Friday, May 3, 2024

စစ်ကောင်စီ

စစ်ကောင်စီ နှင့် MNDAA ထိတွေ့တိုက်ပွဲဖြစ်၊ ဒေသခံ တချို့ စစ်ရှောင် ထွက်ပြေးနေရ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးခရိုင် လားရှိုးမြို့နယ်အတွင်းတွင် အာဏာသိမ်း စစ်ကောင်စီ နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တို့ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံ တချို့က စစ်ရှောင် ထွက်ပြေး နေရကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၇ ရက်မှ စတင်ပြီး ယနေ့အထိ...

ကွတ်ခိုင်မြို့နယ်တွင်း စစ်ဆေးရေးဂိတ်များတွင် ကားသမားများကို ငွေပိုပြီး တောင်းခံနေ

သျှမ်းပြည် မူဆယ်ခရိုင် ကွတ်ခိုင်မြို့နယ် နှင့် သီန္နီမြို့နယ်ထဲရှိ စစ်ဆေးရေးဂိတ်များတွင် ကားသမားများထံ ပိုက်ဆံပိုပြီး ကောက်ခံနေလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။ ယခု ၂၀၂၃ ခုနှစ် ဇန်နဝါရီ ပထမပတ် ကစပြီး စစ်ဆေးရေးဂိတ်များတွင် စစ်ကောင်စီဂိတ်အပြင် ကချင်လွတ်မြောက်ရေးတပ်မတော် KIA , PDF တို့ကလည်း လမ်းသွားလာပြည်သူများကို ယခင်နှစ်ထက်...

(PNO/PNA) ပြုလုပ်သည့် စစ်သင်တန်းကို ဒေသခံ လူငယ်များက မလိုလား

သျှမ်းပြည် တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြကျေးရွာအနီးရှိ ပအိုဝ်းပြည်သူ့စစ်တပ်ဖွဲ့ (PNO/PNA) ပြုလုပ်သော ရပ်ရွာလုံခြုံရေး စစ်သင်တန်းကို ဒေသခံလူငယ်များက သဘောမကျကြောင်း စုံစမ်းသိရှိရသည်။ စစ်အာဏာသိမ်းပြီး ၂၀၂၂ မေလမှ စပြီး ပအိုဝ်းပြည်သူ့စစ်တပ်ဖွဲ့ (PNO/PNA) က တစ်အိမ်လျှင် ငွေ ၃ သောင်းနှင့် ဆန်တစ်ပြည်ကို တောင်းခံခဲ့ပြီး...

ရပ်စောက်မြို့နယ် လောင်းကစားဝိုင်းကြောင့် အိမ်ထောင်ကွဲမှုများလာ

သျှမ်းပြည် တောင်ကြီးခရိုင် ရပ်စောက်မြို့နယ် ပင်ဖြစ်ကျေးရွာထဲတွင် လောင်းကစားများကို လွတ်လပ်စွာ ကစားခွင့်ရှိလာသည့် အတွက်ကြောင့် အိမ်ထောင်ကွဲမှုများလာခဲ့ကြောင်း သတင်းရရှိသည်။ ပင်ဖြစ်ကျေးရွာထဲတွင် လောင်းကစားဝိုင်ဖွင့်သူများက စစ်ကောင်စီ နှင့် စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) တို့ကို အခွန်ဆောင်ပြီး လောင်းကစားဝိုင်းကို ဖွင့်ခွင့်ရထားသည့် အတွက်ကြောင့် ပြည်သူများအတွက် ထိခိုက်လာခဲ့ကြောင်းသိရသည်။ “...

နမ့်ဖတ်ကာတွင် သေနတ်ကိုင် ဓားပြတိုက်ခံရ၊ ကား တစ်စီးနှင့် ငွေသားများဆုံးရှုံး

သျှမ်းပြည် မူဆယ်ခရိုင် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာရွာတွင် သေနတ်ကိုင် ဓားပြတိုက်ခံရမှု ဖြစ်ပွားခဲ့ပြီး ကားတစ်စီး နှင့် ငွေသားများ ဆုံးရှုံးမှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၇ ရက် မွန်းလွဲပိုင်း တွင် နမ့်ဖတ်ကာ ကွက် (၄) နယ်မြေဘက်ရှိ နေအိမ်တစ်ခုတွင် သေနတ်ကိုင်ထားသည့်...

