Thursday, May 2, 2024

ကျောက်မဲမြို့နယ်

တိုက်ပွဲများငြိမ်သွားပြီဖြစ်သော်လည်း ကျောက်မဲရောက် ကျေးလက်ဒေသမှ စစ်ရှောင်များ နေရပ်မပြန်ရဲသေး

သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ သျှမ်းပြည်တပ်မတော် RCSS /SSA နှင့် တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA တို့အကြား လက်ရှိတွင်ပစ်ခတ်မှုများမဖြစ်ပွါးသော်လည်း ကျောက်မဲမြို့အနီး ကွန်ကော်အုပ်စု မန်စန်းရွာမှဒေသခံများမှာ နေရပ်မပြန်နိုင်သေးကြောင်း စစ်ဘေးရှောင်များကို ကူညီမှုပေးနေသည့် ကျောက်မဲမြို့တောင်သူလယ်သမားသမဂ္ဂဥက္ကဌ ဒေါ်အေးနော် က သျှမ်းသံတော်ဆင့်သို့ ပြောသည်။ “ကျောက်မဲကြီးအုပ်စုကစစ်ဘေးရှောင်ဒေသခံတွေကတော့...

ယခုတပတ်အတွင်း ကျောက်မဲမြို့နယ်တွင် မိုင်းများဆက်တိုက်ပေါက်ကွဲ ဒေသခံလူထုသေကြေဒဏ်ရာရ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း လက်လုပ်မိုင်းများဆက်တိုက်ပေါက်ကွဲခဲ့ရာ သေကြေဒဏ်ရာ ရမှုများရှိခဲ့ပါသည်။ ကျောက်မဲမြို့နယ် တိုးဂိတ်အနီးတွင် ၂၆ ရက်ည ၁၁ နာရီခွဲက မိုင်း ၃ လုံးထပ်ဆင့်ပေါက်ကွဲရာ မိုင်းရှင်း လင်းရေး လုံခြုံရေးတပ်ဖွဲ့မှာ တပ်ကြပ်အဆင့်ရှိသူတဦး မိုင်းစထိမှန် ဒဏ်ရာရရှိကြောင်း သိရသည်။ “ပထမမိုင်းတလုံးပေါက်ကွဲသံကြားတယ်။ ကျောက်မဲအဝင် တိုးဂိတ်မှာပါ။ အဲဒီနေရာမှာတော့ ထိခိုက်ဒဏ်ရာရယူမရှိပါဘူး။...

ကျောက်မဲမြို့သို့ စစ်ရှောင် ၂၀၀ ကျော်ရောက်ရှိ ၊ ရွာတွင် ၁၀၀၀ ခန့်ပိတ်မိနေ  

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း TNLA တအာင်းတပ်နှင့် RCSS/SSA တို့ကြားတိုက်ပွဲကြောင့် ဒေသခံလူထု ၂၀၀ ကျော်မှာ ကျောက်မဲမြို့ အောင်မင်္ဂလာကျောင်းတိုက်တွင်ခိုလှုံနေကြကြောင်းသိရသည်။ ကျောက်မဲမြို့နယ် အုံးအွီးရွာသား ၂၃၃ ယောက်မှာ မတ်လ ၁၆ ရက်နေ့က ကျောက်မဲမြို့သို့ ရောက်ရှိ လာခြင်းဖြစ်ပြီး နေရပ်မပြန်နိုင်သေးသည့်အပြင် ကျေးလက် ၂ ရွာမှရွာသားများမှာ...

CSSU အလှည့်ကျဥက္ကဌသစ်အား ကြိုဆိုပွဲ ကျောက်မဲတွင်ကျင်းပ

သျှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU ၏ အလှည့်ကျဥက္ကဌသစ်အား ကြိုဆိုသောအားဖြင့် ကျားဖြူပါတီ ဦးဆောင်ကာ သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်ပြည်သူလုထုမှ ညစာစားပွဲကျင်းပခဲ့ကြောင်းသိရသည်။ မတ်လ ၁၈ ရက်နေ့က ကျောက်မဲမြို့နယ် ကောလီဟိုတယ်တွင်ကျင်းပခဲ့ခြင်းဖြစ်ပြီး သျှမ်းပြည်မြောက်ပိုင်း ရှိ ကျားဖြူပါတီဝင်များ တက်ရောက်ခဲ့ကြောင်းသိရသည်။ “CSSU ဆိုတာက သျှမ်းလူမျိုးတမျိုးတည်းသာမကဘူး။ သျှမ်းပြည်လူထုတဝှမ်းလုံးကပါ၀င်ရမယ်။ ငြိမ်းချမ်း ကိုအဓိကလုပ်ဆောင်မယ်။ ငြိမ်းချမ်းမှ...

Latest news