ကျောက်မဲရောက် စစ်ရှောင်ကိုယ်ဝန်သည် မီးဖွားရန် အခက်ခဲကြုံ

သျှမ်းမြောက် ကျောက်မဲမြို့နယ်တွင် စစ်ရှောင်ရောက်ရှိနေသည့် ကိုယ်ဝန်သည်များ မီးဖွားရန် အခက်ခဲကြုံနေရသည့်အပြင် စောင်နှင့် အနွေးထည်များပါ လိုပ်နေတာဖြစ်ကြောင်း သိရသည်။

ကျောက်မဲ မိုင်းတင်းကျေးရွာအုပ်စုထဲရှိ မိုင်းတင်းနှင့် ဗြိန်းခါးစစ်ရှောင်စခန်းတွင် ကိုယ်ဝန်သည်နှစ်ဦး ရှိနေပြီး မီးဖွားရန် အခက်ခဲဖြစ်နေကြောင်း စစ်ရှောင်ကူညီသူထံမှ သိရသည်။

“ဗြိန်းခါးက တစ်ယောက်က ကိုယ်ဝန် (၉)လရှိပြီ၊ မွေးဖို့ နီးနေပြီ၊ သူက ခွဲမွေးရမယ်ဆိုပြီး ကျန်းမာရေးပိုင်းက လာကြည့်ပေးပြီး ပြောသွားတယ်၊ စစ်ရှောင်ရောက်နေတာဆိုတော့ ခွဲမွေးတဲ့ချိန် ကုန်ကျမယ့် စရိတ် အခက်ခဲဖြစ်နေတာ၊ နောက်တစ်ယောက်ကလည်း ကိုယ်ဝန်(၇)လကျော်ရှိပြီ” ဟု စစ်ရှောင်ကူညီပေးနေသူ ဒေသခံ အမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ဗြိန်းခါးမှ ကိုယ်ဝန်သည်မီးဖွားနိုင်ရန် မြို့တွင်းရှိ ပရဟိတအသင်းမှ လားရှိုးသို့ ပို့ဆောင် ကူညီပေးမှာဖြစ်ကြောင်း၊ သို့သော် ခွဲစိတ်မွေးဖွားရန်အတွက် ငွေကြေးအခက်ခဲရှိနေတာဖြစ်ကြောင်း ၄င်းက ဆိုသည်။

ထိုစစ်ရှောင်ကိုယ်ဝန်သည်များသည် ပန်စလော့နှင့် ပန်ကွမ်ကျေးရွာမှ စစ်ရှောင်ရောက်ရှိနေသူများဖြစ်ပြီး (၂)လကျော် ကြာမြင့်နေပြီဖြစ်ကြောင်း၊ ပြီးခဲ့သည့် တစ်လဝန်းကျင်တွင်လည်း မိုင်းတင်းစစ်ရှောင် စခန်းတွင် ကိုယ်ဝန်သည်တစ်ဦး မီးဖွားခဲ့ရကြောင်း သိရသည်။

လက်ရှိတွင် ရာသီဥတု ပိုမိုအေးလာပြီဖြစ်သည့်အတွက် စစ်ရှောင်များအတွက် စောင်နှင့် အနွေးထည်များ လည်း လိုအပ်နေကြောင်း သိရသည်။

“ခုက ဆောင်းဝင်တော့မှာလေ၊ အရင်ကထက် ပိုပြီး အေးလာပြီ၊ အနွေးထည်တွေ၊ စောင်တွေက မရှိဘူး၊ အလှူရှင်တစ်ချို့ လာလှူပေမယ့် စောင်က အပါးတွေ ဆိုတော့ ဒီလို ရာသီနဲ့ဆို အဆင်မပြေဘူး၊ ပြီးတော့ မီးဖွားမယ့် ကိုယ်ဝန်သည်လည်းရှိနေသေးတယ်” ဟု နမ့်ဆော့ စစ်ရှောင်များကို ကူညီနေသည့် အမျိုးသမီးက ပြောသည်။

ကျောက်မဲမြို့နယ် မိုင်းတင်းကျေးရွာအုပ်စုထဲတွင် စစ်ရှောင်စခန်း (၄)နေရာရှိပြီး နမ့်ဆော့တွင် (၈၄)ဦး၊ မိုင်းတင်းတွင် (၁၁၀)ဦး၊ နားမွန်းတွင် (၃၇)ဦးနှင့် ဗြိန်းခါးတွင် (၆၈)ဦး ရှိနေကြတာဖြစ်ကြောင်းသိရသည်။

ထို့အပြင် မန်ခါဘုန်းကြီးကျောင်းတွင်လည်း စစ်ရှောင် (၁၆၀)ကျော်၊ ကြူရှော(မြောက်ရွာ)တွင် (၁၀၀) ကျော်၊ ဟူးဆွန်ကျေးရွာအုပ်စုတွင် (၁၀၀၀)ကျော်နှင့် မြို့ပေါ်ရပ်ကွက်များတွင်လည်း ရာချီ ကျန်ရှိ နေသေးကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...

နမ့်ခမ်းမြို့အနီး ပေါက်ကွဲမှုကြီး ဖြစ်ပွား၊ သေဆုံးသူ ၂၀ ကျော်အထိရှိလာ၊ ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်ရှိ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း၌ ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုအတွင်း ၂၀ ဦးကျော် သေဆုံးကြောင်း ကနဦး သိရှိရပြီး ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်နှင့် ပိတ်မိနေသူများကိုလည်း ဆက်လက် ကယ်ထုတ်နေဆဲ ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။ “သေတဲ့လူကတော့ ၂၀...