Thursday, April 18, 2024

မန္တလေးမှ ဆေးကု ပြန်လာသည့် နမ့်လန်ဒေသခံ တဦး ကိုယ်အပူချိန်မြင့်တက်

Must read

သျှမ်းပြည်မြောက်ပိုင်း နမ့်လန်မြို့တွင် နေထိုင်သည့် အသက် (၆၀) အမျိုးသမီး တစ်ဦးသည် ကိုယ်အပူချိန်မြင့် တက်လာသဖြင့် ကိုဗစ်-၁၉ ပိုးရှိ၊ မရှိ စစ်ဆေးနေကြောင်း စုံစမ်းသိရသည်။

Photo by Ko Ko Yan Lay/ facebook

အဆိုပါ အမျိုးသမီးသည် မန္တလေးမှ ဆေးကုသပြီးပြန်လာသည့်သူဖြစ်ပြီး ယနေ့(စက်တင်ဘာ ၁၈) ရက် နေ့လည် (၁၂)နာရီ အချိန် တွင် ကိုယ်အပူချိန် မြင့်တက်လာသဖြင့် နမ့်လန်ဆေးရုံကြီးသို့ ပို့ဆောင်က ကိုဗစ်-၁၉ ရှိ၊မရှိ ဆေးစစ်ထားကြောင်း ဖြူစင်နှလုံးသား လူမှုကူညီရေးအသင်း မှ ဦးရန်နိုင်စိုး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ သူက ရိုးရိုးဖျားပြီးတော့ မန်လေးဆေးရုံမှ ဆေးသွားကုတာ၊ ပြီးတော့ ပြင်ဦးလွင် ဆေးရုံးမှာတက် ဆေးကုတယ်။ နမ့်လန်ကို ပြန်လာမယ်လို့ဖုန်းဆက်ထားတယ်။ ဆရာဝန်ကတော့ ဖြစ်နိုင်ရင် ပြန်မလာနဲလို့တော့ ပြောတယ်။ အဲဒါကို သူတို့တွေကို ပြန်လာကြတယ်” ဟု ဦးရန်နိင်စိုး က ပြောသည်။

ကိုယ်အပူချိန်တက်သည့် လူနာသည် Quarantine ဝင်ထားသည့်သူဖြစ်ပြီး ကိုဗစ် ၁၉ ရှိ ၊မရှိ ကိုဆေးစစ်ထားကြောင်း သိရသည်။

“ဒီနေမှ ကိုယ်အပူချိန်တက်လာတယ်။ ရောဂါ အခံရှိထားတယ်။ အခုက သူကို ဆေးစစ်ချက်ကိုယူပြီး သီပေါမြို့ကို ပို့ပေးမှာပါ။ ကိုဗစ် ၁၉ ရှိ၊ မရှိ တော့ မသေချာသေးဘူး” ဟု ဦးရန်နိုင်စိုးက ဆိုသည်။

မြန်မာနိုင်ငံတွင် ကိုဗစ် အတည်ပြု လူနာ (၄၂၉၉) ရှိပြီး စုစုပေါင်း သေဆုံးသူ ၆၈ ဦး ရှိပြီး ဖြစ်ကြောင်း ယနေ့ (စက်တင်ဘာ ၁၈)ရက် နေ့လည် ၄ နာရီတွင် ကျန်းမားရေး နှင့် အားကစား ဝန်ကြီးဌာန ထုတ်ပြန်ချက် အရသိရသည်။

အလုပ်သင် သတင်းထောက် စိုင်းဆိုင်လှိုင်းရေးသားသည်။

Leave a Comments

- Advertisement -spot_img

Latest article