Thursday, April 25, 2024

ကျောက်မဲမြို့

ကျောက်မဲမြို့နယ် သျှမ်းနှစ်သစ်ကူးပွဲတော်ထဲ လောင်းကစားဝိုင်းများပါရှိ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ကုန်းသာကျေးရွာတွင် ပြုလုပ်သည့် ၂၁၁၇ သျှမ်းနှစ်သစ်ကူးပွဲတော်တွင် လောင်းကစားဝိုင်းများ ပါဝင်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် နိုဝင်ဘာ ၂၄ ရက်မှစပြီး လက်ရှိအချိန်ထိ ကုန်းသာကျေးရွာထဲတွင် သျှမ်းနှစ်သစ်ကူးပွဲ ပြုလုပ်နေပြီး လောင်းကစားပါရှိကြောင်း ကျောက်မဲ ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “ သူတို့ သျှမ်းနှစ်သစ်ကူးနဲ့ပွဲထဲမှာ လောင်းကစားဝိုင်းတွေထည့်ပြီးလုပ်နေတာ။...

ကျောက်မဲမြို့နယ်ရှိ ကျွဲများ မကြာခဏ ပျောက်ဆုံးမှု ရှိနေ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် နမ့်မန်းကျေးရွာအုပ်စုရှိ ဒေသခံများ၏ ကျွဲများ မကြာခဏ ပျောက်ဆုံးမှု ရှိနေကြောင်း စုံစမ်း သိရှိရသည်။ ကျောက်မဲမြို့သို့ (၁) နှစ်ကျော်ကြာ စစ်ဘေးတိမ်းရှောင်နေသည့် နမ့်မန်းကျေးရွာမှ ဒေသခံ၏ ကျွဲလေးကောင် ပျောက်ဆုံးနေပြီး ယနေ့အချိန်အထိ အစအန မသိရသေးကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံအမျိုးသား...

စစ်ကောင်စီ၏ ဌာနဆိုင်ရာများထံ ကျပ်သိန်းရာဂဏန်းပေးပြီး လောင်းကစားဝိုင်းဖွင့်လှစ်နေ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့ နယ်နှင့် ကျောက်မဲမြို့နယ်အတွင်း ဖွင့်လှစ်သည့် လောင်းကစားဝိုင်းများသည် စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာများထံ တစ်လ ကျပ်သိန်းပေါင်းများစွာပေးပြီး ဖွင့်လှစ်နေကြသည်ဟု စုံစမ်းသိရှိ ရသည်။ ကျောက်မဲမြို့မှ သီပေါမြို့ အဝင် ပြည်ထောင်စုလမ်းမ ပေါ်ရှိ စံဖိတ်ကျေးရွာအုပ်စု စံဖိတ်ရွာမ တွင်ဖွင့်လှစ် ထားသည့် လောင်းကစားဝိုင်း၊...

ကျောက်မဲမြို့နယ်ရှိ စစ်ဘေးရှောင်များ ဈေးသွားစဥ် ငွေကြေး ခြိမ်းခြောက်တောင်းခံရ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် နမ့်မန်းကျေးရွာအနီးရှိ စစ်ဘေးရှောင်များ စျေးသွားရောင်းစဥ် လမ်းတစ်ဝက် အရောက်တွင် ရဲယောင်ဆောင်သည့် လူတစ်စုက ငွေကြေးလိမ်လည် တောင်းခံခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် အောက်တိုဘာ ၂၁ ရက်၊ နံနက် ၂ နာရီ ဝန်းကျင်အချိန်တွင် နမ့်မန်းရွာမှ စစ်ဘေးရှောင် ရွာသား ၄...

ကျောက်မဲမြို့ အမျိုးသားတစ်ဦး ၃ ရက်ကြာ ပျောက်ဆုံးနေ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ရှိ အမျိုးသားတစ်ဦး (၃) ရက်ကြာ ပျောက်ဆုံးသဖြင့် မိသားစုဝင်များ စိုးရိမ်နေကြောင်း စုံစမ်းသိရှိရသည်။ ပျောက်ဆုံးသွားသူ အသက် (၃၀) ဝန်းကျင်ခန့်ရှိ စိုင်းဝင်းထက် (ခ) သားကြီးသည် အောက်တိုဘာ (၁၅) ရက်နေ့ နေ့လည် ၂ နာရီ ဝန်းကျင်က ငါးဖမ်းရန်အတွက်...

