Wednesday, January 28, 2026

ကိုဗစ်-၁၉ ဒုတိယလှိုင်းအတွင်း သျှမ်းပြည် ခရီးသွားများရပ်နားလိုက်ရ

ကိုဗစ်-၁၉ ဒုတိယလှိုင်း ကာလအတွင်း သျှမ်းပြည်တွင်း ပြေးဆွဲသည့် လေကြောင်းလိုင်းများ ခရီးသည်တင် ယာဉ်လိုင်းများ ရပ်နားခဲ့ကြောင်း သိရသည်။

ကိုဗစ် ကာလမှာ ခရီးသည်တင်ကားမှ ခရီးသည်များ မတင်ကြတော့ပဲ ကုန်စိမ်းများသာ တင်ခဲ့ရကြောင်း မူဆယ်မှ ရန်ကုန် မန္တလေး ပြေးဆွဲနေသည့် မူဆယ် ရွှေလီဦး ကားဂိတ် ကပြောသည်။

“ကားတော့ဆွဲတယ်။ ခရီးသည်တော့ မတင်တော့ဘူး။ ကုန်ပစ္စည်းတွေပဲ တင်တော့တယ်။ ခရီးသည်တွေကလည်း ခရီးထွက်ကြတော့ဘူး။” မူဆယ် ရွှေလီဦးကားဂိတ် ကပြောသည်။

တဆက်တည်းမှာပဲ ကိုဗစ်-၁၉ ဒုတိယလှိုင်းကြောင့် သျှမ်းပြည်တွင်း ပြေးဆွဲသည့် လေကြောင်းလှိုင်းများလည်း ရပ်နားခဲ့ရသည်။

လေကြောင်းခရီးသွားလာခြင်းမှ တစ်ဆင့် မြန်မာနိုင်ငံတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု တားဆီးကာကွယ်နိုင်ရန် ကန့်သတ်ချက်များကို မြန်မာနိုင်ငံ လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သြဂုတ် (၂၆) ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ အပြည်ပြည်ဆိုင်ရာ ခရီးသည်တင်လေယာဉ်များ ပျံသန်းပြေးဆွဲခွင့်ရပ်နားခြင်းကို စက်တင်ဘာ(၃၀) ရက်နေ့ထိ ထပ်မံတိုးမြှင့်လိုက်သည်။

“ဒီလမှာ (၂)စောင်ပဲ ရောင်းရတယ်။ ဘယ်သူမှ ခရီးမသွားကြတော့ဘူး” တောင်ကြီးမြို့မှာ အခြေစိုက်သည့် လေယာဉ်လက်မှတ်အရောင်းကိုယ်စားလှယ် ပီခမ်း က သျှမ်းသံတော်ဆင့် က ပြောသည်။

တောင်ကြီး လေယာဉ်အရောင်းကိုယ်စားလှယ်များသည် တလလျှင် အစောင် ၂၀၀ မှ အစောင် ၃၀၀ ထိ ရောင်းရပြီး၊ ကိုဗစ်- ၁၉ စဖြစ်ချိန်တွင် အစောင် ၂၀ မှ အစောင် ၃၀ထိ ရောင်းရကြောင်း သိရသည်။

“ရုံးခန်းဖွင့်ထားပေမယ့် Air Line တွေက အကုန်ပိတ်လိုက်တယ်လေ။ KBZ တစ်ခုတည်းပဲ ကျန်တော့တယ်။ MNA လည်း ၁၁ ရက်နေ့က စပိတ်တယ်။ လကုန်ထိ သွားမယ်လို့ ထင်တာပဲ။ ပြည်ပက လုံးဝ ပြန်မဖွင့်သေး”ဟု ပီခမ်း ကပြောသည်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လူစုလူဝေး မသွားရခြင်း၊ မိမိအိမ်တွင်သာ နေထိုင်ရခြင်း အလိုအပ်ပဲ အိမ်ပြင်မထွက်ရခြင်း စသည့် ကျန်းမာရေး ဌာနက ထုတ်ပြန်ထားသည်။

“အရင်ကဆိုရင် ဟဲဟိုး ရန်ကုန်ဆိုရင် ပုံမှန်တုန်းကဆိုရင် တစ်နေ့ ၅ စီးလောက် ရှိတယ်။ အခုက တစ်နေ့ တစ်စီးတောင် မရှိတော့ဘူးထင်တယ်။ ခရီးသွားမယ့်သူလည်း မရှိတော့ဘူးကော။” ဟု ပီပီခမ်း ကပြောသည်။

သျှမ်းပြည်တွင်း ပြေးဆွဲသည့် လေကြောင်းလိုင်းသည် Air KBZ ၊ Myanmar National Airlines ( MNA) ၊ Golden Myanmar Airlines ၊ Mann Yadanarpon Airlines ၊ Air Thanlwin စသည်တို့ ပြေးဆွဲသည်။

