KIA နှင့် PDF တို့ ပူးပေါင်းပြီး မိုးမိတ်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်

သျှမ်းပြည် မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ် အတွင်းတွင် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ နှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA ပူးပေါင်းတပ်ဖွဲ့၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့က တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း စုံစမ်းသိရသည်။

မိုးမိတ်မြို့နယ်

ယမန်နေ့ ( ဇန်နဝါရီလ ၁) ရက်န နံနက်ပိုင်း ၆ နာရီခွဲ ဝန်းကျင် အချိန်တွင် မိုးမိတ်မြို့နယ်၊ မန်ပတ်ကျေးရွာအနီးရှိ စစ်ကောင်စီ တပ်စခန်းကို KIA တပ်နှင့် ပူးပေါင်းတပ်ဖွဲ့ PDF တို့က ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်လိုက်ကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနက် ၆ နာရီခွဲဝန်းကျင်လောက်မှာ လက်နက်ကြီး အသံတွေ စတင်ထွက်ပေါ်ခဲ့တယ်။ ပြီးတော့ သေနတ် နဲ့ အချင်းချင်းပစ်ခတ်သံတွေပေါ့၊ အဲ့ဒီတပ်စခန်းက လူလည်း သိပ်မရှိတော့ တိုက်ပွဲလည်း မကြာဘူး။ ၁၁ နာရီဝန်းကျင်လောက်မှာ တိုက်ပွဲအသံငြိမ်သွားပြီး အဲ့တပ်စခန်းကိုလည်း KIA/PDF က သိမ်းနိုင်ခဲ့တယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ မန်ပတ် စစ်ကောင်စီ တပ်စခန်း သိမ်းတိုက်ပွဲကြောင့် လူသေထိခိုက်မှုများ ရှိသည့်အပြင် အသက်ရှင် ကျန်ရစ်သည့် စစ်ကောင်စီ တပ်သားများကိုလည်း KIA / PDF ပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်း ထားကြောင်းလည်း သိရသည်။

မန်ပတ်ကျေးရွာအနီးရှိ စစ်ကောင်စီ တပ်စခန်း သိမ်းပိုက်ခံရပြီးနောက် ယနေ့ ဇန်နဝါရီလ ၂ ရက်နေ့ မနက်ပိုင်း ၉ နာရီဝန်းကျင်တွင် စစ်ကောင်စီ မှ စစ်ရဟတ်ယာဥ်ဖြင့် မန်ပတ်ကျေးရွာ အနီးတစ်ဝိုက် ဗုံးကြဲ တိုက်ခိုက်မှု ထပ်မံ ပြုလုပ်လာကြောင်းလည်း ၎င်းက ဆက်လက်ပြောသည်။

“လေယာဥ်နဲ့ ၅ လုံးလောက် ဗုံးတွေ ကြဲချသွားတယ်။ မြေပြင်တိုက်ပွဲတော့ မရှိဘူး။ အခုဆို မိုးမိတ်မြို့တွင်းက ဆိုင်တွေ ပိတ်ထားကြကုန်ပြီ။ တချို့လည်း စစ်ရှောင်ထွက်ပြေးကြတာပေါ့။ တော်တော်များများက အိမ်တံခါးပိတ်ပြီး အခြေအနေကို စောင့်ကြည့်နေတာ၊ မြို့ထဲ တိုက်ပွဲဖြစ်လာရင် စစ်ရှောင်ရမှာပဲ” ဟု အထက်ပါ ပုဂ္ဂိုလ်က သျှမ်းသံတော်ဆင့်ကို ပြောသည်။
လက်ရှိ အချိန်တွင် မိုးမိတ်မြို့ ဒေသခံများ အနေဖြင့် တိုက်ပွဲ ပိုမိုပြင်းထန်လာပါက စစ်ရှောင်ထွက်ပြေးရန် အတွက် နေရာထိုင်ခင်း နှင့် စားသောက်ရေး အတွက် စိုးရိမ်ပူပန်ရသည့်အပြင် ထွက်ပြေးရမည့် လမ်းကြောင်းများအတွက်လည်း အခက်အခဲရှိနေကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလနှောင်းပိုင်းတွင်လည်း မိုးမိတ်မြို့ နယ် နမ့်ရှီးရွာ နှင့် နမ့်ပုတ်ရွာ အနီးဖြစ်ပွားသည့် အာဏာသိမ်း စစ်ကောင်စီ နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် KIA ပူးပေါင်းတပ်ဖွဲ့ PDF တို့ တိုက်ပွဲကြောင့် စစ်ရှောင်ထွက်ပြေးရသည့် မိုးမိတ်မြို့ ဒေသခံ ၃၀၀ ကျော်အနက် အချို့ကလည်း နေရပ်မပြန်နိုင်သေးကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မူဆယ်-နမ့်ခမ်းလမ်း KIA စစ်ဆေးရေးဂိတ်တွင် ကားဘီးခွန် ကောက်ခံနေ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် ( KIA ) စစ်ဆေးရေးဂိတ်တွင် နေ့စဉ်ဖြတ်သန်းသွားလာနေသည့် ကားဘီးခွန် ကောက်ခံ နေကြောင်း သတင်း ရရှိသည်။ ပြီးခဲ့သည့် ဇူလိုင် ၂ ရက်တွင် မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ နမ့်လျှန်ကျေးရွာ အနီးတွင် KIA စစ်ဆေးရေးဂိတ်ကို...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...