မြန်မာ-တရုတ် နယ်စပ် မူဆယ်တွင် ယနေ့ချိန်ထိ ကိုဗစ်-၁၉ ကို ပေါ့ဆနေဆဲ

မြန်မာ-တရုတ်နယ်စပ် တွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ရှိနေသော်လည်း ယနေ့ချိန်ထိ ဒေသခံပြည်သူများပေါ့ဆမှု ရှိနေသေးကြောင်း မူဆယ် လူမှု အဖွဲ့အစည်းများက ပြောသည်။

Photo by ထုန့်ဟွေ့လီ- မူဆယ်မြို့အ၀င်ဆိုင်းဘုတ်

စက်တင်ဘာ (၁၂)ရက်တွင် မြန်မာဘက်မှ တရုတ်နိုင်ငံ ရွှေလီမြို့သို့ ခိုးဝင်သည့် မြန်မာနိုင်ငံသား (၂) ဦးကို တရုတ်ဘက်မှ စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ တွေ့ရှိခဲ့ကြောင်း တရုတ်အစိုးရ က တရားဝင်ကြေညာချက်ထုတ်ခဲ့သည်။

ထိုနည်းတူ စက်တင်ဘာ (၁၄) ရက်တွင်လည်း တရုတ်နိုင်ငံမှ မြန်မာနိုင်ငံ မူဆယ်ဘက်သို့ဝင်လာသည့် ရွှေ့ပြောင်းအလုပ်သမားတဦးတွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန က ကြေညာချက် ထုတ်ပြန်ခဲ့သည်။

မြန်မာ-တရုတ်နယ်စပ် ဖြစ်တဲ့ ရွှေလီမြို့ တွင် မြန်မာနိုင်ငံသား(၂) ဦးကိုဗစ်-၁၉ တွေ့ရှိပြီးနောက် ရွှေလီမြို့ ကို ဝင်၊ထွက်ခွင့် ပိတ်ဆိုင်းခဲ့ပြီး Lockdown ချကာ ရွှေလီမြို့တွင်နေထိုင် သူများကို ကိုဗစ်-၁၉ အခမဲ့ စစ်ဆေးရန်လည်း တရုတ်အစိုးရ က ထုတ်ပြန်ခဲ့သည်။

သို့သော် မူဆယ်မြို့ တွင် လက်ရှိအချိန်ထိ ကိုဗစ်-၁၉ နှင့် ပတ်သက်ပြီး ပေါ့ဆနေသေးကြောင်း၊ တချို့ မှာ Mask (နှာခေါင်းစည်း) မတပ်ဆင်ဘဲ ပုံမှန် သွားလာနေကြကြောင်းလည်း မူဆယ် ဒေသခံ စိုင်းမြတ်အောင် က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အခု ပိုးတွေ့ ၁ ဦးရှိတာ တောင်ပေါ့ပေါ့ဆဆရှိနေသေးတယ်။ အပြင်သွားတာ Mask မတပ်တဲ့ လူတစ်ချို့ ရှိနေသေးတယ်။ ပုံမှန်သွားလာနေသေးတယ်။ မကြောက်ကြသေးဘူး။ကြောက်တဲ့လူလည်းရှိတယ်” ဟု စိုင်းမြတ်အောင် က ပြောသည်။

လက်ရှိ မူဆယ်မြို့ တွင် ကိုဗစ်-၁၉ ကာကွယ်သည့်အနေဖြင့် မီးသတ်အဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့ဝင်များ ပူးပေါင်းကာ Mask မတပ်သူများကို ပထမအကြိမ်တွေ့ရှိပါက ဒဏ်ငွေ ၁၀၀၀ ကျပ် ပေးဆောင်စေပြီး ဒုတိယ အကြိမ်တွေ့ရှိပါက ကျပ်ငွေ ၂၀၀၀ ဒဏ်ငွေပေးဆောင်ရကြောင်း၊ တတိယ အကြိမ်တွေ့ရှိပါက ထောင်ဒဏ် (၁)လ ချမှတ်သွားမည် ဖြစ်ကြောင်းလည်း စိုင်းမြတ်အောင် ကပြောသည်။

