အခြားသူတွေ …

နင့် အဘွား မွေးရပ်မြေလည်း မဟုတ်ဘူး … ငါ့ မွေးရပ်မြေလည်း မဟုတ်ဘူး … နင့် မွေးရပ်မြေလည်း မဟုတ်ဘူး … ။

ဒါပေမယ့် ငါ့အမေ ခေါင်းချသွားတဲ့ မြို့ … ငါနဲ့ နင့်အဖေ စတင်တွေ့ခဲ့တဲ့မြို့ … နင့်ဘဝရဲ့ ပထမဆုံးခရီးစဉ်။

ရွာအသေးလေးတွေ အများကြီးနဲ့ ဖွဲ့စည်းထားတယ် … မြို့အဝင်မှာ ကြာကန်ကြီးရှိတယ် … မြို့မဈေးရှိတယ် … ။

လားရှိုးကို သိတယ်၊ ရေပူဂိတ်ကို သိတယ် … ကွတ်ခိုင်၊ လောက်ကိုင်ကို သိတယ် … မူဆယ်ကို သိတယ် … ဒါပေမယ့် ဒီမြို့ကို လူတွေ သိပ်မသိဘူး … ။

အပြင်လူ ကောင်းကောင်း မသိကြတဲ့ ကြားမြို့လေးဟာ ငါတို့ မြို့လေးပဲ …

ငါတို့မြို့က စော်ဘွားမြို့ … ငါတို့ မြို့က လူတွေက အရမ်းရိုးသားတယ်။ စက်ဘီးကျန်ခဲ့ရင် နောက်နေ့ အဲ့ဒီနေရာမှာ ရှိတုန်းပဲ … အိမ်တံခါးတွေ ဖွင့်ပြီး ဘယ်သွားသွားရတယ် …

ပညက်သွားရာ ဓာတ်သတ်ပါ မြို့လေးလည်းမဟုတ်ပါဘူး … စာလုံးပေါင်း မှားခေါ်တာလည်း မကြိုက်ပါဘူး …

ငါတို့မြို့က ဝက်သားချဉ်က သိပ်ကောင်းတယ် … ဆီချက်ဆို နာမည်ကြီးတယ် … ငါ့အမေကိုဆို တစ်မြို့လုံး သိတယ် …

တကူးတက မှာစားရတဲ့ မြို့ရဲ့ တစ်ခုတည်းသော လက်ထောင်းခေါပုတ် ရတဲ့ မြို့လေး … ငါတို့ မြို့က လိုင်ချီးသီးက အလုံးကြီးကြီး အသားပြည့်ပြည့် … သုံးတန်းပြောင်းဖူးလောက် ဘယ်ဟာမှ စားမကောင်း … ဆနွင်းလုပ်တဲ့ ရွာလေး ရှိတယ် … ပဲပုပ်တွေ လုပ်တဲ့ ရွာလေး ရှိတယ် …

တပေါင်းပွဲဆို ပလောင်တွေ တောင်အောက်ဆင်းပြီး ဘုရား လာကန်တော့ကြတယ် … တစ်နှစ် တစ်ကြိမ်သာ လုပ်ပြီး ခြိမ့်ခြိမ့်သဲ ပွဲပဲ … ရွာတစ်ရွာစာ ရှိတဲ့ ဘုန်းကြီးကျောင်းတွေ မြို့အလည်မှာ ရှိတယ် …

ငါ အသက် ၂၀ မှာ မြို့က ထွက်ခဲ့တယ် … ငါ အသက် ၄၀ မှာ မြို့ကို ပြန်ရောက်တယ် …

ပန်းခြံရှေ့က စိန်ပန်းပင်ကြီးက ဒီတိုင်းပဲ … လွတ်လပ်ရေး ကျောက်တိုင်ကြီး … အိုဟောင်းနေပေမယ့်လည်း အရင်တိုင်းပဲ … မြို့အဝင်က ကြာကန် … တောင်ပေါ်က ရေတံခွန် … လမ်းအကွေ့ … လမ်းအဆင်း … အားလုံးဟာ အရင်တိုင်းပဲ …

ပတ်ဝန်းကျင် ပတ်ပတ်လည်က တောင်တွေမှာ သစ်ပင်တွေအစား ပြောင်းခင်းတွေကလွဲရင် … ပျဉ်ထောင်အိမ်တွေ အစား … တိုက်အိမ်တွေကလွဲရင် … လူငယ်တွေကနေ လူကြီးတွေအဖြစ် ရောက်သွားတာက လွဲရင် ဘာဆို ဘာမှ အပြောင်းအလဲ မရှိ …

သျှမ်းခေါက်ဆွဲလည်း ဒီအရသာပဲ … ဝက်သားချဉ်လည်း ဒီအရသာပဲ … ဆီချက်လည်း ဒီအရသာ … ဝက်သားလုံးလည်း ဒီအရသာပဲ … အိမ်တွေလည်း ဒီနေရာမှာပဲ … လူတွေလည်း ဒီနေရာမှာပဲ … ဈေးသည်တွေလည်း ဒီနေရာမှာပဲ …

တစ်ဆောင်းခိုလာတဲ့ ငှက်တွေလို … ဘယ်လောက် လမ်းပျောက်နေနေ တစ်ပတ်ပြန်လည်လာတဲ့ ကလေးတွေကြောင့် … အိမ်တွေဟာ ဘယ်တော့မှ လူပြတ်သွားတယ်ဆိုတာ မရှိဘူး။ အမေတွေက အဖွားတွေဖြစ် သမီးတွေက အမေပြန်ဖြစ်နဲ့ …

