တောင်ကြီးတွင် MPTလိုင်းများ ညစဥ် ဖြတ်ခံရ

သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့တွင် MPTလိုင်းများ ညစဉ်ညတိုင်း ပြတ်တောက်နေ၍ MPTအသုံးပြုသူများ ဆက်သွယ်ရေး ခက်ခဲပြီး လုပ်ငန်းများလည်း နှောင့်နှေးရကြောင်း ဒေသခံများ ပြောကြားချက်အရ သိရှိရသည်။

တောင်ကြီး စျေး

တောင်ကြီးတွင် ဒီဇင်ဘာလ (၆)ရက်နေ့မှ (၁၉) ရက်နေ့ထိ ညနေ(၅)နာရီ၀န်းကျင်တွင် စတင်ကာ MPTလိုင်းများ ပြတ်တောက်လေ့ရှိပြီး နံနက် (၇)နာရီကျော်၀န်းကျင်တွင် လိုင်းများ ပြန်လည်ရရှိမှုကြောင်း သိရှိရသည်။

“ညတိုင်း MPTတိုင် ပျောက်နေတော့ ဆက်သွယ်ရတာ အခက်အခဲ ဖြစ်တယ်။ ကြားထဲ မီးကလည်း ပျက်သေးတယ်။ တခါတလေ မနက်ပိုင်းလည်း လိုင်းပြတ်တယ်။ အပြင် သွားလာနေရင်း မိုဘိုင်းပိုက်ဆံ အသုံးပြုဖို့လည်း အဆင်မပြေတော့ဘူး။ အလုပ်ဖုန်းမို့ ဖောက်သည်တွေ၊ ဒိုင်တွေဘက်က ဖုန်းဆက်လို့ မရတော့ အလုပ်လည်း နှောင့်နှေးတာပေါ့။ လုပ်ငန်းဖုန်းအနေနဲ့ ထားပြီး လုပ်ကိုင်နေသူတွေဆိုရင် လိုင်းပြတ်တိုင်း အဆင်မပြေဘူး” ဟု ဒေသခံ အမျိုးသားတစ်ဦးမှ ပြောသည်။

တောင်ကြီးမြို့

ညစဥ် လိုင်းဖြတ်ရခြင်း အကြောင်းအရင်းကို ဒေသခံများမှ မေးမြန်းသော်လည်း MPTရုံးမှ ပြောကြားထားခြင်းမရှိသေးဘဲ အဆင်မပြေမှုများကို ဖြေရှင်းပေးပါမည်ဟု ဆိုထားသည်။

တောင်ကြီးတွင် MPTလိုင်းများ ပြတ်တောက်နေသော်လည်း ATOM, Ooredoo, Mytel ကဲ့သို့ အခြား ပြည်တွင်း ဖုန်းဆက်သွယ်ရေး လိုင်းများမှာ ပုံမှန်ရရှိနေပြီး တခါတရံ ATOMလိုင်းများလည်း ပြတ်တောက်တတ်သည်ဟု ဒေသခံများထံမှ သိရှိရသည်။

တောင်ကြီးမြို့ပေါ် ယာဥ်များ သွားလာမှု

တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် သျှမ်း- ကရင်နီ (ကယား) နယ်စပ်ဒေသ အများစုတွင် ဖုန်းလိုင်းများ ဖြတ်တောက်ခံထားရပြီး ဒေသခံများအတွက် ဆက်သွယ်ရေး ခက်ခဲနေပြီး သတင်းအချက်အလက်များ သိရှိရန်လည်း ခက်ခဲနေကြောင်း သိရှိရသည်။

လက်ရှိအချိန်တွင် MPTလိုင်းများ ပုံမှန်ရရှိနေပြီ ဖြစ်သော်လည်း လိုင်းများ မငြိမ်သေးသကဲ့သို့ လိုင်းပြတ်တောက် မှုများ ထပ်မံဖြစ်မည်ကိုလည်း ဒေသခံများမှ စိုးရိမ်လျက်ရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

၂၀၂၆ နဲ့ ၂၀၁၀ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုက ဘာတွေကွာခြားလဲ

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ပေါ်ပေါက်လာပြီးနောက် စစ်ကော်မရှင်ဘက်က စစ်ယူနီဖောင်းချွတ် စစ်အစိုးရ အသွင်ပြောင်းလဲကာ အများမျှော်လင့်ထားသည့်အတိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာသည်။ အလားတူ တော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်၍ အမြန်ဆုံး အောင်ပွဲရယူနိုင်ရန် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းပြီး နိုင်ငံရေးဦးတည်ချက် (၆)...