CATEGORY

စီးပွားရေး

စက်သုံးဆီဈေး မြင့်တက်လာမှုကြောင့် AirAsia X လေယာဉ်လက်မှတ်ဈေး ၄၀ ရာခိုင်နှုန်းထိ ထိုးတက်၊ ခရီးစဉ်အချို့ဖျက်သိမ်း

အရှေ့အလယ်ပိုင်းဒေသတွင်းး ပဋိပက္ခများကြောင့် ကမ္ဘာ့လောင်စာဆီဈေးနှုန်းများ အဆမတန်မြင့်တက်လာပြီး မလေးရှားအခြေစိုက် တန်ဖိုးနည်း လေကြောင်းလိုင်း AirAsia X မှ လေယာဉ်လက်မှတ်ဈေးနှုန်းများကို ၄၀ ရာခိုင်နှုန်းအထိ တိုးမြှင့်လိုက်ကြောင်း ထိုင်းသတင်းဌာန The Nation Thailand တွင်ဖော်ပြသည်။ AirAsia X အမှုဆောင်အရာရှိချုပ် Bo Lingam ၏...

စက်သုံးဆီ ဂယက်ကြားက ကုန်စျေးနှုန်းမြင့်တက်မှုနှင့် အလုပ်လက်မဲ့ဘဝ

သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် စက်သုံးဆီပြတ်လပ်မှုကြောင့် ကုန်စျေးနှုန်းများတရိပ်ရိပ်တက်လာပြီး၊ အချို့သော ဆိုင်ကယ်ပြင်ဆိုင်များနှင့် စားသောက်ဆိုင် အချို့ ပိတ်လိုက်ရသည့် အဆင့်ဖြစ်လာကြောင်း စုံစမ်းသိရသည်။ အရှေ့အလယ်ပိုင်းဒေသ အီရန်စစ်ပွဲကြောင့် ကမ္ဘာတဝှမ်း လောင်စာဆီဂယက် ဖြစ်လာကာ ထိုထဲတွင် သျှမ်းတောင် အပါအဝင် မြန်မာနိုင်ငံသည်လည်း လောင်စာဆီ ပြဿနာကြုံနေရသည်၊၊ မြန်မာနိုင်ငံသည် စစ်အာဏသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ကုန်စျေးနှုန်း...

ထိုင်းနိုင်ငံအတွင်း မီတာခများဈေးတက်မည်

ထိုင်းနိုင်ငံ စွမ်းအင်ဆိုင်ရာ ထိန်းညှိကွပ်ကဲရေး‌ ကော်မရှင် (ERC) မှ လာမည့် မေလအတွင်း လျှပ်စစ်မီတာခနှုန်းထားအသစ်များကို ထုတ်ပြန်ကြေညာရန်ပြင်ဆင်နေပြီး လက်ရှိတွင် ပြည်သူလူထု၏ သဘောထားမှတ်ချက်များကို စုဆောင်းနေကြောင်း ထိုင်းသတင်းဌာန ဘန်ကောက်ပို့စ်တွင် ဖော်ပြသည်။ မတ်လ ၂၅ ရက်မှ ၃၁ ရက်အတွင်း ERC ၏ ဝက်ဘ်ဆိုက်တွင်...

တရုတ်ဖိအားကြောင့်လားရှိုး-မူဆယ် လမ်းမပေါ်ရှိ SSPP နှင့် KIA ဂိတ်များ ဖြုတ်သိမ်းဆုတ်ခွာရ

မြန်မာ - တရုတ်နယ်စပ် အဓိက ကုန်သွယ်ရေးလမ်းဖြစ်သည့် လားရှိုး - မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ SSPP/SSA နှင့် KIA တပ်တို့၏ စစ်ဆေးရေးဂိတ်များ တရုတ်ဖိအားကြောင့် ဖြုတ်သိမ်းဆုတ်ခွာရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ တတိယပတ်တွင် လားရှိုး - မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/...

စက်သုံးဆီ စျေးမြင့်တက်လာမှုကြောင့် စိုက်ပျိုးရေးသမားများ အခက်ကြုံ

အရှေ့အလယ်ပိုင်းဒေသ အီရန်စစ်ပွဲကြောင့် ကမ္ဘာတဝှမ်း လောင်စာဆီပြဿနာ ဖြစ်ပေါ်လာခဲ့ပြီး ထိုထဲတွင် မြန်မာနိုင်ငံလည်း အကြပ်အတည်း ရင်ဆိုင်လာရသည်။ လက်ရှိ လောင်စာဆီ ပြဿနာသည် မြန်မာနိုင်ငံ၏ အဓိက စိုက်ပျိုးရေး လုပ်ကိုင်သူများအတွက် ပို၍ အကြပ်ရိုက်စေပြီး အရှုံးများစွာ ရင်ဆိုင်နေရသည့် အခြေအနေ ကြုံတွေ့နေသည်။ လက်ရှိ မြန်မာပြည်တဝှမ်းသို့ သစ်သီးဝလံ စိုက်ပျိုး...

