CATEGORY

အာဘော်

“နိုင်ငံရေးအဖြေ မဟုတ်တဲ့ ရွေးကောက်ပွဲကို ဘယ်လိုမှ လက်ခံစဉ်းစားလို့ မရတဲ့အတွက်ကြောင့်မလို့ ကျနော်တို့ ရပ်တည်ချက်ကနဂိုအတိုင်းပဲ ရှိတယ်”

စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ထံ မှတ်ပုံပြန်မတင်ရန်  ၂၀၂၃ မတ်လကတည်းက ဆုံးဖြတ်ထားခဲ့သည့် SNLD ပါတီ၏ သဘောထားရပ်တည်ချက်၊ တရုတ်နိုင်ငံနှင့် နိုင်ငံခြားဆက်ဆံရေး၊ သျှမ်းပြည်နိုင်ငံရေး အခြေအနေများကို သျှမ်းသံတော်ဆင့် သတင်းထောက် စိုင်းခွမ်မိန်းမှ SNLD ပါတီ  ပြောရေးဆိုခွင့်ရှိသူ စိုင်းလိတ် ထံ ဆက်သွယ်မေးမြန်းထားသည်။

“အာဏာရှင်မပြုတ်မချင်း လူငယ်တွေရဲ့အိပ်မက်တွေ ထင်သလောက် ဖြစ်လာမှာမဟုတ်ဘူး”

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီကို လက်နက်ကိုင်စွဲကိုင်သော နည်းလမ်းဖြင့် တော်လှန်နေကြသည့် တော်လှန်ရေးအဖွဲ့အစည်းများထဲတွင် သျှမ်းပြည်တောင်ပိုင်းက တော်လှန်ရေးတပ်ပေါင်းစုလည်း ပါဝင်သည်။ ထိုတော်လှန်ရေးတပ်ပေါင်းစုများသည် အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ကာကွယ်ရေးဝန်ကြီးဌာန MOD ကွပ်ကဲမှုအောက်မှ တပ်ရင်းများ ရှိသကဲ့သို့ သီးခြားအနေဖြင့် ရပ်တည်နေသည့် တပ်ရင်းတချို့လည်း ရှိသည်။ လက်ရှိတွင် MOD ၏ ကွပ်ကဲမှုအောက်မှ...

လားရှိုးမြို့လို ထပ်အဖြစ်မခံလောက်တော့ဘူး။ အကယ်လို့ ထပ်လက်လွှတ်ခဲ့ရတယ်ဆိုရင်တောင် DPLA ပြန်တိုက်ထုတ်မယ်။

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) သည် စစ်အာဏာရှင်စနစ်၊ မဟာလူမျိုးကြီးဝါဒနှင့် ကျဉ်းမြောင်းသော အမျိုးသားရေးဝါဒများကို ဆန့်ကျင်တိုက်ဖျက်သွားရန် ဆိုသည့် ရည်ရွယ်ချက်ဖြင့် ၂၀၂၂ ခုနှစ် သြဂုတ်လ ၇ ရက်တွင် ဖွဲ့စည်းတည်ထောင်ခဲ့သည်။ လက်ရှိတွင် DPLA အဖွဲ့ဝင် စစ်အင်အား တစ်ထောင်ကျော်ရှိပြီး ဓနုလူမျိုးများနေထိုင်သည့် သျှမ်းပြည်မြောက်ပိုင်းနှင့် သျှမ်းပြည်တောင်ပိုင်း ရွာငံ၊...

မန္တလေး၊ စစ်ကိုင်းမြို့သို့ သွားရောက်ကူညီတဲ့ သျှမ်းမြောက်က ပရဟိတ ဘာတွေကြုံတွေ့နေရလဲ

မတ်လ (၂၈) ရက်တွင် စစ်ကိုင်းမြို့အနီး ဗဟိုပြုလှုပ်ခတ်သွားခဲ့သည့် ၇ ဒဿမ ၇ ရစ်ချ်တာစကေး အဆင့်ရှိ အင်အားပြင်း ငလျင်ကြောင့် မန္တလေး၊ တံတားဦးနှင့် စစ်ကိုင်းမြို့တို့တွင် အိုးအိမ်တိုက်တာများ အကြီးအကျယ် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရပြီး သေဆုံးသူ (၄၃၀၀) ကျော်အထိ ရှိလာကြောင်း DVB မှ...

“လားရှိုးမြို့ကို အခွံပဲချန်ထားတယ်။ MNDAA အကုန်တင်သွားပြီ”

သျှမ်းပြည် လားရှိုးမြို့ပေါ်မှ ကိုးကန့်တပ်ဖွဲ့ MNDAA တပ်ဆုတ်ခွာရန် ပြင်ဆင်နေပြီး တရုတ်၏ ဖိအားပေးမှုကြောင့် သင်္ကြန်အပြီး မြန်မာနှစ်ဆန်း (၁) ရက်နေ့ ဖြစ်သည့် ဧပြီလ (၁၇) ရက်အထိ တပ်ဆုတ်ခွာရန် အချိန်ပေးထားကြောင်း ဒေသခံများ ပြောဆိုနေကြသည်။ ပြီးခဲ့သည့် မတ်လ (၂၂) ရက်တွင် တရုတ်နိုင်ငံ...

