တရုတ်နယ်စပ်ဂိတ်များထပ်မံတင်းကြပ် နမ့်ခမ်းမြို့တွင် ကုန်စိမ်းများပြတ်လပ် အဆမတန်စျေးတက်
SHAN -
ကိုဗစ်ကူးစက်မှုကြောင့် သျှမ်းပြည်မြောက်ပိုင်း မြန်မာ-တရုတ်နယ်စပ် နမ့်ခမ်းမြို့တွင် တရုတ်အစိုးရမှ နယ်စပ် ၀င်/ထွက်ပေါက်များအားလုံး တင်းကြပ်ပိတ်လိုက်သောကြောင့် တရုတ်မှတင်သွင်းရောင်းချသော ဟင်းသီး ဟင်းရွက်များစျေး အဆမတန်မြှင့်တက်နေပြီး မွေးမြူရေးငါးများ ပြတ်လပ်နေသည် အထိဖြစ်ပေါ် နေကြောင်း သတင်းရရှိသည်။ “ဒီနေ့ နမ့်ခမ်းစျေးထဲမှာ ဟင်းသီးဟင်းရွက်များ စျေးအဆမတန်တက်နေတယ်ရှင့် ၊ ကျမတို့ မြို့ထဲမှာ ဟင်းသီးဟင်းရွက်တွေ...
ကိုဗစ်-၁၉ ဒုတိယလှိုင်းအတွင်း သျှမ်းပြည် ခရီးသွားများရပ်နားလိုက်ရ
SHAN -
ကိုဗစ်-၁၉ ဒုတိယလှိုင်း ကာလအတွင်း သျှမ်းပြည်တွင်း ပြေးဆွဲသည့် လေကြောင်းလိုင်းများ ခရီးသည်တင် ယာဉ်လိုင်းများ ရပ်နားခဲ့ကြောင်း သိရသည်။ ကိုဗစ် ကာလမှာ ခရီးသည်တင်ကားမှ ခရီးသည်များ မတင်ကြတော့ပဲ ကုန်စိမ်းများသာ တင်ခဲ့ရကြောင်း မူဆယ်မှ ရန်ကုန် မန္တလေး ပြေးဆွဲနေသည့် မူဆယ် ရွှေလီဦး ကားဂိတ် ကပြောသည်။ “ကားတော့ဆွဲတယ်။...
ဆီဆိုင် တွင် ၁၃နှစ် အရွယ် ကလေးတဦးထံ ကိုဗစ်-၁၉ တွေ့
SHAN -
သျှမ်းပြည်တောင်းပိုင်း ဆီဆိုင်မြို့နယ်၊ ဆိုင်ခေါင်မှ အတည်ပြုလူနာ နှင့် ထိတွေ့ခဲ့သော သူတစ်ဦးသည် ကိုဗစ် ၁၉ ပိုးတွေ့ ရှိကြောင်း စုံစမ်းသိရှိရသည်။ စက်တင်ဘာ ၁၈ ကျန်းမာရေးထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ကူးစက်ခံရသူ (၂၅၆) ဦး ရှိပြီး၊ သေဆုံးသူ (၁)ဦးရှိကြောင်း၊ ထိုထဲတွင် ဆီဆိုင်မြို့နယ်၊ ဆိုင်ခေါင်...
မြန်မာနိုင်ငံတွင် ကိုဗစ် သေနှုန်း ၅၇ဦးထိရှိပြီး၊ ဆယ်ကျော်သက်ပါဝင်လာ
SHAN -
ကိုဗစ်-၁၉ ကြောင့် မြန်မာနိုင်ငံတွင် ယနေ့ (စက်တင်ဘာ၁၇)ရက် မွန်းလွှဲပိုင်း (၃) နာရီထိ သေဆုံးသူ ၅၇ ဦး ရှိလာပြီး ထိုထဲတွင် ဆယ်ကျော်သက်လူငယ်များ ပါဝင်နေကြောင်း သိရသည်။ ယနေ့ မွန်းလွှဲ (၃)နာရီ တွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉...
RCSS/SSA ထိန်းချုပ်နယ်မြေအတွင်း ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ် ပြန်ထောင်
ကနေ့မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ဓါတ်ခွဲအတည်ပြုလူနာ နေ့စဉ်ရာနှင့်ချီတိုးလာနေသည်ဖြစ်ရာ လူထု ကိုဗစ်-၁၉ ရောဂါ ကင်းဝေးစေရေးအတွက်ရည်ရွယ်ပြီး ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ရှမ်းပြည်တပ်မတော်က ၄င်းထိန်းချုပ်လှုပ်ရှားရာနယ်မြေများအတွင်း ဂိတ်ပြန်ထောင်ကာ အ၀င်အထွက်သွားလာနေသူများအား စစ်ဆေးမှုပြုနေကြောင်းသိရသည်။ စက်တင်ဘာလဆန်းကတည်းကစပြီး RCSS/SSA ထိန်းချုပ်လှုပ်ရှားသည့် သျှမ်းပြည်တောင်ပိုင်း ၊မြောက်ပိုင်း၊အရှေ့ပိုင်းအတွင်း မြို့နယ်များတွင် ကိုဗစ် ၁၉ကာကွယ်ရေးအတွက်ဒေသခံလူထုအား ကျန်းမာရေးစစ်ဆေးပေးမှုစခန်းများ ပြန်လည်ထားရှိလာခြင်းဖြစ်ကြောင်း RCSS/SSA...