ဆက်လက်ပြီး မြန်မာ-တရုတ် နယ်စပ် ရွှေလီမြို့သို့ ခိုးဝင်သည့် မြန်မာနိုင်ငံသား (၂) ဦး ထံတွင် ကိုဗစ်-၁၉ တွေ့ရှိပြီးနောက် ၎င်း (၂) ဦး နှင့် ထိတွေ့သူများ ကိုဗစ်-၁၉ ပိုးရှိ၊ မရှိ စစ်ဆေးနေကြောင်းလည်း မူဆယ်မြို့ ဂရုဏာလူမှုကူညီရေး အသင်းမှ ဦးသောင်းထွန်း က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ ရွှေလီ (၂) ယောက်နဲ့ဆက်စပ်သူတွေကို ဆေးစစ်ထားပါတယ်။ ထိတွေ့သူက များတယ်။ အရင်နေ့က စစ်တာ (၅၀)ကျော်တယ်။ မနေ့က စစ်တာက (၇၄) ယောက်စစ်တယ်” ဟု ဦးသောင်းထွန်းက ပြောသည်။

တရုတ်-မြန်မာ နယ်စပ်တွင် ရွှေလီမြို့တွင် မြန်မာနိုင်ငံသား (၂) ဦး ကိုဗစ် ၁၉ တွေ့ရှိသည့် အပေါ် လက်ရှိတွင်မြို့ Lockdown ချထားပြီး ရွှေလီမြို့တွင် နေထိုင်သူအားလုံးကို တစ်ယောက်မကျန် ကိုဗစ် ၁၉ ရောဂါ ဆေးစစ် ပေးသွားမည်ဟု တရုတ် အစိုးရ က ထုတ်ပြန်ခဲ့သည်။

ထို စစ်ဆေးမှု အတွက် ကုန်ကျစရိတ်အားလုံးကိုလည်း ရွှေလီ အစိုးရမှ တာဝန်ယူ ဆောင်ရွက် သွားမည်ဟု သိရသည်။

လက်ရှိတွင် မူဆယ်မြို့ Lockdown ချရန် အတွက်လည်း ကျန်းမာရေး တာဝန်ရှိသူ နှင့် မြို့ တာဝန်ရှိသူများက လုပ်ဆောင်နေကြောင်း ဦးသောင်းထွန်းက ဆိုသည်။

ထို့အပြင် ယခုအချိန် မူဆယ်မြို့သို့ ရောက်လာသူများအား အိမ်ရှင် အခန်းရှင်များက အိမ်/ အခန်း ငှားမပေးကြောင်း သိရသည်။

“မြန်မာနိုင်ငံမှာ ကိုဗစ် ၁၉ စဖြစ်ကတည်းက ကျနော်တို့က အိမ်ရှင်တွေကို ခေါ်ပြီးတော့ အိမ်ငှားတွေကို လူသစ်တွေကို ထပ်ပြီးလက်မခံဖို့ ကို အခုထက်ထိတော့ လုပ်နေသေးတယ်။ တစ်ခြားမြို့ကလာရင်လည်း ဧည့်သည် တွေကို လက်မခံဖို့ ကျနော်တို့ကို အကြောင်းကြားထားပြီးသား” ဟု စိုင်းမြတ်အောင်က ပြောသည်။

အလားတူ ယမန်နေ့ စက်တင်ဘာ ၁၅ ရက် သျှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့တွင် ကိုဗစ် ၁၉ ပိုးတွေ့လူနာတစ်ဦးရှိလာသည့် အပေါ် ယနေ့ ပြည်သူများပေါ့ဆ စွာသွားလာနေကြောင်း ဆီဆိုင်မြို့နယ် ဦးမောင်မောင် ၏ လူမှုကွန်ရက်စာမျက်နှာတွင်ရေးသားထားသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်- ၁၉ ကူးစက်မှုနှုန်းမြင့်လာသောကြောင့် သျှမ်းပြည်နယ်တွင် Mask မတပ်သူများကို ပညာရေးပေးလုပ်ဆောင်မှုများ၊ တစ်မြို့နယ်မှ တစ်မြို့နယ်သို့ သွားလာရာတွင် ကျန်းမာရေးထောက်ခံစာနှင့် ရပ်ကွက် ထောက်ခံစာများကို ယူဆောင်သွားလာနေရ ကြောင်းသိရသည်။

ယနေ့ မြန်မာနိုင်ငံတွင် ကိုဗစ်အတည်ပြုလူနာ ၃၆၃၆ ဦး ၊ သေဆုံးသူ ၃၉ ဦးရှိကြောင်း ယနေ့ စက်တင်ဘာ ၁၆ ရက်မနက်ပိုင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

(အလုပ်သင် သတင်းထောက် စိုင်းဆိုင်လှိုင်း ရေးသားသည်။)

