ကျောက်မဲမြို့နယ် SSPP နှင့် TNLA ပြဿနာကို FPNCC ကြားဝင်ထိန်းသိမ်းပေးရန် နှစ်ဘက်တပ်ဖွဲ့ စောင့်ဆိုင်းနေ

သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA တို့အကြား ဖြစ်ပွားနေသည့် ပြဿနာကို FPNCC မှ ကြားဝင် ထိန်းသိမ်းပေးရန် နှစ်ဘက်တပ်ဖွဲ့ စောင့်ဆိုင်းနေကြောင်း စုံစမ်းသိရသည်။

ဇူလိုင်လ (၅) ရက်မှ စတင်ပြီး ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာအုပ်စုနှင့် သီပေါမြို့နယ် ကြံခင်း(ရေပူ)ရွာတို့တွင် ဖြစ်ပွားခဲ့သည့် SSPP တပ်ဖွဲ့နှင့် TNLA တပ်ဖွဲ့အကြား စစ်ရေးပဋိပက္ခကို ‘ဝ’တပ်ဖွဲ့ UWSA ဦးဆောင်သည့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးမှုညှိနှိုင်းရေးကော်မတီ (FPNCC) မှ အမြန်ဆုံး ကြားဝင်ထိန်းသိမ်းပေးရန် စောင့်ဆိုင်းနေကြောင်း TNLA ဘက်မှ ယမန်နေ့ (ဇူလိုင်လ ၈ ရက်) တွင် ထုတ်ပြန်လာသည်။

“ဒီကိစ္စက ကျမတို့က FPNCC ရဲ့ လမ်းညွှန်မှုကို စောင့်ဆိုင်းနေတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ SSPP နဲ့ ဖြစ်ပွားနေတဲ့ ပစ်ခတ်မှုဟာ နှစ်ဘက်အကောင်းဆုံးအတွက် ခေါင်းဆောင်တွေ ညှိနှိုင်းနေပါတယ်။ ဒီဆွေးနွေးညှိနှိုင်းမှုမှာ လက်ရှိ ကျောက်မဲခရိုင် PDF ဆီက သိမ်းယူသွားတဲ့ လက်နက် ၂၅ လက်နဲ့ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ကျမတို့ တပ်သား အယောက် (၂၀) ကျော် ပြန်လွှတ်ပေးဖို့ တောင်းဆိုနေတာ ဖြစ်ပါတယ်”ဟု TNLA သတင်းနှင့်ပြန်ကြားရေးဌာနမှူးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာအုပ်စု လုပ်ပါရဲစခန်းအနီး SSPP နှင့် TNLA တပ်ဖွဲ့တို့ နှစ်ဘက်တိုက်ပွဲအတွင်း ကျောက်မဲခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ သေနတ် ၂၅ လက်ကို SSPP တပ်ဖွဲ့မှ သိမ်းဆည်းသွားပြီး TNLA တပ်သား (၂၀)ကျော်ကိုလည်း ဖမ်းဆီးထားခြင်းကြောင့် ၎င်းတို့ကို ပြန်လွှတ်ပေးရန် တောင်းဆိုနေကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနမှူးက ဆက်ပြောသည်။

ကျောက်မဲမြို့နယ်အတွင်း ကျောက်မဲ PDF တပ်ဖွဲ့၏ လက်နက်များကို SSPP တပ်ဖွဲ့မှ သိမ်းဆည်း၍ TNLA တပ်သား (၂၀) ကျော်ကို ဖမ်းဆီးထားသည့် ကိစ္စနှင့် ပတ်သက်ပြီး သျှမ်းသံတော်ဆင့်မှ SSPP ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်းဟန်ထံ ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း ဖုန်းဆက်ပိတ်ထားသည်။

အလားတူ ဇူလိုင်လ (၅) ရက်နေ့တွင် TNLA တပ်ဖွဲ့မှ ကျောက်မဲမြို့နယ် နောင်ပိန်အနီး တောင်ခြေစခန်းကို သွားရောက်စဉ် နောင်ပိန်လမ်းခွဲရှိ SSPP တပ်သားများ၏ ဝိုင်းရံပိတ်ဆို့ခြင်းကို ခံခဲ့ရပြီး စစ်ဆင်ရေးကြီးကြပ်သည့် ပထမတန်း စစ်ဦးစီးအရာရှိတစ်ဦး၊ တပ်ရင်း (၄၃၄) နှင့် (၅၇၇) တပ်ရင်းမှူး နှစ်ဦးတို့နှင့်အတူ တပ်ဖွဲ့ဝင် (၃) ဦး ထိုနေရာတွင် ပစ်သတ်ခံရ၍ ကျဆုံးခဲ့ကြောင်း TNLA ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

