Tuesday, January 27, 2026

CATEGORY

အာဘော်

မြန်မာ့လူထု လိုအပ်ချက် နဲ့ တရုတ်ပြည် လိုအပ်ချက် ဘယ်လိုတန်းညှိမလဲ

၂၀၂၅ ဖေဖေါ်ဝါရီလ ၁ ရက် နေ့မှာ စစ်ကောင်စီ SAC က တိုင်းပြည်အာဏာကို သိမ်းယူလာခဲ့တာ ၄ နှစ် ပြည့်ပြီ ဖြစ်ပါတယ်။ ဒီ ၄ နှစ်တာ ကာလာမှာ လူထု သေကြေရတယ်၊ မိသားစုတွေ ခွဲခွါကြရတယ်၊ အသက်အိုးအိမ် စည်းစိမ်...

ဆိုက်ဘာလုံခြုံရေး ဉပဒေ ကြောင့် အွန်လိုင်းလုပ်ကိုင်သူအတွက် ပိုခက်ခဲလာ

စစ်ကောင်စီက ဆိုက်ဘာလုံခြုံရေးဥပဒေကို ဇန်နဝါရီ (၁) ရက်တွင် အတည်ပြု ပြဋ္ဌာန်းလိုက်ပြီးနောက် သျှမ်းပြည်တဝှမ်းတွင် မိုဘိုင်းလ်အော်ပရေတာများ၏ ဖုန်းဒေတာဖြင့် အသုံးပြုသည့် အင်တာနက်မြန်နှုန်းမှာ နှေးကွေးပြီး ဆိုရှယ်မီဒီယာ လူမှုကွန်ယက်များ အသုံးပြုရန် VPN ချိတ်ဆက်ရာ၌ ပိုမိုခက်ခဲလာကြောင်း ဒေသနေ လူငယ်များက ပြောသည်။ စစ်ကောင်စီက ယခုပြဋ္ဌာန်းလိုက်သည့် ဆိုက်ဘာလုံခြုံရေးဥပဒေမှာ...

“ ကျေးလက်ကျန်းမာရေးက ပျက်ယွင်းဆိုးရွားလာ”

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ယခင်ကတည်းကပျက်ယွင်းနေသော ကျန်းမာရေး စောင့်ရှောက်မှုနှင့် ပညာရေး ဝန်ဆောင်မှုသည် ပိုမိုဆိုးရွားလာသည်။  သျှမ်းပြည်တောင်ပိုင်း စစ်ရေးမဖြစ်ပွားသည့် ကွန်ဟိန်းမြို့နယ်နှင့် မိုင်းနောင်မြို့နယ် အတွင်းရှိ မြို့နှင့် ဝေးလံခေါင်ဖျားပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော ဒေသများတွင် ကျန်းမာရေး အသိပညာပေးမှု၊ ကျန်းမာရေး စောင့်ရှောက်မှုများမရရှိတော့ပေ။  ထို့ကြောင့် စစ်အာဏာသိမ်းပြီးနောက် သျှမ်းပြည်တောင်ပိုင်း ကျေးလက်ဒေသရှိ ကျန်းမာရေးနှင့်ပတ်သက်ပြီး...

စစ်ရေးလား၊ နိုင်ငံရေးလား၊ အဖွင့်ထူးခြားသည့် ၂၀၂၅

နိဒါန်း နွေဦးတော်လှန်ရေး၏ ၂၀၂၅ အဖွင့်သည် အလွန်ထူးခြားနေသည်။ တော်လှန်ရေးအင်အားစုများအနေဖြင့် စခန်းသိမ်း၊ မြို့သိမ်းဖြစ်စဉ်များဖြင့် ၂၀၂၄ ခုနှစ်ကို အဆုံးသတ်ပြခဲ့သည်။ အာဏာသိမ်းစစ်အုပ်စုသည် မြို့ပေါင်း (၉၅) မြို့အထိ တော်လှန်ရေးအင်အားစုများထံ လက်လွတ်ဆုံးရှုံးခဲ့ရသည်။ ထို့ကြောင့် တရုတ်အစိုးရအကူအညီရယူကာ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ (ERO) အပေါ် ဖိအားပေးကာ တွေ့ဆုံဆွေးနွေးရေးကို တဆာဆာဟစ်ကြွေးနေရပြီမဟုတ်ပါလား။ စစ်အာဏာရှင်စနစ်...

အရှေ့နေဝန်းနီကျဆုံးခြင်းမှ ၂၀၂၅ လူထုအောင်မြင်ရေးနှစ်သစ်ဆီသို့

၂၀၂၃ နှစ်နှောင်းပိုင်းမှ ၂၀၂၄ နှစ်ကုန်အထိ မြောက်ပိုင်းမဟာမိတ် သုံးဖေါ် ရဲ့ ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်း ဒုတိယလှိုင်းမှာ စစ်ကောင်စီအတွက်တော့ နှစ် ၇၀ အတွင်း သမိုင်းမော်ကွန်းတင်လောက်အောင် အရှုံးကြီး ဆုံးရှုံးခဲ့တယ်။ နေဝန်းနီက သျှမ်းပြည်မြောက်ပိုင်း မြို့တော် လားရှိုးမှာ အခြေစိုက်တဲ့ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရဲ့...