အခုတော့ မရှိတော့ပါဘူး … နှစ် ၁၀၀ ကျော် စော်ဘွားလက်ထက်ကတည်းက ရှိတဲ့ မြို့မဈေးကြီးလည်း မရှိတော့ဘူး … တိုင်လုံးတွေလည်း မရှိတော့ဘူး၊ အုတ်ခုံတွေလည်း မရှိတော့ဘူး …‌

ငါတို့ သိတဲ့ သူတွေ မရှိကြတော့ဘူး …

တစ်ယောက်က သမီးဆီ လိုက်သွားပြီ … တစ်ယောက်က ထိုင်းမှာ ရှိတဲ့ သားဆီကို လိုက်သွားပြီ … နင်သ‌ဘောကျတဲ့ အိမ်ကြီးလည်း မီးလောင်သွားပြီ … ဟိုနေရာကတော့ လူတွေ လုံးဝ နေလို့ မရတော့ဘူး … အကုန်လုံး ပြောင်းသွားကြပြီ …

ဖိနပ်ရောင်းတဲ့ အေးဟွမ်လည်း မရှိတော့ဘူး … ကွမ်းယာ ရောင်းတဲ့ စိုင်းဟော်လည်း မရှိတော့ဘူး … အစော သားလည်း မရှိတော့ဘူး … ဗုံးကြဲချလို့ ပါကုန်ကြပြီ … ပေါ်တာဆွဲလို့ မရှိကြတော့ဘူး … ပလောင်ဈေးသည်တွေလည်း တောင်အောက် ဆင်းမလာတော့ဘူး … အသီးသည်လည်း ပြောင်း သွားပြီ … ဟင်းရွက်သည်လည်း လမ်းဘေး ဈေးရောင်းရင် ယွမ် ၃၀၀၀ ပေးရပြီး အဖမ်းခံရမှာ ဆိုးလို့ ခပ်မြန်မြန် အိမ်ပြန်လေရဲ့ …

လက်ထောင်းခေါပုတ်သည်ကလည်း တခြား မြို့ကို ပြောင်းသွားပြီတဲ့ … ပဲပုပ်တွေလည်း ဝယ်မစားနိုင်တော့ဘူး … ပြောင်းခင်းတွေ နေရာမှာ ကြံပင်တွေဖြစ်နေပြီ … သျှမ်းခေါက်ဆွဲ တစ်ပွဲ ၅၀၀၀ကျပ် ဖြစ်နေပြီ … တိုဖူးနွေး တစ်ပွဲ ၃၀၀၀ ဖြစ်နေပြီ …

တော်သေးတယ် … သျှမ်းဆန်လေး စားနေရသေးလို့ … အရွက်ပြုတ် စားရလည်း ဈေးကြီးပေမယ့် လတ်ဆတ်သေးတယ် …

ဟိုအိမ်က ဟော့ပေါ့ဆိုင်ဖွင့်နေပြီ … စာကြည့်တိုက်ကြီးက KTV ဖြစ်သွားပြီ။ တပေါင်းကွင်းကြီးက လောင်းကစားဝိုင်းကြီး ဖြစ်နေပြီ … ဆိုင်းဘုတ်တွေက ဗမာစာလုံးလည်း မဟုတ်ဘူး … ရှမ်းစာလုံးလည်း မဟုတ်တော့ဘူး … အိမ်လည်း တံခါးသော့ခတ်ထားနေရပြီ … ဘယ်သွားသွား အနောက်ကို ပြန်လှည့်ကြည့်နေရပြီ …

ငါလား … ငါလည်း တစ်နေ့ ရှိမှာ မဟုတ်ပါဘူး …

ဒါပေမယ့် ငါ မရှိတော့ရင် နင်ရှိသေးတယ်လေ …

ငါ့ အမေက မှာခဲ့တယ် … သူ မရှိတော့ရင် နင်ရှိပေးတဲ့ … ငါတို့ မရှိတော့ရင် အခြားသူတွေ ရှိလာမှာတဲ့ …

ငါတို့ နေရာမှာ တခြားသူတွေ ရှိလာမှာတဲ့ …

နန်းလောဝ်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...

သိန္နီမြို့ MNDAA တပ်ဆုတ်မည်ဟု သတင်းထွက်၊ အုပ်ချုပ်ရေးကို ပြည်သူထံ လွှဲအပ်မည်ဟုဆို

0
သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ တပ်ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၁၀) ရက် နံနက် (၁၁) နာရီခန့်တွင် သိန္နီမြို့ပေါ်နှင့် ပန်လော့ကျေးရွာဘက် တပ်စွဲထားသည့် MNDAA ကိုးကန့်တပ်သားများသည် သိန္နီ-လောက်ကိုင် လမ်းမကြီးပေါ်ရှိ စယ်အူကျေးရွာအုပ်စုဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းကြောင့်...

MNDAA မှတ်ပုံတင် ၆သောင်းကျော်ထုတ်ပေးပြီး တပ်သားစုဆောင်းနေ

0
သျှမ်းပြည်မြောက်ပိုင်းရှိ ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့၏ အုပ်ချုပ်ရေးနယ်မြေအတွင်း ကျေးရွာများအထိ ကွင်းဆင်း၍ မှတ်ပုံတင်ပြုလုပ်ပေးသည့် လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း MNDAA သတင်းများကို ဖော်ပြနေသော The Kokang က ထုတ်ပြန်သည်။ ကိုးကန့်ခရိုင် အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် လများအတွင်း ဒေသခံပြည်သူ...

လားရှိုးမြို့ ရှော့တိုက်ဒုံး ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဇူလိုင် ၉ ရက်) ယနေ့ ညနေ ၅ နာရီဝန်းကျင်တွင် လားရှိုးမြို့ ရပ်ကွက် (၆) နှင့် ရပ်ကွက် (၁၀) အတွင်းသို့...