Saturday, April 27, 2024

ကျောက်မဲမြို့နယ်

ကျောက်မဲမြို့နယ် အတွင်းတိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် ဒေသခံများ စစ်ရှောင်နေရ

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ် အတွင်း တိုက်ပွဲများ ထပ်မံဖြစ်ပွားမည်ကို ဒေသခံများ စိုးရိမ်သဖြင့် ကျေးရွာ ဘုန်းကြီးကျောင်းများတွင် စစ်ဘေးရှောင်နေကြောင်း စုံစမ်းသိရသည်။ ထိုနယ်မြေများတွင် အစိုးရ တပ်မတော် နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော်(RCSS/SSA)တို့သည် ဇွန် ၂၅ရက်မှ ယနေ့ထိတိုင်း ထိတွေ့မှု မကြာခဏ...

ကျောက်မဲမြို့နယ် အတွင်း အစိုးရတပ်မတော် အင်အားဖြည့်

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ် အတွင်း အစိုးရ တပ်မတော်က အင်းအာများ ဖြည့်တင်းနေကြောင်း စုံစမ်းသိရသည်။ အစိုးရ တပ်မတော်သည် ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာအုပ်စု အတွင်းသို့ စစ်ကြောင်းများအလုံးအရင်း ဝင်ရောက်သွားပြီး၊ လမ်းတွင်လည်း ဒေသခံများကို တားဆီး ပိတ်ပင်ထားကြောင်း ကျောက်မဲမြို့နယ် ဒေသခံ စိုင်းထွေးဟန် က သျှမ်းသံတော်ဆင့်ကို...

ကျောက်မဲမြို့နယ် ရွာသား သေနတ်ပစ်ခံရမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှုကို တပ်မှ သွားရောက်စုံစမ်း

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင်း ရွာသားသေဆုံးမှု ၊ ထိခိုက်ဒဏ်ရာရမှု နှင့် ပတ်သက်ပြီး အစိုးရတပ်မတော်ဘက်မှ သွားရောက် စုံစမ်း စစ်ဆေးခဲ့ကြောင်း သိရသည်။ ဇူလိုင် ၁၅ ရက် ယနေ့မနက်ပိုင်းက ကျောက်မဲမြို့နယ်အတွင်း ဟိုင်းကွီကျေးရွာအုပ်စု ပန်ကျန်ရွာမှာ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်မမှူး အဆင့်ရှိ အရာရှိများနှင့်...

ကျောက်မဲမြို့နယ် အတွင်း ပစ်ခတ်မှုဖြစ် ရွာသားများ စစ်ရှောင်နေရ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် လွိုင်စောင့်ကျေးရွာအုပ်စု အတွင်း ပစ်ခတ်မှုဖြစ်ပွါးရာ ဒေသခံ များ ဘုန်းကြီးကျောင်းသို့တိမ်းရှောင်နေရကြောင်းသိရသည်။ ယနေ့ ဇူလိုင် (၁၄) ရက် မနက် ၁၀ နာရီခွဲခန့်က လွိုင်စောင့်ကျေးရွာအုပ်စု နမ့်မော်ဘီလူးကျေးရွာနှင့် ကုန်းညောင်ရွာကြား ပစ်ခတ်သံများ ထွက်ပေါ်ရာ ရွာသား ၄၀ ကျော် ကုန်းညောင်ဘုန်းကြီးကျောင်းသို့တိမ်းရှောင်နေရကြောင်း ကျောက်မဲဒေသခံ...

ကျောက်မဲမြို့နယ် အတွင်းလက်နက်ကြီးကျ အရပ်သားတဦးသေ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ဟိုင်းကွီကျေးရွာ အုပ်စု ပန်ကျန်ရွာ၌  ယနေ့မနက်ပိုင်းက လက်နက်ကြီးကျသဖြင့် အရပ်သားတဦးသေဆုံးကာ တဦးဒဏ်ရာရရှိကြောင်း စုံစမ်းသိရသည်။ ဇွန်လ ၂၉ ရက် မနက် ၈နာရီ အချိန် သီပေါ အခြေစိုက် ခြေလျင်တပ်ရင်း ခလရ ၂၃ မှ ပစ်ခတ်သည့် လက်နက်ကြီးကြောင့် အသက်...

သယံဇာတ တူးဖော်ရေးလုပ်ကွက်သစ် မေးခွန်း ဝန်ကြီးဖြေဆိုမှု အားရမှုမရှိ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ထပ်မံတင်သွင်းသော သျှမ်းပြည် သဘာဝ သယံဇာတ တူးဖော်ရေး လုပ်ကွက်သစ်မေးခွန်းကို သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ဝန်ကြီးမှ ဖြေကြားရာတွင် အားရကျေနပ်သည့်အဖြေ မရရှိကြောင်း လွှတ်တော်အမတ်က ပြောသည်။   ယမန်နေ့ ဇွန် ၂၅ ရက် တွင် ကျောက်မဲမြို့နယ် မဲဆန္ဒနယ်...

RCSS/SSA မှ ဖမ်းဆီးရမိသည့် မူးယစ်ဆေး အစိုးရထံ လွှဲပြောင်း

သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) မှ ဖမ်းဆီးရမိသည့် မူးယစ်ဆေးများ ကို တပ်မတော်နှင့် အစိုးရ ထံ လွှဲပြောင်းပေးခဲ့ကြောင်း သတင်းရရှိသည်။ ဖေဖော်ဝါရီ ၁၄ရက် မနက် ၇နာရီခွဲတွင် သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ် ကျောက်မဲ နှင့် မိုင်းလုံ...

ကျောက်မဲ မိုင်းတင်းကျေးရွာ အုပ်စု အရပ်သား တဦး သေနတ်ပစ်သတ်ခံရ

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းတင်းကျေးရွာ အုပ်စုတွင် အရပ်သား တဦး သေနတ်ပစ်သတ် ခံရကြောင်း သတင်းရရှိသည်။   ဖြစ်စဉ်မှာ ယနေ့ (ဖေဖော်ဝါရီ ၁၃) ရက် မနက်ပိုင်းတွင် မိုင်းတင်းကျေးရွာ အုပ်စု မန်ဆန်းကျေးရွာ အသက် ၃၀ကျော် စိုင်းကောထို့ သည်မနက် ၈နာရီ ဝန်းကျင်တွင်...

ကျောက်မဲမြို့နယ် အတွင်း တိုက်ပွဲဖြစ် သားအမိ ၂ဦး ကျည်ထိသေ

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ် အတွင်း ယမန်နေ့ မွန်းလွှဲပိုင်းတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် အမျိုးသမီး ၂ဦး ကျည်ထိမှန်သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ယမန်နေ့ (ဇန်နဝါရီ ၂၈) တွင် မြန်မာ့တပ်မတော်နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော်( TNLA)တို့ ကျောက်မဲမြို့နယ် ညောင်မောင်းကျေးရွာ အနီးတွင် တိုက်ပွဲဖြစ်ပွားကာ...

ရက်ဆက် မိုင်းနင်းမိသူများလာ

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ် အတွင်း အရပ်သားများ ရက်ဆက်တိုက် မိုင်းနင်းမိနေကြောင်း သတင်းရရှိသည်။   ယမန်နေ့ ညနေ ၄ နာရီ ဝန်းကျင်တွင် ကျောက်မဲမြို့နယ် အာပြောင်ကျေးရွာ ဒေသခံ အမျိုးသား ၃ဦးသည် ထင်ခုတ်ပြီး နေအိမ်ကို ဆိုင်ကယ်ဖြင့် အပြန် မိုင်းနင်းမိကာ ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း...

Latest news