“၁၀၂၇ စစ်ဆင်ရေး”ကြောင့် လားရှိုးဒေသခံများ မိအေး ၃ ခါနာ

နွေဉီးတော်လှန်ရေးနဲ့အတူ "၁၀၂၇ စစ်ဆင်ရေး" ကို မြောက်ပိုင်း မဟာမိတ် တပ်ဖွဲ့တွေက ၂၀၂၄ ခုနှစ် ဇွန်လ ၂၅ ရက်တုန်းက ထိုးစစ်ပြန်လည်စတင်ပြီး နဂိုသိမ်းပိုက်ထားတဲ့ မြို့တွေ အပြင် နောင်ချို လားရှိုး မိုးကုတ် မိုးမိတ် မဘိမ်း သီပေါ ကျောက်မဲ မြို့တို့ကိုပါ...

“ရေနစ်တာထက် တအိမ်လုံးပြိုကျပြီး ရေအောက်ထဲပိသွားတဲ့အတွက် မိသားစုလိုက်ပါသွားတယ်” 

မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းမြို့ကို ဗဟိုပြုပြီး ရစ်ချ်တာစကေး ၇ ဒသမ ၇ ရှိ အင်အားပြင်း ငလျင်သည် မတ် ၂၈ရက်မွန်းလွဲပိုင်းတွင်လှုပ်ခတ်ခဲ့သည်။ ထိုငလျင်ဒဏ်ကြောင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း တို့တွင် အထိအခိုက်ပျက်စီးဆုံးရှုံးမှု နှင့် လူအသေပျောက်အများဆုံးဖြစ်ခဲ့ပြီး ကူညီကယ်ဆယ်ရေးအဖွဲ့များလည်း သွားရောက်ကူညီကြသည်။ အလားတူ သျှမ်းပြည်တွင်းလည်း ငလျင်ဒဏ်ကြောင့် တောင်ကြီး...

“၂၀၀၈ အခြေခံ ဥပဒေက ဖက်ဒရယ်ပုံစံ ဖြစ်လာအောင် ကျနော်တို့ တဖြည်းဖြည်းချင်း ပြုပြင်ပြီးတော့ လုပ်သွားရမယ့် အခြေအနေမှာ ရှိပါတယ်”

လာမည့် ၂၀၂၅ ဒီဇင်ဘာလနှင့် ၂၀၂၆ ဇန်နဝါရီလတို့တွင် ရွေးကောက်ပွဲကို ကျင်းပမည်ဖြစ်ကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားခဲ့ပြီးနောက် “၂၀၂၅ အလွန် ဗဟုဝင်ရိုးကမ္ဘာတွင် မြန်မာနိုင်ငံ ကြုံတွေ့ရမည့် စိန်ခေါ်မှုနှင့် အခွင့်အလမ်းများ” ဆွေးနွေးပွဲနှင့် “ငြိမ်းချမ်းရေး စကားဝိုင်း” Peace Talk 2025 တို့ကို...

လက်နက်ကိုင်ပဋိပက္ခကြား အမျိုးသမီးအခွင့်အရေး လျစ်လျူရှုခံထားရ

နှစ်စဉ်နှစ်တိုင်း မတ်လ ၈ ရက်ဟာ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ (International Women day) အဖြစ် သတ်မှတ်ထားသည်။ ယခုလို အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့တွင် အမျိုးသမီးများ၏ အခွင့်အရေး၊ တန်းတူရေးနှင့် အမျိုးသမီးတို့ လုပ်နိုင်စွမ်းအားအပေါ် အသိအမှတ်ပြုဖော်ပြသည့် နေ့တစ်နေ့လည်းဖြစ်သည်။ သို့သော် မြန်မာနိုင်ငံအတွင်း၌ စစ်အာဏာသိမ်းခံရပြီးနောက်ပိုင်း ဖြစ်ပေါ်လာသော နိုင်ငံရေးအခြေအနေ၊ လက်နက်ကိုင်တိုက်ပွဲပဋိပက္ခများကြား...

စစ်အာဏာရှင် အသက်ဆက်ရေးအတွက် အသက်ကယ်ဆေး အဖြစ်မခံဖို့လိုအပ်

၁၉၆၂ မတ်လ ၂ ရက်က မြန်မာ့တပ်မတော် ခေါင်းဆောင် ဗိုလ်ချုပ်နေဝင်း က ဝန်ကြီးချုပ် ဉီးနု၏ အရပ်သားအစိုးရအာဏာကို သိမ်းပိုက်လိုက်သည်။ မြန်မာနိုင်ငံ ပထမ ဆုံး သမ္မတကြီး ဖြစ်သူ သျှမ်းစော်ဘွားကြီး စဝ်ရွှေသိုက် ၏ ရန်ကုန်မြို့ရှိ ကုက္ကိုင်းအိမ်တော်ကို ဝင်စီးပြီး အသက် ၁၅...

Latest news