄ ယောက်ကို လူလိုသူလို ဖမ်းသွားတာမဟုတ်ဘဲနဲ့ ဦးအိုက်အောင် ဆိုရင် စုတ်စုတ်ပြတ်ပြတ်နဲ့ အဝတ်အစားတွေ ချွတ်ပြီးတော့ ကြိုးနဲ့ လေးဘက်တုတ်ပြီးတော့ကိုပဲ ရက်ရက်စက်စက် ဖမ်းသွားတယ်။ စုစုပေါင်း အဖမ်းခံရတာ ၁၀ ယောက်။ မန်ထန်က ၂ ယောက်ကတော့ မသိဘူး။ တုန်ဆိမ်က ကောင်မလေးတစ်ယောက်နဲ့ ဗမာလူမျိုးတွေတော့ လွှတ်လိုက်တယ်။ တခြားလူတော့ မလွတ်လာသေးဘူး”ဟု ကွတ်ခိုင်မြို့မှ ၎င်းအမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက လားရှိုးမြို့ရှိ စစ်ကောင်စီတပ်သည် အရပ်သားများကို MNDAA ၊ TNLA နှင့် SSPP တပ်ဖွဲ့တို့၏ စစ်ဝတ်စုံများကို ချူပ်ခိုင်းထားကာ စစ်ကောင်စီတပ်မှ ပြည်သူလူထုများအပေါ် စစ်ရာဇဝတ်မှုများ ကျူးလွန်ပြီး MNDAA နှင့် TNLA တပ်ဖွဲ့များကို စွပ်စွဲရန် ကြံစည်နေသည်ဟု ကိုးကန့်မီဒီယာမှ နိုဝင်ဘာလ ၁၃ ရက်တွင် သတင်းထုတ်ပြန်ထားသည်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...