ထို့အပြင် ဇူလိုင်လ ၇ ရက် ည ၉ နာရီခန့်က ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာအုပ်စုရှိ လုပ်ပါရဲစခန်းအနီးတွင် တပ်စွဲထားသည့် SSPP တပ်ဖွဲ့ စခန်းချနေရာကို TNLA တပ်ဖွဲ့မှ ဒရုန်းဖြင့် ဗုံး(၂) လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် သေနတ်ပစ်ခတ်မှု ထပ်မံဖြစ်ပွားခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး သျှမ်းသံတော်ဆင့်မှ မေးမြန်းခဲ့ရာ ၎င်းကဲ့သို့ ဆောင်ရွက်ခြင်း မရှိကြောင်း TNLA ဘက်မှ ငြင်းဆိုသည်။

“ကျမတို့ဘက် အဲလို ဆောင်ရွက်ခြင်း မရှိပါဘူး”ဟု TNLA သတင်းနှင့် ပြန်ကြားရေးဌာနမှူးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဇွန်လ (၂၅) ရက်မှ ပြန်လည်စတင်ခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး” အပိုင်း(၂) တွင် သီပေါနှင့် ကျောက်မဲမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို ညီနောင်မဟာမိတ်များက ဝန်းရံတိုက်ခိုက်နေစဉ် SSPP တပ်ဖွဲ့မှ ရည်ရွယ်ချက်ရှိရှိ နှောင့်ယှက်နေသည်ကိုလည်း ကန့်ကွက်သတိပေးပြီး ထိုလုပ်ရပ်များကို ရပ်တန့်ထိန်းသိမ်းရန် တောင်းဆိုကြောင်း TNLA တပ်ဖွဲ့၏ ဇူလိုင်လ ၈ ရက် ထုတ်ပြန်ချက်တွင် ဆိုထားသည်။

TNLA တပ်ဖွဲ့၏ ဇူလိုင်လ ၈ ရက် ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး SSPP တပ်ဖွဲ့ဘက်မှ တစ်စုံတစ်ရာ ပြန်လည်တုံ့ပြန်သည်ကို လက်ရှိအချိန်ထိ မတွေ့ရှိရသေးပေ။

SSPP တပ်ဖွဲ့နှင့် TNLA တပ်ဖွဲ့တို့၏ လတ်တလော စစ်ရေးပဋိပက္ခ အခြေအနေနှင့် ပတ်သက်ပြီး ကြားဝင်ကူညီ ထိန်းကြောင်းပေးရန် မဟာမိတ်ဖြစ်သူ ‘ဝ’တပ်ဖွဲ့ UWSA ထံ SSPP တပ်ဖွဲ့မှ အကူအညီတောင်းခံစာသည် ဇူလိုင်လ (၆) ရက် နေ့စွဲဖြင့် အွန်လိုင်းပေါ် ပျံ့နှံ့လာခဲ့ပြီး သျှမ်းသံတော်ဆင့်အနေဖြင့် သီးခြားအတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းနေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

ငြိမ်းချမ်းရေးဖိတ်ခေါ်နေချိန် MNDAA နှင့် TNLA နယ်မြေအပါအဝင် မြို့နယ် ၅၀ ကျော်ကို စစ်ကောင်စီ အရေးပေါ်အခြေအနေကြေညာ

0
စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ဆွေးနွေးရန် ဖိတ်ခေါ်နေသည့်အချိန်မှာပင် အာဏာသိမ်းစစ်ခေါင်းဆောင်က TNLA နှင့် MNDAA တို့ ထိန်းချုပ်ထားသည့် နယ်မြေများအပါအဝင် တစ်နိုင်ငံလုံးရှိ မြို့နယ်ပေါင်း ၅၀ ကျော်ကို ယမန်နေ့ (ဧပြီလ ၂၄ ရက်) တွင် အရေးပေါ်အခြေအနေ ကြေညာလိုက်သည်။ ထိုသို့...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

သျှမ်းမြောက်ဒေသ KIA ဒုဗိုလ်ချုပ်ကြီးဂွမ်မော်ရောက်စဉ် MNDAA စစ်အင်အားဖြည့်

0
သျှမ်းပြည်မြောက်ပိုင်းသို့ ရောက်ရှိလာသည့် ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော် ဦးဆောင်သော အဖွဲ့သည် ဒေသခံ ပြည်သူလူထုအပြင် ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့များမှ ခေါင်းဆောင်များကိုလည်း တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။ ဧပြီလ ပထမပတ်အတွင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာနှင့် နမ့်ခမ်းမြို့သို့ ရောက်ရှိလာသည့် ကချင်လွတ်လပ်ရေးကောင်စီ KIC ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော် ဦးဆောင်သော အဖွဲ့သည် ကချင်လွတ်လပ်ရေးတပ်...