ကိုဗစ် -၁၉ကြောင့် မြန်မာနယ်စပ် ကုန်စည် စီးဆင်မှု ကြန့်ကြာ
SHAN -
မြန်မာနိုင်ငံတွင် ကိုဗစ်- ၁၉ ကူးစက်မှုနှုန်းမြင့်လာသောကြောင့် သျှမ်းပြည်နယ်ရှိ နယ်စပ်ဂိတ်များတွင် ကုန်တင်ယာဉ်မောင်းများ ပေးမဝင်တော့သဖြင့် ကုန်စည်စီးဆင်းမှု ကြန့်ကြာနိုင်ကြောင်း ကုန်သည်များက ပြောသည်။ သျှမ်းပြည် နယ်စပ်ဂိတ်များဖြစ်သည့် မြန်မာ- တရုတ်နယ်စပ် မူဆယ်မြို့ နှင့် မြန်မာ-ထိုင်းနယ်စပ် တာချီလိတ်မြို့ တို့တွင် ကုန်စည်ပို့ဆောင်ရာတွင် ယာဉ်မောင်းများကို အဝင်မခံတော့သဖြင့် ကုန်စည်...
မြန်မာ-တရုတ် နယ်စပ် မူဆယ်တွင် ယနေ့ချိန်ထိ ကိုဗစ်-၁၉ ကို ပေါ့ဆနေဆဲ
SHAN -
မြန်မာ-တရုတ်နယ်စပ် တွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ရှိနေသော်လည်း ယနေ့ချိန်ထိ ဒေသခံပြည်သူများပေါ့ဆမှု ရှိနေသေးကြောင်း မူဆယ် လူမှု အဖွဲ့အစည်းများက ပြောသည်။ စက်တင်ဘာ (၁၂)ရက်တွင် မြန်မာဘက်မှ တရုတ်နိုင်ငံ ရွှေလီမြို့သို့ ခိုးဝင်သည့် မြန်မာနိုင်ငံသား (၂) ဦးကို တရုတ်ဘက်မှ စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ တွေ့ရှိခဲ့ကြောင်း...
ဆီဆိုင်မြို့ နယ် တွင် ရန်ကုန်မှ ပြန်လာသူ တဦးထံ ကိုဗစ်- ၁၉ ပိုးတွေ့
SHAN -
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့ နယ် ဆိုင်ခေါင်ကျေးရွာတွင် ကိုဗစ် ၁၉ အတည်ပြုလူနာတဦးတွေ့ရှိကြောင်း စုံစမ်းသိရသည်။ ယနေ့ (စက်တင်ဘာ ၁၅) ည ၈နာရီတွင် ကိုဗစ်-၁၉ တွေ့ရှိသူ စုစုပေါင်း (၂၀၃) ဦး ထုတ်ပြန်ခဲ့ရာ၊ ထိုထဲတွင် ရန်ကုန်မှ သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ်...
တရုတ်ပြည် ရွှေလီတွင် မြန်မာနိုင်ငံသား (၂)ဦးထံ ကိုဗစ်တွေ့၊သွားလာခွင့်ပိတ်
မြန်မာ-တရုတ်နယ်စပ် ဖြစ်သည့် ရွှေလီမြို့တွင် မြန်မာနိုင်ငံသား (၂) ဦးထံ ကိုဗစ်-၁၉ တွေ့ရှိသဖြင့် ရွှေလီမြို့ကို ဝင်၊ထွက် ခွင့်ကို ယာယီ ပိတ်ထားကြောင်း သိရသည်။ အဆိုပါ မြန်မာနိုင်ငံသား (၂)ဦးသည် စက်တင်ဘာ ၁၂ ရက်တွင် မြန်မာနိုင်ငံ မှ တရုတ်နိုင်ငံသို့ဝင်ရောက်ခဲ့သည့် သူ၂ဦးဖြစ်ပြီး၊ ထိုသူ...
မူဆယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာတဦး တွေ့ရှိ
SHAN -
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် ယနေ့ (စက်တင်ဘာ ၁၄)တွင် ကိုဗစ်-၁၉ အတည်ပြု လူနာ တဦး တွေ့ရှိကြောင်း သိရသည်။ အဆိုပါ ကိုဗစ်-၁၉ အတည်ပြုလူနာသည် စက်တင်ဘာ ၁၁ရက်နေ့တွင် တရုတ်နိုင်ငံ မှ မြန်မာနိုင်ငံ မူဆယ်မြို့ဘက် သို့ ပြန်လည်ဝင်ရောက်လာသည့် ရွှေ့ပြောင်းအလုပ်သမား တဦးဖြစ်ပြီး၊...






