RCSS/SSA ထိန်းချုပ်နယ်မြေအတွင်း ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ် ပြန်ထောင်

ကနေ့မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ဓါတ်ခွဲအတည်ပြုလူနာ နေ့စဉ်ရာနှင့်ချီတိုးလာနေသည်ဖြစ်ရာ လူထု ကိုဗစ်-၁၉ ရောဂါ ကင်းဝေးစေရေးအတွက်ရည်ရွယ်ပြီး ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ရှမ်းပြည်တပ်မတော်က ၄င်းထိန်းချုပ်လှုပ်ရှားရာနယ်မြေများအတွင်း ဂိတ်ပြန်ထောင်ကာ အ၀င်အထွက်သွားလာနေသူများအား စစ်ဆေးမှုပြုနေကြောင်းသိရသည်။ 

မေလက RCSS/SSA၏ ကိုဗစ်-၁၉ စစ်ဆေးရေး ဂိတ်နေရာ (Photo by Tai Freedom/ Facebook)

စက်တင်ဘာလဆန်းကတည်းကစပြီး RCSS/SSA ထိန်းချုပ်လှုပ်ရှားသည့် သျှမ်းပြည်တောင်ပိုင်း ၊မြောက်ပိုင်း၊အရှေ့ပိုင်းအတွင်း မြို့နယ်များတွင် ကိုဗစ် ၁၉ကာကွယ်ရေးအတွက်ဒေသခံလူထုအား ကျန်းမာရေးစစ်ဆေးပေးမှုစခန်းများ ပြန်လည်ထားရှိလာခြင်းဖြစ်ကြောင်း RCSS/SSA ပြောခွင့်ရ ဒု-ဗိုလ်မှူးကြီး အုမ်ခေး က သျှမ်းသံတော်ဆင့်အားပြောသည်။

ဒုတိယလှိုင်းကြောင့်ရောဂါကူးစက်မှု မရှိအောင် မြို့အ၀င်အထွက်တွေမှာကျနော်တို့သွားပြီး ဂိတ်ထောင်စောင့်စစ်ပေးတယ်။   အရင်ကိုဗစ်စစကူးတုန်းက လုပ်သလိုပေါ့။ ရောဂါကြောင့် အခက်အခဲတော့ ရှိကြမှာဘဲနော့။ ဒါမယ့် ကျနော်တို့  ထိခိုက်နစ်နာအောင်တော့မလုပ်ဘူး။    မြို့တိုင်းကိုဗစ်ကင်းစင်ဖို့အတွက်ပါ။ ”  

RCSS/SSA ထိန်းချုပ်နယ်မြေအတွင်းရှိ မြို့နယ်တချို့တွင် စတင်စစ်ဆေးနေပြီး မြို့နယ်တချို့တွင်မူ စတင်စစ်ဆေးရန်ပြင်ဆင်နေသေးသည့်အဆင့်ဖြစ်ကြောင်း ၊ ပြည်တွင်း ရောဂါကူးစက်မှုမဖြစ်အောင်ကြိုတင်ကာကွယ်တားဆီးခြင်းဖြစ်ကြောင်း ၄င်းကဆိုပါသည်။

ထိုသို့ RCSS/SSA မှ စစ်ဆေးမှုသည် သွားလာနေသော ဒေသခံလူထုအတွက် နှောင့်နှေးကြန့်ကြာစေသဖြင့် လျှော့ပေါ့ပေးရန် တအာင်းအမျိုးသားပါတီ TNP က တောင်းဆိုလိုက်သည်။

