ကျောက်မဲနှင့် သီပေါရှိ SSPP နှင့် TNLA တိုက်ပွဲအတွင်း ထိခိုက်ကျဆုံးမှုရှိကြောင်း နှစ်ဘက်တပ်ဖွဲ့ထုတ်ပြန်

သျှမ်းပြည် ကျောက်မဲနှင့် သီပေါမြိုနယ်တို့တွင် ဖြစ်ပွားခဲ့သည့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့၏ တိုက်ပွဲများအတွင်း နှစ်ဘက်ထိခိုက်ကျဆုံးမှုရှိကြောင်း သတင်းသိရသည်။

ယမန်နေ့ (ဇူလိုင်လ ၅ ရက်)က ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာအုပ်စုနှင့် သီပေါမြို့နယ် ကြံခင်းရွာတို့တွင် (၂) နေရာထက်မနည်း ဖြစ်ပွားခဲ့သည့် SSPP တပ်ဖွဲ့နှင့် TNLA တပ်ဖွဲ့တို့၏ တိုက်ပွဲများအတွင်း နှစ်ဘက်တပ်သား ထိခိုက်ကျဆုံးမှုရှိကြောင်း SSPP Info ၊ TNLA သတင်းနှင့် ပြန်ကြားရေးဌာနတို့က အသီးသီး ထုတ်ပြန်လာခဲ့သည်။

ကျောက်မဲမြို့နယ် ခေးနင်းကျေးရွာအုပ်စု လုပ်ပါကျေးရွာရှိ SSPP တပ်စခန်းကို TNLA တပ်သား အင်အား ၇၀ ကျော်က ယမန်နေ့ (ဇူလိုင် ၅ ရက်) ၁၁ နာရီခွဲကျော်တွင် ပြည်ထောင်စုလမ်းမကြီး မြောက်ဘက်မှ တောင်ဘက်သို့ ကျော်လာ၍ စတင်ပစ်ခတ်ခဲ့ရာမှ အပြန်အလှန် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး နှစ်ဘက်ထိခိုက်သေဆုံးမှု ဖြစ်ပေါ်ခဲ့ရကြောင်း SSPP Info က ယနေ့ (ဇူလိုင် ၆ ရက်) တွင် ထုတ်ပြန်သည်။

သီပေါမြို့နယ်တွင်လည်း TNLA တပ်ဖွဲ့မှ ဘော်ကြိုကျေးရွာနှင့် ကျင်သီတံတား အနောက်ဘက်တွင် အင်အားဖြည့် နေရာယူကာ ကြံခင်းရွာတွင် SSPP တပ်ဖွဲ့ အထိုင်ချ တပ်စွဲထားသည့်နေရာကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းကြောင့် တိုက်ပွဲထပ်မံ ဖြစ်ပွားခဲ့ကြောင်း SSPP ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကျောက်မဲနှင့် သီပေါမြို့နယ်အတွင်း SSPP/SSA နှင့် TNLA တပ်ဖွဲ့တို့ တစ်ရက်တည်း ၃ နေရာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းကြောင့် SSPP ဘက်မှ ရဲဘော် ၁ ဦး ကျဆုံးပြီး TNLA ဘက်မှ ကျဆုံးသူ၊ လက်နက်ချ အလင်းဝင်ရောက်သူနှင့် ဒဏ်ရာရ စစ်သုံ့ပန်း ၅ ယောက်ထက်မနည်း ရှိခဲ့ကြောင်း SSPP ထုတ်ပြန်ချက်အရ သိရသည်။

အလားတူ သီပေါမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲအတွင်း TNLA က ဖမ်းဆီးရမိခဲ့သည့် စစ်သုံ့ပန်းများကို သယ်ယူပို့ဆောင်နေစဉ် ကြံခင်း(ရေပူ)ရွာအနီးတွင် SSPP တပ်ဖွဲ့က ပစ်ခတ်ခဲ့သဖြင့် ကားပေါ်လိုက်ပါလာသည့် TNLA တပ်ဖွဲ့၏ သီပေါမြို့နယ်မှူးဆိုသူ အသက်ပေးလှူခဲ့ရပြီး ရဲဘော်(၃) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနမှ ယမန်နေ့ (ဇူလိုင် ၅ ရက်)တွင် သတင်းထုတ်ပြန်သည်။

သီပေါမြို့နယ်အတွင်း စစ်သုံ့ပန်းများကို ခေါ်ဆောင်လာသည့် TNLA သီပေါမြို့နယ်မှူးအဖွဲ့အား သီပေါမြို့ ကြံခင်း(ရေပူ)ရွာအနီး လမ်းဘေးရှိ ဘုန်းကြီးကျောင်းဝင်းတွင် အသင့်စောင့်ဆိုင်းနေသည့် SSPP တပ်ဖွဲ့ဝင်များက ပစ်ခတ်ခဲ့ရာ ဗိုလ်ကြီး နေအုပ် သည် ကားပေါ်ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း TNLA ထုတ်ပြန်ချက်တွင် ဆိုထားသည်။

သီပေါမြို့နယ် TNLA တပ်ဖွဲ့၏ စစ်သုံ့ပန်းခေါ်ဆောင်လာသည့် ယာဉ်တန်းကို SSPP တပ်ဖွဲ့က ပစ်ခတ်ခဲ့သည့် ဖြစ်စဉ်အတွင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနမှ မည်သည့်ရက်တွင် ဖြစ်ပွားခဲ့ကြောင်း ရက်စွဲဖော်ပြထားခြင်း မရှိဘဲ ယခင်က သီပေါနှင့် ကျောက်မဲမြို့ကို ဖြတ်သန်းသွားလာရာတွင် TNLA တပ်ဖွဲ့အား SSPP တပ်ဖွဲ့မှ ပစ်ခတ်ခြင်း မရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် ကျောက်မဲမြို့နယ် နောင်ပိန်နှင့် လုပ်ပါကျေးရွာတို့တွင် SSPP တပ်ဖွဲ့မှ TNLA တပ်ဖွဲ့အား စတင်ပစ်ခတ် တိုက်ခိုက်မှုကြောင့် နှစ်ဘက်တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း TNLA ဘက်မှ ထုတ်ပြန်ပြောဆိုထားသည်။

ယခုကဲ့သို့ နှစ်ဘက်အောက်ခြေ နားလည်မှုလွှဲမှားပြီး အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားသည်ကို သက်ဆိုင်ရာ ခေါင်းဆောင်များ ဆွေးနွေးညှိနှိုင်းပြီး နှစ်ဘက်အပြန်အလှန် ပစ်ခတ်မှုကို အဆုံးသတ် ရပ်တန့်နိုင်ခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...