အတိတ်နိုင်ငံရေးဝဲဂယက်ထဲသို့ နစ်မြုပ်နေသော ပအိုဝ်းအဖွဲ့အစည်းများ

“ပအိုဝ်းပြည်နယ်သစ်‌ပေါ်ထွန်းရေး မပေါ်ထွန်းရေး အဲတာ အသာထား အခုကိုယ့်ရှိနေတာလေး သူများခွဲမစားသွားဖို့ အရေးကြီးတယ်”လို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် အသွင်ပြောင်းပြည်သူ့စစ် ဒုစစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်မှူးကြီးခွန်နေဝင်းထွန်းက လူထုနှင့် တွေ့ဆုံရာတွင် ရှင်းလင်းပြောဆိုပါသည်။ သို့သော်လည်း ပအိုဝ်းနိုင်ငံရေးအဖွဲ့အစည်းများဖြစ်သည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နှင့် နွေဦးတော်လှန်ရေးစတင်ပြီးနောက် အသစ်စုဖွဲ့လိုက်သော ခွန်မြင့်ထွန်းဦးဆောင်သည့် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) တို့၏...

ခေါင်းစဉ်အမျိုးမျိုးနဲ့ ငွေတောင်းနေတဲ့ PNO

သျှမ်းပြည် ဆီဆိုင်၊ ညောင်ရွှေ၊ ဟိုပုံးနဲ့ ပင်လောင်းမြို့နယ် အတွင်းမှာ သွားလာလှုပ်ရှားနေတဲ့ စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PNLA တို့အကြား ဇန်နဝါရီ တတိယပတ်မှ စတင်ပြီး ဆီဆိုင်မြို့နယ်မှာ တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့ပြီးတဲ့နောက် PNO က ပြည်သူများထံ...

“အခု စစ်ဖြစ်နေတဲ့ နေရာတွေမှာလည်း ဒီသယံဇာတထွက်တဲ့ နေရာတွေကိုပိုပြီးတော့ စိုးမိုးနိုင်အောင် ကြိုးစား နေတာကိုလည်း တွေ့ရတယ်။”

သျှမ်းပြည်အတွင်း သဘာဝဘေးဖြစ်သည့် ရေကြီးမှုဒဏ်၊ တောင်ပြိုမှုဒဏ်ကို ယခင်တကြိမ်တခါမျှပင် ကြီးကြီးမားမား မကြုံခဲ့ဖူးရာက ယခုနှစ်အတွင်း ရေကြီးတောင်ပြိုမှုဒဏ်ကို ကြီးမားဆိုးရွားစွာ စတင် ကြုံလာခဲ့ရပါသည်။ ယခုလို ရေကြီးတောင်ပြိုမှုဒဏ်က သျှမ်းပြည်အတွင်း သစ်တောပြန်းတီးမှု၊ သယံဇာတတူးဖော်မှုစသည့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများနှင့် ဘယ်လိုချိတ်ဆက် ဆက်စပ်နေပါလဲ။ ယင်းအပြင် သျှမ်းပြည်အတွင်း တိုင်းရင်းသား လက်နက်ကိုင်ပေါင်းစုံသည့်ဒေသများမှာရော...

“တမြို့တည်းနေပေမယ့် မီးပေးမှုက တရားမျှတမှုမရှိ “

သျှမ်းပြည် လွိုင်လင်ခရိုင် ပင်လုံမြို့မှာ လျှပ်စစ်မီးပေးဝေမှုနဲ့ ပတ်သက်ပြီး မျှတမှုမရှိကြောင်း ရင်ဖွင့်ချင်လို့ ဒီစာကိုရေးလိုက်ခြင်း ဖြစ်ပါတယ်။ ကျနော်တို့ ပင်လုံမြို့ ရပ်ကွက် ၃ မှာ ညဘက်ဆို မီးပျက်နေတာကြာပါပြီ။ နေ့ပိုင်းဆိုရင်လည်း ၅ မိနစ်လောက် မီးလာပြီး ပြန်ပျက်လိုက်နဲ့ တောက်လျှောက်ကို ဖြစ်နေတာပါ။ မီးပျက်တဲ့အကြောင်းအရင်းကို မေးကြည့်တော့ မီးအားမနိုင်လို့...

တာချီလိတ်မြို့မှာ ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်း တကျော့ပြန်လှုပ်ရှားနေ

မြန်မာ-ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့မှာရှိတဲ့ ရှဲန်လိုင်အပန်းဖြေနေရာနဲ့ ရွှေပန်းအောင်ဟိုတယ်တွေမှာ ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ တကျော့ပြန်လှုပ်ရှားနေတာ မြင်တွေ့နေရပါတယ်။ ၂၀၂၂ ခုနှစ်နဲ့ ၂၀၂၃ ခုနှစ်တွေအတွင်း တာချီလိတ်မြို့မှာ နယ်မြေခံ အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်နဲ့ ရင်းနှီးပတ်သက်သူတချို့တွေဟာ လက်နက်ကိုင်အစောင့်အရှောက်တွေရှိတဲ့ ခြံဝင်းတွေနဲ့ အကြီးအကျယ် လုပ်စားခဲ့ဖူးတယ်။ တရုတ်အစိုးရ ဖိအားပေးလို့ တရုတ်နယ်စပ်ဒေသ မူဆယ်မြို့ဘက်မှာ ဖမ်းဆီးခံရတာ၊...

Latest news