လားရှိုး ရပ်ကွက် ၁၂ အတွင်း ၃ ညဆက်တိုက် လုယက်မှုဖြစ်ပွား

သျှမ်းပြည် လားရှိုးခရိုင် လားရှိုးမြို့ ရပ်ကွက် ၁၂ တွင်းတွင် သုံးညဆက်တိုက် လုယက်မှုဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၂၇ ရက်မှစပြီး ဇန်နဝါရီ ၂၉ ရက်ထိ လားရှိုးမြို့ ရပ်ကွက် ၁၂၊ ဝမ်နားရွာတွင် နေထိုင်သည့် ဒေသခံများသည် ၃ ည ဆက်တိုက်...

TNLA တပ်စခန်း နေရာကို စစ်ကောင်စီမှ စစ်ကြောင်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက်

သျှမ်းပြည် လားရှိုးခရိုင် လားရှိုးမြို့နယ်အတွင်းရှိ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (ရမခ) လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ (၅၀၄) သည် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA တပ် စခန်းနေရာကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီ ၂၉) ရက်...

တန့်ယန်းမြို့နယ်တွင်း ဆယ်ကျော်သက် ကလေးများပါ လောင်းကစားဝိုင်းကစားနေ

သျှမ်းပြည် လားရှိုးခရိုင် တန့်ယန်းမြို့နယ် နမ့်ဖတ်လမ်းကျေးရွာထဲတွင် ဆယ်ကျော်သက် ကလေးများ လောင်းကစားဝိုင်းတွင်းသို့ ဝင်ရောက် ဆော့ကစားနေကြောင်း စုံစမ်းသိရှိရသည်။ တရုတ်နှစ်သစ်ကူးပွဲဟု အကြောင်းပြပြီး တန့်ယန်းမြို့နယ် နမ့်ဖတ်လမ်းကျေးရွာထဲ ချယ်ရီတောင်အောက်ဘက်တွင် လောင်းကစားဝိုင်းကို ဖွင့်လှစ်ထားပြီး ဆယ်ကျော်သက် ကလေးများပါ ဝင်ရောက်ကစားနေကြောင်း သိရသည်။ “ အဲ့ဒီ လောင်းကစားဝိုင်းက ချယ်ရီတောနားမှာပဲရှိတာ။...

သီပေါ CDM မူလတန်း ကျောင်းအုပ် ဆရာမ တစ်ဦးကို စစ်ကောင်စီ တပ်သားများ ရိုက်နှက်ဖမ်းဆီးသွား

သျှမ်းပြည် ကျောက်မဲခရိုင် သီပေါမြို့နယ် ဘော်ကြိုကျေးရွာမှ CDM ပြုလုပ်ထားသည့် အခြေခံပညာ မူလတန်း ကျောင်းအုပ် ဆရာမကို စစ်ကောင်စီ တပ်သားတို့မှ ရိုက်နှက် ဖမ်းဆီးသွားကြောင်း သတင်းသိရသည်။ ဘော်ကြို ယမန်နေ့ (ဇန်နဝါရီလ ၂၉) ရက်တွင် ဘော်ကြိုသို့ ဈေးဝယ်လာစဥ် စစ်ကောင်စီတပ်သားတို့က ရိုက်နှက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက...

RCSS စစ်သုံ့ပန်း နှင့် အကျဥ်းသားများကို PSLF/TNLA ဒုတိယအကြိမ် လွှတ်ငြိမ်းချမ်းသာခွင့်ပေး

သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် RCSS/SSA ၏ စစ်သုံ့ပန်း နှင့် တခြား အကျဥ်းသားများကို ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA ) က ဒုတိယအကြိမ် လွှတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်သည့်...

Latest news