လက်ရှိဖြစ်ပွားနေသည့် ကိုဗစ်-၁၉ အခြေနေများကြောင့် Air Thanlwin လေကြောင်းလိုင်း၏ ပုံမှန်ပျံသန်းပြေးဆွဲလျက်ရှိသော ခရီးစဉ်များကို ၂၀၂၀ စက်တင်ဘာ (၁၀) ရက်နေ့ မှ စက်တင်ဘာ (၂၄) ရက်ထိ ပျံသန်းဝန်ဆောင်မှုပေးနေခြင်းအား ခေတ္တဆိုင်းငံ့ထားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် ယနေ့ (စက်တင်ဘာ ၁၈)ရက် မနက် (၈)နာရီ ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ထုတ်ပြန်ချက် အရ ကိုဗစ်-၁၉ စုစုပေါင်း (၄၂၉၉ ) ဦးရှိပြီး၊ သေဆုံးသူ (၆၁) ဦး ထိမြင့်တက်လာကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Shan State Map_Update_1

ကျောက်မဲ၊ သီပေါ၊ မက်မန်းနှင့် ဖယ်ခုံမြို့နယ်မှ ရွေးကောက်ပွဲမကျင်းပနိုင်သည့် နယ်မြေစာရင်း UEC ထပ်မံထုတ်ပြန်

0
စစ်အုပ်စု ကျင်းပမည့် ရွေးကောက်ပွဲ တတိယပိုင်းတွင် ပါဝင်နေသည့် ကျောက်မဲ၊ သီပေါ၊ မက်မန်းနှင့် ဖယ်ခုံမြို့နယ်များရှိ ရွေးကောက်ပွဲ မကျင်းပနိုင်သည့် နယ်မြေစာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC မှ ထပ်မံထုတ်ပြန်လိုက်သည်။ ယမန်နေ့ (ဒီဇင်ဘာလ ၂၇ ရက်) ညပိုင်းတွင် ရွေးကောက်ပွဲ တတိယပိုင်းထဲ ပါဝင်နေသည့် သျှမ်းပြည်မှ...

တိတ်ဆိတ်ငြိမ်သက်နေသည့် စစ်တပ် ရွေးကောက်ပွဲ

0
“ထူးထူးခြားခြား မရှိပါဘူး။ ဧည့်သည်တွေနဲ့ ရှုပ်နေတာပဲ၊ မအားဘူး” ဟု တောင်ကြီးမြို့ခံ ဈေးဆိုင် ပိုင်ရှင် တဦးက သျှမ်းသံတော်ဆင့်ကို ယနေ့ (ဒီဇင်ဘာလ ၂၇)ရက်၊ နေ့လယ်ပိုင်းတွင် ပြောသည်။ စစ်တပ် ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း (၁) တွင် သျှမ်းပြည်နယ်တွင်း တောင်ကြီးမြို့နယ် အပါအဝင်...

သျှမ်းပြည် ၉ မြို့နယ်နှင့် ဗန်းမော်မြို့နယ် ပါဝင်သည့် ရွေးကောက်ပွဲ အပိုင်း (၃) စစ်တပ်ကော်မရှင် ထုတ်ပြန်

0
သျှမ်းပြည်နယ် အတွင်းရှိ မြို့နယ် ၉ ခု အပါအဝင် မြို့နယ် ၆၃ ခုတွင် စစ်တပ် ရွေးကောက်ပွဲ အပိုင်း (၃) ကို လာမည့် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း စစ်တပ် ရွေးကောက်ပွဲ ကော်မရှင်က ယနေ့ ဒီဇင်ဘာလ...

“ဒီရွေးကောက်ပွဲကတော့ ပိုရှုပ်ထွေးအောင် လုပ်ထားတယ်လို့တော့ ထင်ပါတယ်”

0
ညီနောင်မဟာမိတ် ၃ ဖွဲ့ ဖော်ဆောင်ခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး” အတွင်း သျှမ်းပြည်မြောက်ပိုင်းရှိ မြို့အများအပြားကို စစ်အုပ်စုထံက သိမ်းပိုက်နိုင်ခဲ့သည်။ သို့သော်လည်း တရုတ်၏ ကြားဝင်စေ့စပ်မှုအရ သိမ်းပိုက်ထားသည့် မြို့အချို့အား ပြန်လည်လက်လွှတ်ခဲ့ရသည်။ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် ခေါ် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် စစ်ကောင်စီတို့သည်...

“သျှမ်းပြည် စစ်ရေး၊ နိုင်ငံရေး အခင်းအကျင်းပေါ်မှာ ကြီးကြီးမားမား ရိုက်ခတ်မှု ရှိနိုင်ပါတယ်”

0
ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း ပြည်သူ့ဆန္ဒမငဲ့ဘဲ တစ်နိုင်ငံလုံး ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို မဖြစ်မနေ ရအောင် ကျင်းပသွားပါမယ်ဆိုပြီး ဩဂုတ်လလယ်ပိုင်းမှာ ရွေးကောက်ပွဲ မဲဆန္ဒနယ်၊ ကျင်းပမည့်ရက်၊ ကျင်းပမယ့်ပုံစံ တွေကို စစ်ကောင်စီအသွင်ပြောင်း စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်တိုက် ကြေညာခဲ့ပါတယ်။ ရွေးကောက်ပွဲကို လာမယ့် ဒီဇင်ဘာလ ၂၈ ရက်မှာ စတင်ကျင်းပမှာဖြစ်ပြီး...