Wednesday, January 28, 2026

ကျောက်မဲမြို့နယ်

ကျောက်မဲမြို့နယ်ရှိ SSPP စခန်းချနေရာကို TNLA တိုက်ခိုက်

သျှမ်းပြည် ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာအုပ်စုအနီးရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA စခန်းချနေရာကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည် ဇွန်လ နောက်ဆုံးပတ်တွင် TNLA တပ်ဖွဲ့က ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာအုပ်စု ရဲစခန်းအနီးရှိ SSPP တပ်စခန်းကို ပြောင်းရွှေ့ခိုင်းခဲ့ရာ နှစ်ဘက်တင်းမာမှု...

ကျောက်မဲနှင့် သီပေါတွင် လက်နက်ကြီး၊ လက်နက်ငယ် ထိမှန်မှုကြောင့် အရပ်သား (၄) ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရ

သျှမ်းပြည် ကျောက်မဲနှင့် သီပေါမြို့တို့တွင် စစ်ကောင်စီတပ်နှင့် TNLA တပ်ဖွဲ့တို့၏ နှစ်ဘက်တိုက်ပွဲကြား လက်နက်ကြီး၊ လက်နက်ငယ် ထိမှန်မှုကြောင့် အရပ်သား (၄) ဦး သေဆုံးပြီး အရပ်သား ၅ ဦး ဒဏ်ရာရကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁ ရက်) ညနေ ၆...

ကျောက်မဲမြို့စစ်ဘေးရှောင် ၃ ဦး ပလောင်စကားမတတ်လို့ TNLA ပစ်သတ် ဗီဒီယိုဖိုင်အမှား

ချင်းပြည်နယ်မှ ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ် ဗီဒီယိုဖိုင်ကိုအသုံးပြုပြီး ကျောက်မဲမြို့ ဘုန်းကြီးကျောင်းမှာ စစ်ဘေးရှောင်နေတဲ့ စစ်ရှောင် ၃ ဦးကို ပလောင်စကားမတတ်ဟုဆိုကာ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ပစ်သတ်ခဲ့တယ်လို့ သတင်းအမှားဖြန့်ချိနေပါတယ်။ စစ်ကောင်စီကို ထောက်ခံတဲ့ တယ်လီဂရမ်ချယ်နယ် Ka Ka Han အကောင့်ကနေ ဖြန့်ချိခဲ့ပြီး“ကျောက်မဲမြို့ ဘုန်းကြီးကျောင်းမှာ...

ကျောက်မဲ စစ်ဘေးရှောင် ၁၂,၀၀၀ ကျော်အတွက် စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေ

သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင် ၁၂,၀၀၀ ကျော်အတွက် စားနပ်ရိက္ခာ အကူအညီ အရေးပေါ် လိုအပ်နေကြောင်း စုံစမ်းသိရသည်။ ဇွန်လ ၂၅ ရက်နေ့က ကျောက်မဲမြို့နယ်တွင် စတင်ခဲ့သည့် စစ်ကောင်စီတပ်နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့၏ နှစ်ဘက်တိုက်ပွဲ တစ်ပတ်အတွင်း မြို့ပေါ်ရပ်ကွက်များသို့ လက်နက်ကြီးကျည်...

ကျောက်မဲ စစ်ကောင်စီလေကြောင်းဗုံးကြဲမှုကြောင့် ဟိုတယ်နှင့် အရပ်သားနေအိမ် ၂၀ လုံးထက်မနည်း မီးလောင်ပျက်စီး

သျှမ်းပြည် ကျောက်မဲမြို့ပေါ်သို့ စစ်ကောင်စီတပ်မှ ညသန်းခေါင်အချိန် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ဟိုတယ်နှင့် အရပ်သားနေအိမ် ၂၀ လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇွန်လ ၃၀ ရက်) ည ၁၁ နာရီခွဲခန့်တွင် ကျောက်မဲမြို့ ရပ်ကွက်(၁) ပင်လုံလမ်းမကြီးပေါ်ရှိ One Love ဟိုတယ်အနီးသို့...

ကျောက်မဲ မိသားစုလိုက် လက်နက်ကြီး ထိမှန်သေဆုံးမှု မြှင့်တက်

သျှမ်းပြည် ကျောက်မဲမြို့တွင် စစ်ကောင်စီနှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့၏ နှစ်ဘက်တိုက်ပွဲအကြား လက်နက်ကြီးကြောင့် မိသားစုလိုက် ထိမှန်သေဆုံးမှု မြှင့်တက်နေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇွန်လ ၂၉ ရက်) နံနက် ၉ နာရီကျော်တွင် ကျောက်မဲမြို့ ရပ်ကွက်(၈)ရှိ အထက-(၁) ကျောင်းရှေ့တွင် စစ်ကောင်စီတပ်မှ...

ကျောက်မဲမြို့ပေါ် လေကြောင်းဗုံးကြဲခံရမှုကြောင့် ပြည်သူထောင်နှင့်ချီ နီးစပ်ရာ ထွက်ပြေးတိမ်းရှောင်

သျှမ်းပြည် ကျောက်မဲမြို့ပေါ်သို့ စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲ တိုက်ခိုက်နေခြင်းကြောင့် ဒေသခံပြည်သူ ထောင်နှင့်ချီ ဘေးလွတ်ကင်းရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စုံစမ်းသိရသည်။ ဇွန်လ ၂၅ ရက်နေ့မှ စတင်ပြီး ကျောက်မဲမြို့အနီးရှိ စစ်ကောင်စီတပ်စခန်းများကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA မှ ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိရာ စစ်ကောင်စီတပ်မှ မြို့ပေါ်သို့ နေ့ရောညပါ...

ကျောက်မဲ ‌လေယာဉ်ဗုံးကြဲမှုကြောင့် တစ်ရက်တည်း အရပ်သား ၇ ဦးအထက် သေဆုံး

သျှမ်းပြည် ကျောက်မဲမြို့ပေါ်သို့ စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် တစ်ရက်တည်း အရပ်သားထိခိုက်သေဆုံးသူ ၈ ဦးခန့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇွန်လ ၂၇ ရက်) ည ၇ နာရီခွဲခန့်တွင် စစ်ကောင်စီမှ လေ‌ယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ကျောက်မဲမြို့ ရပ်ကွက် (၈)တွင် ၄ဦး၊...

ကျောက်မဲမြို့ စစ်ဘေးရှောင် ထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် စစ်‌ေကာင်စီနှင့် TNLA တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့နယ်တွင် ဇွန်လ ၂၅ ရက်မှစ၍ စစ်ကောင်စီနှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် ဒေသခံများ ထောင်နှင့်ချီထွက်ပြေးတိမ်းရှောင်နေရကြောင်း ကျောက်မဲမြို့ ‌ဒေသခံ အမျိုးသမီးတစ်ဦးက...

ကျောက်မဲ တိုက်ပွဲ(၃)ရက်အတွင်း အရပ်သား ၂၀ ကျော် သေဆုံး၊ ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ

သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA )တို့ နှစ်ဘက်တိုက်ပွဲ (၃) ရက်အတွင်း အရပ်သား (၂၁) ဦး သေဆုံးပြီး ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ဇွန်လ ၂၅ ရက်မှ ယနေ့ (ဇွန်လ ၂၇...

Latest news