လားရှိုး၊ သိန္နီမြို့မှ စစ်ဘေးရှောင်များ ဘေးလွတ်ကင်းရာသို့ထပ်မံ ရွှေ့ပြောင်းနေ

သျှမ်းပြည် လားရှိုးနှင့် သိန္နီမြို့များမှ စစ်ဘေးရှောင်များသည် လားရှိုး-မိုင်းရယ် ကားလမ်းမှတဆင့် ဘေးလွတ်ကင်းရာသို့ ထပ်မံရွှေ့ပြောင်းနေကြကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၃၁ ရက်တွင် လားရှိုးမြို့နယ်ရှိ အီနိုင်းတံတား ဗုံးဖောက်ခွဲ ဖျက်ဆီးခံရပြီးနောက် လားရှိုးမြို့ပေါ်ရှိ ဒေသခံများနှင့် စစ်ဘေးရှောင်များသည် လားရှိုး-မိုင်းရယ် ကားလမ်းမှတဆင့် ဘေးလွတ်ကင်းရာသို့ ထပ်မံရွှေ့ပြောင်းနေကြကြောင်း လားရှိုးဒေသခံများက ပြောသည်။

“လားရှိုးမှာ တကယ်လို့ ရုတ်တရက် စစ်ဖြစ်လာရင်တောင် လူကြီးနဲ့ကလေးတွေကို ခေတ္တရှောင်ထားခိုင်းတဲ့သဘောပေါ့။ တပ်နဲ့နီးတဲ့လူတွေကတော့ ကြိုရှောင်နေတာပေါ့။ သိန္နီကနေ လာတာကတော့ နီးစပ်ရာ ဆွေမျိုးတွေဆီပဲ သွားကြတာများပါတယ်။ လားရှိုးမှာက ၁၀ ပုံ ၂ ပုံလောက်က ထွက်သွားကြပြီ။ အခုလည်း မိုင်းရယ်ဘက် တစ်လမ်းပဲရှိတော့ တောင်ကြီး၊ မန္တလေးဘက်ကို သွားချင်ရင်လည်း ဒီဘက်ပဲသွားကြရတာ”ဟု လားရှိုးမြို့မှ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယမန်နေ့ (ဇန်နဝါရီ ၂ ရက်)တွင်လည်း လားရှိုးမြို့ ကောင်းခါးရွာအနီးရှိ ဝမ်နားနှင့် ဖိုင်တောင်းကျေးရွာတို့တွင် စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ်တပ်တို့ နှစ်ဘက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ရာ ဒေသခံများမှာ စိုးရိမ်ထိတ်လန့်ပြီး အနီးအနားရှိ မိုင်းရယ်မြို့သို့လည်းကောင်း၊ လားရှိုး-မိုင်းရယ်လမ်းမှတဆင့် တောင်ကြီး၊ မန္တလေးမြို့များသို့ ထပ်မံရွှေ့ပြောင်းနေကြကြောင်း လားရှိုးဒေသခံများထံမှ သိရသည်။

မိုင်းရယ်

“တချို့လည်း မိုင်းရယ်ဘက်မှာ အိမ်ငှားနေဖို့ လာရှာကြတာတွေ ရှိတယ်။ အရေအတွက်ကတော့ ဘယ်လောက်ရှိလဲ မသိဘူး။ အလံဖြူထောင်ပြီးတော့ အထုပ်အပိုးတွေ အများကြီးနဲ့ လာကြတာ ရှိတယ်။ အိမ်စီးကား ကိုယ်ပိုင်ကားအများစုပေါ့၊ တခါလာရင် ၇ စီး ၈ စီး အဲ့လိုအုပ်စုနဲ့လာတယ်။ လားရှိုးက အီနိုင်းတံတား ကျိုးပြီးနောက်တော့ တခြားလမ်းသွားလို့မရတာနဲ့ ဒီဘက်လမ်းကတော့ ပုံမှန်ထက် အသွားအလာ ပိုများလာတယ်”ဟု ကားဖြင့် ထပ်မံတိမ်းရှောင်လာသည့် စစ်ဘေးရှောင်အခြေအနေကို မိုင်းရယ်မြို့မှ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် လားရှိုးမြို့မှ အခြားမြို့များသို့ ဆက်သွယ်သွားလာနိုင်ရန် လားရှိုး-နမ့်ပေါင်-မိုင်းရယ် ကားလမ်းတစ်လမ်းတည်းသာ ကျန်ရှိတော့ပြီး လားရှိုး-သီပေါကြားရှိ စဉ့်အင်တံတားနှင့် လားရှိုး-နမ္မတူအကြား ဆက်သွယ်ထားသည့် အီနိုင်းတံတားတို့မှာ ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက ဖျက်ဆီးခဲ့ရသည်။

“နမ့်ပေါင်တံတား ကျိုးရင်တောင်မှ တံတားတွေ ထပ်ရှိသေးတယ်။ ကျောက်မီးသွေးကားတွေ ကြံကားတွေသွားတဲ့လမ်းမှာ နမ့်မချောင်းကော နမ့်ပေါင်ချောင်းကော အောက်ဘက်မှာ တံတားတွေ ထပ်ရှိသေးတယ်။ စိတ်ပူစရာတော့ မရှိဘူး၊ လမ်းတွေပေါက်ပါတယ်။ မိုင်းရယ်ဘက်မှာတော့ ပုံမှန်အတိုင်းပဲ၊ ဘာမှမထူးခြားသေးဘူး”ဟု မိုင်းရယ်မြို့မှ ၎င်းဒေသခံအမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

ဒီဇင်ဘာလ ဒုတိယပတ်အတွင်းက စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်သည် လားရှိုးမြို့သို့ လာရောက်ပြီးနောက် လားရှိုးမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များကို ဘုန်းကြီးကျောင်း ၁ ကျောင်းနှင့် ခရစ်ယာန်ဘုရား‌ကျောင်း ၁ ကျောင်းတို့တွင်သာ စုစည်းထားရှိရန် ညွှန်ကြားလာသည်။

ထို့ပြင် စစ်ဘေးရှောင်အများစုတွင် တိုက်ပွဲကြား နေရပ်ပြန်သူနှင့် အခြားဒေသသို့ ဆက်လက်တိမ်းရှောင်သွားသူများလည်း ရှိနေကြောင်း လားရှိုးမြို့ရှိ စစ်ဘေးရှောင်ကူညီသူများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

လားရှိုးမြို့တွင်း ရှော့တိုက်ဒုံးကျပေါက်ကွဲပြီးနောက် ဒေသခံများ တိုက်ပွဲပြန်ဖြစ်မည်ကို စိုးရိမ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့ပြီးနောက် စစ်ကော်မရှင် တပ်နှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာနိုင်မည်ကို ဒေသခံများ စိုးရိမ်နေကြကြောင်း သိရသည်။ လားရှိုးမြို့ အတွင်း ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲပြီးနောက် ပြည်သူများသည် စက်သုံးဆီနှင့် အခြေခံစားသောက်ကုန်များကို အလျင်အမြန် ဝယ်ယူစုဆောင်းနေကြကြောင်း လားရှိုးမြို့...

လားရှိုးမြို့ ရှော့တိုက်ဒုံး ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဇူလိုင် ၉ ရက်) ယနေ့ ညနေ ၅ နာရီဝန်းကျင်တွင် လားရှိုးမြို့ ရပ်ကွက် (၆) နှင့် ရပ်ကွက် (၁၀) အတွင်းသို့...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...