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်မြို့ ငါးပစ်ဂိမ်းဆိုင်တွင် ပစ်ခတ်မှုဖြစ်၊ အမျိုးသားတဦး သေဆုံး

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ ဟိုနားနယ်မြေအတွင်းရှိ ငါးပစ်ဂိမ်းဆိုင်တခုတွင်  ယနေ့ (ဇူလိုင် ၃၀)ရက် မနက် ၁၁နာရီဝန်းကျင်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ အဆိုပါ ဖြစ်စဉ်သည် ယနေ့ (ဇူလိုင်လ ၃၀ ရက်) မနက် ၁၁ နာရီဝန်းကျင် မူဆယ်မြို့ ဟိုနားနယ်မြေ ကောင်းမူတုံရပ်ကွက်ရှိ ငါးပစ်ဂိမ်းဆိုင်...

မူးယစ်သားကောင်ဘဝမှ လူငယ်ပြုစုပျိုးထောင်သူ ဘဝအဖြစ်ရောက်ရှိလာ

0
ကမ္ဘာ့အကြီးဆုံး စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ်ရာ နိုင်ငံ အဖြစ် မြန်မာနိုင်ငံရောက်ရှိနေကြောင်း  ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) က ၂၀၂၆ ခုနှစ် အစီရင်ခံစာတွင် ထုတ်ပြန်လိုက်သည်။ နိုင်ငံတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိက္ခများကြောင့် သျှမ်းပြည်သည် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုဂိုဏ်းများ၏ ဗဟိုချက်ဖြစ်လာပြီး မူးယစ်ဆေးဝါး ထုတ်လုပ်မှုမှာ အွန်လိုင်းငွေလိမ်လည်မှု လုပ်ငန်းများနှင့်ပါ စနစ်တကျ...

မူဆယ်တွင် တရုတ်နိုင်ငံသား ၁၇ ဦးအပါအဝင် ကျားဖြန့်လုပ်ကိုင်သူ ၅၅ ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည် မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်သည့် တရုတ်နိုင်ငံသား (၁၇) ဦး အပါအဝင် (၅၅) ဦး ဖမ်းဆီးရမိခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဇူလိုင်လ ၂၅ ရက်) နံနက် ၁၀ နာရီခွဲခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက် စွမ်စော်(၂)လမ်းရှိ နေအိမ်(၂) လုံးကို စစ်တပ်လက်အောက်ခံ...

မူဆယ် KTV များတွင် မူးယစ်ဆေးကြောင့် လူငယ်များ ဆက်တိုက်သေဆုံး၊ တရုတ်ဘက်ကပါ ဆေးကုသခွင့် ပိတ်ပင်

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ရှိ KTV များတွင် မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲခြင်းကြောင့် လူငယ်များ သေဆုံးမှု ဆက်တိုက်ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ မူးယစ်ဆေး သောက်သုံးပြီး စိုးရိမ်ရသည့် အရေးပေါ်လူနာများကိုလည်း တရုတ်နိုင်ငံဘက်သို့ ဆေးကုသရန် သွားရောက်ခွင့် ပိတ်ပင်ခံနေရကြောင်း ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းက ပြောသည်။ ယမန်နေ့ (ဇူလိုင် ၂၄ ရက်) နံနက်ပိုင်းက...

မူဆယ်-နမ့်ခမ်း မြစ်ဘေးရှိ ရပ်ကွက်များနှင့် လယ်ယာ၊ စိုက်ပျိုးမြေများ ရေမြှုပ်

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ နှင့် နမ့်ခမ်းမြို့ ရွှေလီမြစ်ဘေးနေထိုင်သည့် ပြည်သူများ၏ နေအိမ်နှင့် လယ်ယာများ ရေမြှုပ်နေကြောင်း သတင်းရရှိသည်။​ ဇူလိုင်လ တတိယပတ်အတွင်း သျှမ်းပြည် မြောက်ပိုင်း နှင့် တရုတ်နိုင်ငံအတွင်း မိုးအဆက်မပြတ်ရွာ သွန်းမှုအပြင် တရုတ်နိုင်ငံမှ ရေကာတာ ရေထုတ်လွှတ်မှုကြောင့် ရွှေလီမြစ်ရေမှာ ရက်ပိုင်း ရေမြင့်တက်လာခြင်းဖြစ်ကြောင်း မူဆယ်မြို့ဒေသခံအမျိုးသားတစ်ဦးက...