ကျောက်မဲမြို့နယ် တိုက်ပွဲ ပြင်းထန် စစ်ရှောင်များ မြို့ပေါ်သို့ ထပ်မံပြောင်းရွေ့လာရ

သျှမ်းမြောက် ကျောက်မဲမြို့နယ်တွင် တိုင်းရင်းသားလက်နက်ကိုင်တပ်အကြား တိုက်ပွဲ ဆက်လက်ပြင်းထန်နေမှုကြောင့် စစ်ရှောင်များ မြို့ပေါ်သို့ ထပ်မံပြောင်းရွေ့လာရကြောင်း စုံစမ်းသိရသည်။

ယနေ့ (နိုဝင်ဘာ ၄ ရက်) နေ့လည်ပိုင်းတွင် ဟူးဆွန်ကျေးရွာအုပ်စုအတွင်း စစ်ရှောင်နေကြသည့် ဒေသခံများသည် မြို့ပေါ်ရှိ မန်ခါစစ်ရှောင်စခန်းနှင့် သျှမ်းစာ/ယဥ်ခန်းမသို့ ပြောင်းရွှေ့လာခဲ့ကြောင်း စစ်ရှောင်ကူညီသူများထံမှ သိရသည်။

“ခုက (၂၀၀)ကျော် ရောက်လာတယ်၊ ပထမ အသုတ်ပါ၊ ဟူးဆွန်၊ ဗြိန်းဆိုင်း ဒေသခံတွေလို့ ပြောတယ်၊ နောက်ထပ် သွားကြိုနေတုန်းပဲ၊ ပရဟိတအဖွဲ့တွေ စုပြီး သွားကြိုတာ၊ မိုးကလည်း ရွာနေတော့ အရမ်းကို ဒုက္ခရောက်ကြတယ်” ဟု စစ်ရှောင်ကူညီသူ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကျောက်မဲမြို့နယ် ဟူးဆွန်ကျေးရွာအုပ်စုတွင် စစ်ဘေးရှောင် (၁၅၀၀)ကျော် ရှိနေပြီး စစ်ရှောင်နေရသည်မှာ (၂)လကျော် ကြာမြင့်နေပြီဖြစ်ကြောင်း သိရသည်။

ထိုဒေသအနီးတွင် တိုင်းရင်းသားလက်နက်ကိုင်များဖြစ်သည့် RCSS/SSA နှင့် တပ်ပေါင်းစု အကြား တိုက်ပွဲဖြစ်ပွားမှု ဆက်လက်ပြင်းထန်နေသည့်အတွက် စစ်ရှောင်ခိုလုံနေသည့် အဆိုပါဒေသခံများ မြို့ပေါ်သို့ ထံမံ ပြောင်းရွှေ့လာခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“တိုက်ပွဲက ပြင်းထန်နေတုန်းပဲ၊ လက်နက်ကြီးသံတွေလည်း ကြားနေရတယ်၊ ဒီ တစ်ရက် နှစ်ရက်အတွင်း ပိုကြားရတယ်၊ အရမ်းနီးလာသလိုပဲ၊ မနေရဲလို့ ပြောင်းလာတာ” ဟု စစ်ရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိ မန်ခါစစ်ရှောင်စခန်းတွင်လည်း စစ်ရှောင် (၁၀၀)ကျော် ရှိနေသည့်အတွက် နောက်ထက် (၁၀၀)ဝန်းကျင်ခန့်သာ ဆံ့တော့မှာ ဖြစ်ကြောင်း၊ ထပ်မံရောက်ရှိလာမည့် စစ်ရှောင်များအား သျှမ်းစာပေနှင့် ယဥ်ကျေးမှု ခန်းမသို့ ပို့ဆောင်သွားမှာဖြစ်ကြောင်း သိရသည်။

ထို့အပြင် လက်ရှိတွင် အလှူရှင်များ အလွန်နည်းပါးသွားသည့်အတွက် စစ်ရှောင် စားနပ်ရိက္ခာများ အလွန်ခက်ခဲနေပြီဖြစ်ကြောင်း စစ်ရှောင်ကူညီသူများထံမှ သိရသည်။

“အဓိက ခက်ခဲတာတော့ စားနပ်ရိက္ခာပေါ့၊ ခု စစ်ရှောင်ပိုများလာတော့ ပိုပြီးခက်ခဲနေပါပြီ၊ အလှူရှင်က အရမ်းကို နည်းသွားပြီလေ၊ ကိုဗစ်ကာလလည်းဖြစ်တော့ အလုပ်အကိုင်ကလည်း အဆင်မပြေကြဘူး” ဟု ကျောက်မဲ သျှမ်းစာပေနှင့် ယဥ်ကျေးမှုအသင်း ဥက္ကဌ လုင်းလျန်းဟန်က ပြောသည်။

ကျောက်မဲမြို့နယ်အတွင်း မန်ခါ၊ မိုင်းတင်း၊ နမ့်ဆော့၊ ဗြိန်းခါး၊ နားမွန်း၊ ကြူရှောနှင့် မိုင်းငေါ့စစ်ရှောင်စခန်းအပါအဝင် လက်ရှိအချိန်ထိ တိုင်းရင်းသားလက်နက်ကိုင်တိုက်ပွဲကြောင့် စစ်ဘေးရှောင်နေရသူ (၂၅၀၀)ဝန်းကျင်ထိ ရှိနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...