ကျောက်မဲမြို့နယ်စစ်ရှောင်များ ယခုနှစ်ကုန်ပိုင်းမှ နေရပ်သို့ ပြန်မည်ဟု တောင်းဆို

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် သျှမ်းစာပေ နှင့် ယဉ်ကျေးမှု ခန်းမမှ စစ်ရှောင်များ နှင့် မိုင်းငေါ့မြို့နယ်ခွဲ အတွင်းရှိ စစ်ရှောင်များ (၅၀၀၀) ခန့်သည် ယခုနှစ်ကုန်ပိုင်းမှ နေရပ်သို့ ပြန်မည်ဟု တောင်းဆိုလာကြောင်း သိရှိရသည်။ အောက်တိုဘာလ ပထမပတ်တွင် စစ်ရှောင်ကူညီရေး ကော်မတီများ နှင့် စစ်ရှောင်များက...

ကျောက်မဲမြို့နယ် တစ်နှစ်ကျော်ကြာ မြေမြှုပ်မိုင်းနင်းမိသူတစ်ဦး ခွဲစိတ်ကုသရန် ငွေကြေးခက်ခဲနေ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ပန်ဟူကျေးရွာအုပ်စု ပန်တောင်ကျေးရွာဒေသခံ တစ်ဦးသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်ကတည်းက မြေမြှုပ်မိုင်းနင်းမိပြီး လက်ရှိအချိန်ထိ ခွဲစိတ်ကုသမှု မပြုလုပ်ရသေးကြောင်း စုံစမ်းသိရှိရသည်။ မြေမြှုပ်မိုင်းနင်းမိသည့် အမျိုးသား လုံးအိန္တဂ သည်  အသက် (၅၀) ဝန်းကျင်ရှိပြီး ၂၀၂၁ ခုနှစ်ကတည်းက တောထဲ နွားသွားရှာရင်း...

ကျောက်မဲမြို့နယ်က အမျိုးသမီး မိုင်းနင်းမိ ဒဏ်ရာပြင်းထန်ရ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့တွင် ဝါးသွားခုတ်သည့် အမျိုးသမီး တစ်ဦးမှ မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားကြောင်း သတင်းသိရသည်။ ယမန်နေ့ အောက်တိုဘာလ ၄ ရက် နံနက် ၉ နာရီခွဲ ဝန်းကျင်တွင် ကျောက်မဲမြို့နယ် တင်းလုံရွာ အရှေ့ဘက် ခြမ်းရှိ ရွာနားစပ် တောအုပ်ထဲ၌...

ကျောက်မဲမြို့ အရက်မူးလွန်ပြီး သေနေသည့် အလောင်းတွေ့

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ရပ်ကွက် (၇) ရှိ ဂေါက်ကွင်းထဲတွင် အရက်မူးလွန်ပြီး သေနေသည့် အလောင်းတစ်လောင်း တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။ စက်တင်ဘာ ၃၀ ရက် ည ၆ နာရီဝန်းကျင်အချိန်တွင် ဂေါက်ကွင်းထဲမှာ အသက် (၄၀) နီးပါးအရွယ်ခန့် အမျိုးသားတစ်ဦး၏ အလောင်းကို တွေ့ရှိခဲ့ကြောင်း...

ကျောက်မဲမြို့တွင်း TNLA လူဖမ်းဆီးပြီးနောက် ညမထွက်ရ အမိန့် ထုတ်ပြန်လာ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) မှ ကျောက်မဲမြို့ အခွန်လွတ်ဈေးဘက်ရှိ လက်ဘက်ရည်ဆိုင်အတွင်း လူဝင်ဖမ်းဆီးမှု ပြုလုပ်ပြီးနောက် စစ်ကောင်စီမှ ညမထွက်ရအမိန့် ထုတ်ပြန်လာကြောင်း သတင်းသိရသည်။ ယမန်နေ့ (စက်တင်ဘာ ၁၉) ရက် ည ၇ နာရီဝန်းကျင်တွင်...

Latest news