လွိုင်ကော်မြို့ စစ်ကောင်စီမှ ပြည်သူပိုင်ပစ္စည်းများ ခိုးယူ၊ နေအိမ်များကို မီးရှို့ဖျက်ဆီးနေဟုဆို

ကရင်နီပြည် လွိုင်ကော်မြို့တွင် စစ်ကောင်စီ အဖွဲ့၀င်များမှ ဒေသခံနေအိမ်များ နှင့် ဆိုင်ခန်းများသို ဖောက်ထွင်း၀င်ရောက်ပြီး ပစ္စည်းများကို ခိုးထုတ်သယ်ယူသည့်အပြင် နေအိမ်များကို အရပ်၀တ်များဖြင့် လိုက်လံ မီးရှို့ ဖျက်ဆီးနေကြောင်း JOBS For Kayahနှင့် Kayah Assistant Teamမှ ဖော်ပြချက်များအရ သိရှိရသည်။

လွိုင်ကော်မြို့တွင်း မီးရှို့ခံရသည့်အိမ်

“၁၁.၁၁ စစ်ဆင်ရေး” ဖြစ်ပွားပြီးနောက် လွိုင်ကော်မြိုအတွင်း စစ်ကောင်စီဘက်မှ လက်နက်ကြီး၊ လေကြောင်းလမ်းများဖြင့် ပြင်းထန်စွာ တိုက်ခိုက်မှုကြောင့် ဒေသခံများ မြို့လုံးကျွတ်နီးပါး တိမ်းရှောင် ထွက်ပြေးနေရသည်။

ထို့နောက်ပိုင်းတွင် မြို့ထဲရှိ လူနေအိမ်မှ ကျန်ရှိပစ္စည်းများကို ခိုးယူခံရမှုများ ဆက်တိုက်ရှိနေပြီး ခိုးထုတ်သူများထဲတွင် ရဲများနှင့် စစ်ကောင်စီတပ်ဖွဲ့၀င်များ ပါ၀င်နေကြောင်း သိရှိရသည်။

“ကျနော်တို့မရှိတဲ့ ရပ်ကွက်တွေဘက်မှာ စကစကနေ ပြည်သူ့နေအိမ်၊ ဆိုင်ခန်းတွေကို ကားနဲ့ တင်ဖောက်ပြီး ခိုးနေတာရှိတယ်။ အမှတ် ၉၄၂ စခဗိုလ်ကြီး ရှိုင်းထက်အောင်နဲ့ မြို့မရဲစခန်းက ရဲတွေ ဦးစီးပြီး ဒကစထဲကို သူခိုးတွေနဲ့ပေါင်း သယ်ထုတ်နေတယ်။ လက်နက်ကြီး၊ လေယာဥ်ဗုံးတွေကြောင့် ပြည်သူ့ပစ္စည်းတွေ ပျက်စီးတာထက် သူခိုးကြောင့်က အဆိုးဆုံးပဲ” ဟု ၎င်းမှ ပြောထားသည်။

လွိုင်ကော်မြို့တွင်း မီးရှို့ခံရသည့်အိမ်

ဖောက်ထွင်းခိုးယူခံထားရသော အိမ်အချို့တွင် စစ်ကောင်စီမှ တော်လှန်ရေး ရဲဘော်များ ပြုလုပ်ထားသယောင် စာများ ရေးခဲ့ပြီး ပြည်သူများ အမြင်မှားအောင် စွပ်စွဲထားမှုများလည်း ရှိနေသည်ဟု ဆိုသည်။

ဆက်လက်ပြီး လွိုင်ကော်မြို့တွင်း တော်လှန်ရေးတပ်ဖွဲ့များ ၀င်ရောက် တပ်စွဲ နေထိုင်နေရချိန်အတွင်း လိုအပ်သည့် ပစ္စည်းများကို ဒေသခံများမှ ယူသုံးခွင့်ပေးသော်လည်း တော်လှန်ရေး ရဲဘော်များမှာ စားစရာမှလွဲ၍ အခြားပစ္စည်းများ ယူဆောင်ခြင်း မရှိပါဟုလည်း ဖော်ပြထားသည်။

“ကျနော်တို့ မြိုထဲဝင်တာ စခတွေကို မောင်းထုတ်ဖို့ဝင်လာတာ။ ပစ္စည်းယူဖို့ မဟုတ်ဘူး။ စိတ်ဝမ်းမကွဲစေချင်ဘူး။ တော်လှန်ရေးတပ်ဖွဲတွေကိုလည်း စစ်ကောင်စီရဲ့ ရုံးဌာန ပစ္စည်းတွေကလွဲရင် မယူဖို့၊ ပြည်သူပိုင် ပစ္စည်းတွေ မထိကြဖို့ တင်းကြပ်ထားပြီး တပ်ရင်း တပ်ဖွဲတာဝန်ရှိသူတွေက အတတ်နိုင်ဆုံး ကြပ်မတ် ထိန်းသိမ်းနေကြပါတယ်” ဟု JOBS For Kayahက ဆက်ပြောထားသည်။

စစ်ကောင်စီမှ တပ်စွဲထားသော လွိုင်ကော် အကျဥ်းထောင်ကို တော်လှန်ရေးအင်အားစုများက ဒီဇင်ဘာ (၁၆)ရက်နေ့တွင် ဝင်ရောက်တိုက်ခိုက်၍ စစ်သား(၄၀)ခန့် သေဆုံးပြီးနောက်ပိုင်း လွိုင်ကော်မြို့ရှိ နေအိမ်များကို စစ်တပ်နှင့် ရဲများက အရပ်ဝတ်ဖြင့် မီးရှို့ဖျက်ဆီးခြင်း၊ မီးလောင်ဗုံးဖြင့် ပစ်ခတ်ခြင်းများ နေ့စဥ်လုပ်ဆောင်လျက် ရှိပြီး ဒေသကွပ်ကဲမှုစစ်ဠာနချုပ်အနီး ရပ်ကွက်ရှိ နေအိမ်နှင့် ဆိုင်ခန်းများကို တော်လှန်ရေးတပ်များ အကာကွယ်ယူမရစေရန် မီးရှို့၊ စက်ဖြင့် ထိုးကော်မှုများလည်း ပြုလုပ်ကြောင်း ဖော်ပြထားသည်။

ထို့အပြင် ခိုးယူပြီး နေအိမ်များကိုလည်း စစ်ကောင်စီမှ မီးရှို့ဖျက်ဆီးခဲ့ပြီး ထိုနေအိမ်များကြားတွင် နင်းမိုင်း၊ တိုက်မိုင်းများ ခင်းထားကြောင်းလည်း သိရှိရသည်။

လက်ရှိအချိန်အတွင်း လွိုင်ကော်တွင် စစ်ကောင်စီမှ နေ့စဥ်ရက်ဆက် လေကြောင်းဖြင့် တိုက်ခိုက်မှုများ ပြုလုပ်နေပြီး စစ်ကောင်စီမှ ပြုလုပ်ထားသော မိုင်း နင်းမိ၍ ပစ္စည်း ပြန်ဝင်သယ်သူ ပြည်သူများ ထိခိုက်ဒဏ်ရာ ရမှုများ ရှိနေကြောင်းလည်း ထပ်မံသိရှိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...