ကျောက်မဲ ဗဟိုစျေးအတွင်း စျေးသည် (၂)ဦး ကိုဗစ်ပိုးတွေ့

သျှမ်းမြောက် ကျောက်မဲမြို့ ဗဟိုစျေးတွင် စျေးရောင်းသည့် စျေးသည် (၂)ဦးထံမှ ကိုဗစ်-၁၉ ပိုး စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ကြောင်း သတင်းရရှိသည်။

စျေးသည်

ကျောက်မဲ ဗဟိုစျေးတောင်ဘက်အခြမ်းတွင် ရောင်းချနေသည့် စျေးသည် (၂၀၀)ကို ယနေ့ အောက်တိုဘာ (၂၅)ရက်တွင် စစ်ဆေးခဲ့ရာ စျေးရောင်းသူ (၂)ဦးထံမှ ကိုဗစ်ပိုး စစ်ဆေးတွေ့ရှိခဲ့ရတာဖြစ်ကြောင်း သိရသည်။

“ဒီနေ့ စျေးတောင်ဘက်မှာ ရောင်းတဲ့သူတွေကို ပထမအကြိမ်စစ်ဆေးတာပါ၊ စျေးသည် (၂)ယောက်မှာ ပိုးတွေ့တယ်၊ တောင်ဘက်ခြမ်းရောင်းတဲ့သူ နောက်ထပ် (၁၀၀)ကျော်လောက်ကျန်သေးတယ်၊ မြောက်ဘက် ရောင်းတဲ့သူကိုလည်း စစ်ပေးသွားမှာပါ” ဟု ကျောက်မဲ ပရဟိတအသင်းဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ စျေးရောင်းသူ (၂)ဦးမှာ (၃)ရပ်ကွက်တွင် နေထိုင်သူများဖြစ်ပြီး ကိုဗစ်ကူးစက်မှုများသည့် နောင်ပိန်ကျေးရွာအုပ်စု စျေးနေ့တိုင်း စျေးသွားရောင်းချသူဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ကျောက်မဲ ဗဟိုစျေးကို တောင်ဘက်ခြမ်း တစ်ရက်၊ မြောက်ဘက်ခြမ်း တစ်ရက်ဖြင့် အလှည့်ကျ ဖွင့်ခွင့်ပြုထားသည်မှာ တစ်လဝန်းကျင်ခန့် ရှိနေပြီဖြစ်သည်။

ထို့အပြင် ပြည်သူ့ဆေးရုံတွင် ကိုဗစ်ဖြင့် ဆေးကုသမှုခံယူနေသူ သိသိသာသာ လျော့နည်းသွားသော်လည်း ယခုရက်ပိုင်း အောက်ဆီဂျင်အိုး ငှားပေးနေမှုမှာ ယခင်ကထက် ပိုမိုများပြားလာနေကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“အောက်ဆီဂျင်အိုး ငှားပေးတာက ခုရက်ပိုင်း များလာတယ်၊ ပိုပြီးစိပ်လာတာပေါ့၊ ဆေးရုံမှာကတော့ လူနာတွေ တော်တော်လေးကို လျော့နည်းသွားပါပြီ၊ ဒါပေမယ့် ဒီ မြို့ထဲမှာ အောက်ဆီဂျင်လိုလို့ ငှားနေတာတော့ ပိုများလာတယ်” ဟု လူမှုရေးအသင်းဝင်တစ်ဦးက ပြောသည်။

လက်ရှိကျောက်မဲ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ (၅၀)ကျော်ရှိပြီး မြို့ပေါ်၌ ကိုဗစ်ကူးစက်မှု လျော့နည်းသော်လည်း ကျေးရွာများတွင် ကူးစက်မှု မြင့်တက်နေဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ကျောက်မဲမြို့နယ်တွင် ဇွန်လ (၂၂)ရက်မှ ယနေ့ (အောက်တိုဘာ ၂၅ ရက်) မွန်းတည့်ချိန်အထိ ကိုဗစ် ကူးစက်ခံရသူ (၁၇၅၂)ဦး ရှိပြီး သေဆုံးသူ (၉၇)ဦးထိ ရှိနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

လယ်ကွင်းများထဲ ရွှေတူးဖော်နေသော ညီနောင်တပ်ဖွဲ့များ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ဘက်ဖိုး စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။ မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ယခင်က စိမ်းလန်းခဲ့သည့် လယ်ကွင်းများသည် လက်ရှိတွင် တောင်တန်းကဲ့သို့ မြင့်မားသည့် မြေစာပုံကြီးများအဖြစ် ပြောင်းလဲနေပြီး ဘက်ဖိုးစက်ယန္တရားများဖြင့် နေ့ညမပြတ် ရွှေတူးဖော်နေကြောင်း မိုင်းငေါ့ဒေသခံ နန်းခမ်း (အမည်လွဲ)...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

ကျောက်မဲမြို့နယ်ထဲ စစ်တပ် လေကြောင်းဗုံးထပ်ကြဲ၊ SSPP တပ်စခန်းအနီး ကျရောက်ပေါက်ကွဲ

0
သျှမ်းပြည် ကျောက်မဲမြို့နယ်ထဲသို့ စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ရာ SSPP တပ်စခန်းအနီးသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာ ၁၁ ရက်) နေ့လယ် ၁ နာရီခွဲကျော်တွင် ကျောက်မဲမြို့နယ်အတွင်းရှိ တော့ဆန်ကျေးရွာသို့ စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ဗုံး(၂)လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော်...