TNP ပါတီဉက္ကဌမိုင်းနုမ်ဟန် က- “ကျနော်တို့မိုင်းကိုင်မြို့ ရဲ့တောင်ပေါ်ဒေသဘက်မှာနေထိုင်တဲ့ဒေသခံလူထု သွားရေးလာရေးအတွက်အခက်အခဲဖြစ်စေတယ်။ မြို့စျေးဆင်းပြီး လှူဖို့ဒါန်းဖို့ စားသောက်ဖို့အတွက်၀ယ်စရာခြမ်းဖို့တောင်မှ  ခွင့်မပြုတော့ အခက်အခဲဖြစ်တာပေါ့။ တချို့လည်း ဆွေမျိုးမိဘ ဆုံးတာတောင် မသွားနိုင်ဘူး။ အရင်ကလည်းဒါမျိုးလုပ်ခဲ့ဖူးတယ်။ ဒါပေမယ့် ဒီလောက်အထိ မကြပ်ဘူး။ ခုလည်း ရွေးကောက်ပွဲအတွက်စည်းရုံးရေးဆင်းချိန်ဖြစ်နေတော့ စစ်ဆေးတင်းကြပ်မှုနဲနဲလျှော့ပေါ့ပေးဖို့တောင်းဆိုချင်ပါတယ်”- ဟု ပြောဆိုသည်။

 လက်ရှိ မိုင်းကိုင်မြို့တွင်း သျှမ်းပြည်တပ်မတော်က ကျန်းမာရေးစစ်ဆေးပေးနေသည့် ရွာများမှာ နောင်ဆာမ်ပူးအုပ်စု၊ ပါခေါင်အုပ်စု ၊ ခေးအုံအွေအုပ်စု၊ တုံလောအုပ်စုတို့တွင်ဖြစ်ပြီး၊ ပြင်ပမှလာသည့်သူများ ရွာတွင်း၀င်မည်ဆိုပါက ကွာရန်တင်း၀င်ရန် ၊ ရွာသားများ ရွာပြင်ထွက်မည်ဆိုပါက မျက်နှာဖုံးတပ်ဆင်ရန် စသဖြင့်စစ်ဆေးနေခြင်းဖြစ်သည်ဟုသိရသည်။

 မိုင်းကိုင်မြို့သားစိုင်းထွန်းက – “မိုင်းကိုင်မြို့က အုပ်စုတိုင်းနီးပါးမှာပါဘဲ RCSS ကနေလူထုကိုကျန်းမာရေးစစ်ဆေးပေးနေတာက။ ရွာသားတွေတခြားမှာ သွားပြီးညအိပ်ညနေ လုပ်မယ်ဆိုရင် ရွာအကြီးအကဲတွေဆီကနေထောက်ခံစာယူသွားရမယ်။ ဆေးရုံဆေးခန်းသွားမယ်ဆိုရင် ရပ်ရွာသူကြီးကိုအကြောင်းကြားရမယ် စတာတွေ ပညာပေးပြောဆိုတာပါ။  စျေးဆင်းရင်တော့ရပါတယ်။ တခြားမြို့သွားမယ်ဆိုမှသာ တင်းကြပ်တာပါ”- ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

 ကိုရိုနာဗိုင်းရပ်စ်စတင်ကူးစက်ပျံ့ပွားစဉ် ယခုနှစ် မေလကလည်း RCSS/SSA က ၄င်းထိန်းချုပ်ရာနေရာဒေသအတွင်း ထိုသို့သော ကျန်းမာရေးစစ်ဆေးမှုပြုပေးခဲ့ဖူးကြောင်း၊ ထိုစဉ်က ရဲ၊ အစိုးရတပ်မတော်မှ ၀င်ရောက်တားဆီးမှုပြုခဲ့ဖူးကြောင်း၊ ယခုလည်း မြို့နယ်တိုင်းတွင် ထပ်မံစစ်ဆေးရန်ဆောင်ရွက်နေကြောင်း၊ ဒု-ဗိုလ်မှူးကြီးအုမ်ခေးက ပြောသည်။