လေယာဉ်ဆီပြတ်လပ်မှုကြောင့် ပြည်တွင်းလေကြောင်းလိုင်းများ ဧပြီလကုန်အထိ ခရီးစဉ်ဖျက်သိမ်း

လတ်တလော ရင်ဆိုင်နေရသည့် လေယာဉ်ဆီ အခက်အခဲများကြောင့် မြန်မာပြည်တဝှမ်း ပြေးဆွဲနေသည့် လေကြောင်းလိုင်းများမှ ဧပြီလကုန်အထိ ပြည်တွင်းခရီးစဉ် အများစုကို ဖျက်သိမ်းနေကြောင်း စုံစမ်းသိရသည်။ မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း MAI ၊ မြန်မာအမျိုးသား လေကြောင်းလိုင်း MNA ၊ မင်္ဂလာ Mingalar Airline ၊ Air...

ခေတ်ကာလ အခြေအနေကို အခွင့်ကောင်းယူပြီး အင်းလေး တရားမဝင် ငွေတိုးချေးစားသူများက အဆမတန် အတိုးနှုန်းယူ

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် နိုင်ငံရေးနှင့် စီးပွားရေး မတည်ငြိမ်မှုများကို အခွင့်ကောင်းယူကာ ဒေသခံအချို့က တရားမဝင် ငွေတိုးချေးစေသည့် လုပ်ငန်းများကို လုပ်ဆောင်နေပြီး ငွေကြေးချေးယူသူများအပေါ် အနိုင်အထက် ပြုကျင့်မှုများ ဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှ သိရသည်။ အင်းလေးဒေသ ဟဲယာရွာမကျေးရွာအုပ်စုအတွင်းရှိ ရှေ့ရပ်ကြီးရပ်ကွက်တွင် နေထိုင်သည့် မိသားစုနှစ်စုသည် တရားဝင်လိုင်စင်ရ အပေါင်ဆိုင်များ...

ထိုင်းအစိုးရဝန်ထမ်းများ အိမ်မှအလုပ်လုပ်ရန်နှင့် ပြည်ပခရီးစဉ် ရပ်ဆိုင်းထားရန် အမိန့်ထုတ်

လက်ရှိဖြစ်ပွားနေသည့် အမေရိကန်-အစ္စရေးနှင့် အီရန်နိုင်ငံကြား ပဋိပက္ခများကြောင့် စွမ်းအင်သုံးစွဲမှု လျော့ချရန်အတွက် အစိုးရဝန်ထမ်းများ Work from Home အိမ်မှအလုပ်လုပ်ရန် ထိုင်းအစိုးရမှ အမိန့်ထုတ်ပြန်လိုက်သည်။ ကမ္ဘာ့စွမ်းအင် အရင်းအမြစ်ဖြစ်သော အရှေ့အလယ်ပိုင်း နိုင်ငံများတွင် စစ်ရေးပဋိပက္ခ ဖြစ်ပွားနေပြီး ရေနံနှင့် စွမ်းအင်ဈေးနှုန်းများ မတည်ငြိမ်ခြင်းကြောင့် အစိုးရအေဂျင်စီများ၊ နိုင်ငံပိုင်လုပ်ငန်းများအတွက် အိမ်မှအလုပ်လုပ်ရန်...

ပြက္ခဒိန် စာရွက်ဖြင့် စုံ၊ မ ရက်တွက်နေရသူများ

“စုံ၊ မ ယာဉ်မောင်းနှင်ရက်” ကြောင့် ပြက္ခဒိန် စာရွက်တစ်ရွက်ဖြင့် မသူဇာ(အမည်လွှဲ) တစ်ယောက် ခေါင်းစားနေသည်။ မသူဇာတို့ နေအိမ်တွင် မ အက္ခရာ 3A … နံပါတ်ဖြင့် ကားတစ်စီးသာ ရှိထားသဖြင့် သူ့အနေဖြင့် ကလေးကျောင်းကြို၊ ပို့ရန်နှင့် အလုပ်သွားရန်အတွက် ပြက္ခဒိန်ကို ဟိုလှန်၊ ဒီလှန်ဖြင့်...

စက်သုံးဆီ ပြတ်လပ်မှုကြောင့် ဖယ်ခုံစစ်ရှောင်များအတွက် သောက်သုံးရေ ရရှိရေး ပိုပြီး ခက်ခဲလာ

သျှမ်းပြည် ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းတွင် စက်သုံးဆီ အခက်အခဲများကြောင့် စစ်ရှောင်များအတွက် ရေရရှိရန်အခက်အခဲများရှိနေကြောင်း စုံစမ်းသိရသည်။ ဖယ်ခုံမြို့နယ် အတွင်းနေထိုင်သော စစ်ရှောင်များသည် သောက်သုံးရေရရှိရန်အတွက် တနာရီခွဲ ကားဖြင့် သွားရောက်ယူဆောင်ရသည်။ ထို့ကြောင့် လက်ရှိ စက်သုံဆီများ ပြတ်လပ်မှု၊ စျေးနှုန်းမြင့်တက်မှုကြောင့် စစ်ရှောင်များအသုံးပြုသည့် သောက်သုံးရေကို သွားရောက်သယ်ယူရန် ခက်ခဲမှုဖြစ်နေကြောင်း စစ်ရှောင်များကို ကူညီပေးနေသည့်...

Latest news