ကျောက်မဲမြို့နယ် တိုက်ပွဲဆက်ဖြစ် စစ်ရှောင်များ စားနပ်ရိက္ခာပြတ်လပ်မှု ကြုံနေ

သျှမ်းမြောက် ကျောက်မဲမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း တိုင်းရင်းသားလက်နက်ကိုင်တပ်များဖြစ်သည့် RCSS နှင့် တပ်ပေါင်းစုတို့အကြား တိုက်ပွဲဆက်ဖြစ်နေပြီး နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင် များလည်း စားနပ်ရိက္ခာ ပြတ်လပ်မှု ကြုံနေကြကြောင်း သတင်းရရှိသည်။

ကျောက်မဲမြို့နယ်တွင် ယခုလအစောပိုင်း၌ တိုက်ပွဲဖြစ်ပွားမှု လျော့နည်းသွားသော်လည်း ယမန်နေ့ သီတင်းကျွတ်လပြည့်ကျော် (၁)ရက်တွင် ပန်ဟုန်း၊ ဟူးကွက်၊ ဟူးဆွန်ကျေးရွာအနီးတဝိုက် တိုက်ပွဲများ ဆက်လက်ဖြစ်ပေါ်ခဲ့ပြီး လက်နက်ကြီးသံများလည်း ကြားနေရကြောင်း ဒေသခံများထံမှ သိရသည်။

“မနေ့ကလည်း ကြားတယ်၊ ဒီနေ့လည်း နေ့လည်ပိုင်းအထိကို ကြားနေရတယ်၊ လက်နက်ကြီးသံက ပိုကျယ်လာတယ်၊ တိုက်ပွဲအခြေနေတော့ မသိရဘူး၊ ဒါပေမယ့် စစ်ရှောင်စခန်းမှာတော့ စားနပ်ရိက္ခာတွေ ပြတ်လုနီးပါးကို ဖြစ်နေပြီ၊ စစ်ရှောင်နေရတာလည်း ကြာပြီလေ” ဟု ထိုကျေးရွာအနီး နေထိုင်သည့် ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကျောက်မဲမြို့နယ် ဟူးဆွန်ကျေးရွာအုပ်စုအတွင်း စစ်ဘေးရှောင် (၁၅၀၀)ကျော်ရှိနေပြီး လက်နက်ကြီး ပစ်ခတ်နေကြသည့်နေရာသည် စစ်ရှောင်စခန်းနှင့် နီးကပ်နေသည့်အတွက် ထိုစစ်ရှောင်များအတွက် စိုးရိမ်ရကြောင်း ၄င်းက ပြောသည်။

ထို့အပြင် ကျောက်မဲမြို့နယ် မိုင်းတင်းကျေးရွာအုပ်စုအတွင်းရှိ စစ်ရှောင်စခန်းများတွင်လည်း စားနပ် ရိက္ခာများ ပြတ်လုနီးပါးဖြစ်နေကြောင်း စစ်ရှောင်ကူညီသူ လုင်းလျန်းဟန်က ပြောသည်။

“သူတို့အတွက် စားနပ်ရိက္ခာ အရမ်းကို နည်းနေပြီ၊ ပြတ်လုနီးပါးကို ဖြစ်နေတာ၊ အလှူရှင်ကလည်း အရမ်းကို နည်းသွားပြီလေ၊ သူတို့က အိမ်ကို အရမ်းပြန်ချင်တယ်လို့ ပြောတယ်၊ တစ်ချို့ဆို မျက်ရည်တောင်ကျတယ်၊ တိုက်ပွဲက ဆက်ဖြစ်နေတော့ ဘယ်လိုမှ မပြန်နိုင်ကြသေးဘူး”ဟု စစ်ရှောင်များကို ကူညီနေသည့် ကျောက်မဲ သျှမ်းစာပေနှင့်ယဥ်ကျေးမှု အသင်း ဥက္ကဌ လုင်းလျန်းဟန် က သျှမ်းသံတော်ဆင့်ကို ပြောသည်။

မိုင်းတင်းကျေးရွာအုပ်စုတွင် စစ်ရှောင်စခန်း (၄)ခုရှိပြီး လူဦးရေ (၃၀၀)ကျော်၊ မန်ခါစစ်ရှောင်စခန်းနှင့် ကြူရှော(မြောက်ရွာ)ဘုန်းကြီးကျောင်းတို့တွင်လည်း စစ်ရှောင် (၃၀၀)ကျော်၊ မိုင်းငေါ့မြို့နယ်ခွဲတွင် စစ်ရှောင် (၂၂၀)ကျော်ရှိနေကြောင်း သိရသည်။

ထို့အပြင် ကျောက်မဲမြို့ပေါ်ရပ်ကွက်နှင့် ဆွေမျိုးများရှိသည့် ကျေးရွာများတွင် သွားရောက်ခိုလှုံနေကြသူ များလည်း ရာချီရှိနေကြောင်း စစ်ရှောင်ကူညီသူများက ဆိုသည်။

လက်ရှိတွင် စိုက်ပျိုးရိတ်သိမ်းသည့် ရာသီဖြစ်သည့်အတွက် နေရပ်ပြန်လုပ်ကိုင်နိုင်ရေးအတွက် တိုက်ပွဲ များ ရပ်တန့်ပေးရန် တောင်းဆိုမှုများ ရှိနေသော်လည်း ယနေ့အချိန်ထိ တိုက်ပွဲရပ်တန့်သွားခြင်း မရှိသေးပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...