Wednesday, May 1, 2024

ကျောက်မဲမြို့နယ် ဓာတ်တိုင်ပေါ် လျှပ်စစ်သွယ်သည့်အမျိုးသား ပြုတ်ကျသေဆုံး

Must read

သျှမ်းပြည် ကျောက်မဲမြို့နယ် လုပ်ပါကျေးရွာတွင် အမျိုးသားတစ်ဦး ဓာတ်တိုင်ပေါ်တက်ပြီး လျှပ်စစ်မီးသွယ်တန်းပေးနေစဉ် မတော်တဆ ပြုတ်ကျပြီး သေဆုံးသွားခဲ့ကြောင်း လူမှုကူညီရေးအသင်းထံမှ သိရသည်။

ယမန်နေ့ (အောက်တိုဘာလ ၃ ရက်) ည ၃ နာရီတွင် ကျောက်မဲမြို့နယ် လုပ်ပါကျေးရွာ၊ ပုံဝိုးသွားလမ်းပေါ် ရှိ ပြောင်းပွဲရုံတစ်ရုံတွင် အမျိုးသားတစ်ဦးသည် ဓာတ်တိုင်ပေါ်သို့ တက်ပြီး လျှပ်စစ်မီး သွယ်တန်းပေးနေစဉ် မတော်တဆ ပြုတ်ကျပြီး သေဆုံးသွားခဲ့ကြောင်း ၎င်းကိုသွားရောက်ကူညီခဲ့သည့် ကမ်းလင့်လက်များ လူမှုကူညီရေးအသင်းမှ တာဝန်ခံတစ်ဦးက ပြောသည်။

“၁၂ ပေ အမြင့်ပေါ်က ပြုတ်ကျပြီး သတိလစ်သွားတာ။ ဆေးရုံရောက်တော့ ဆုံးသွားတယ်။ ခေါင်းနဲ့ ပြုတ်ကျပြီး ဇက်ကျိုးသွားတယ်လို့တော့ ဆရာဝန်က ပြောတယ် “ ဟု ၎င်း လူမှုကူညီရေးအသင်းမှ တာဝန်ခံတစ်ဦးက ပြောသည်။

အဆိုပါ အမျိုးသားတစ်ဦးကို ကမ်းလင့်လက်များ လူမှုကူညီရေးအသင်းမှ သွားရောက်ကူညီပြီး ကျောက်မဲပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သော်လည်း ဒဏ်ရာပြင်းထန်သောကြောင့် သေဆုံးသွားခဲ့ကြောင်း ဆိုသည်။

Leave a Comments

- Advertisement -spot_img

Latest article