 ယခု ပြန်လည်ကူးစက်ပျံ့ပွါးလာသော ကိုဗစ်ဒုတိယလှိုင်းတွင် သျှမ်းပြည်အတွင်း ထပ်မံကူးစက်ခံရသူ ၉ ဉီးရှိနေပြီး တောင်ကြီးစ၀်စံထွန်းဆေးရုံတွင် ၂ ဉီး ၊ ကလောတပ်မတော်ဆေးရုံတွင် ၂ ဉီး၊နမ်စန်စစ်ဆေးရုံတွင် ၁ ဉီး၊ ကျိုင်းတုံတွင်  ၄  ဉီး ဆေးကုသမှုခံယူနေပါသည်။

စက်တင်ဘာလ ၁၆ ရက်နေ့အထိ မြန်မာနိုင်ငံတ၀ှမ်း ကိုဗစ်-၁၉ ကူးစက်ခံရသူ စုစုပေါင်း ၃၈၉၄ ဉီးရှိပြီး သေဆုံးသူ ၄၆ ဉီးရှိပြီဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

 RCSS နှင့် SSPP နှစ်ဘက်ထိပ်သီးခေါင်ဆောင်များ ကွန်ဟိန်းမြို့တွင်တွေ့ဆုံ

0
သျှမ်းပြည် ကွန်ဟိန်းမြို့နယ်တွင်  သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)တို့ ထိပ်သီးခေါင်းဆောင်များ ယုံကြည်မှု တည်ဆောက်သည့်သဘောဖြင့် အလွတ်တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။  ပြီးခဲ့သည့် (မတ် ၂)ရက်တွင် ကွန်ဟိန်းမြို့နယ် မွေတော်နမ့်ဆွမ်စေတီ ထီးတင်ပွဲသို့ RCSS/SSA တပ်ဖွဲ့မှ ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် SSPP /SSA ဘက်မှ ဒုတိယဉက္ကဌ (၃) ဗိုလ်ချုပ်ကြီး ဆေပိုင်ဖ၊...

RCSS ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီးယွက်စစ် ပြန်ရွေးချယ်ခံရ

0
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီး ယွက်စစ်အား ပြန်လည်ရွေးချယ်လိုက်ပြီး နိုင်ငံရေးပြဿနာများကို တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းမှတစ်ဆင့် ဆက်လက်အဖြေရှာသွားမည်ဟု RCSS ယနေ့ (ဖေဖော်ဝါရီလ ၂၀ ရက်) တွင် ထုတ်ပြန်သည်။ ဖေဖော်ဝါရီလ ၁၆ ရက်မှ ၁၈ ရက်အထိ သုံးရက်ကြာ ကျင်းပခဲ့သည့် RCSS ၏...

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...

နီပါ ဗိုင်းရပ်စ် အတွက် ဆေးမရှိသေး

0
အိန္ဒိယနိုင်ငံအရှေ့ပိုင်း အနောက်ဘင်္ဂလားပြည်နယ်တွင် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း Nipah Virus (နီပါ ဗိုင်းရပ်စ်) ပြန်လည်ကူးစက်ခံရမှု ၅ ဦးအထိတွေ့ရှိပြီးနောက် လူနာများနှင့် ဆက်စပ်ခဲ့သည့် လူ ၁၀၀ ဦးခန့်အား နေအိမ်များတွင်သာ နေထိုင်ရန် ဒေသအာဏာပိုင်များမှညွှန်ကြားထားကြောင်း အိန္ဒိယ သတင်းဌာန New Delhi Television...
RCSS_Chairman_Arrived_LangKhur

သျှမ်းနှစ်သစ်ကူးအကြို RCSS ဥက္ကဋ္ဌ လင်းခေးမြို့ရောက်ရှိ

0
သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့နယ် ဝမ်ဟတ်တိုက်နယ်တွင် ကျင်းပပြုလုပ်နေသည့် ၂၁၂၀ ပြည့်နှစ် သျှမ်းနှစ်သစ်ကူးပွဲနှင့် ဓမ္မစကူးလ် သင်တန်းဆင်းပွဲသို့ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ် တက်ရောက်ခဲ့ကြောင်း သတင်းသိရသည်။