Thursday, May 2, 2024

စည်းရုံးရေး

RCSS/SSA ထိန်းချုပ်နယ်မြေအတွင်း ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ် ပြန်ထောင်

ကနေ့မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ဓါတ်ခွဲအတည်ပြုလူနာ နေ့စဉ်ရာနှင့်ချီတိုးလာနေသည်ဖြစ်ရာ လူထု ကိုဗစ်-၁၉ ရောဂါ ကင်းဝေးစေရေးအတွက်ရည်ရွယ်ပြီး ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ရှမ်းပြည်တပ်မတော်က ၄င်းထိန်းချုပ်လှုပ်ရှားရာနယ်မြေများအတွင်း ဂိတ်ပြန်ထောင်ကာ အ၀င်အထွက်သွားလာနေသူများအား စစ်ဆေးမှုပြုနေကြောင်းသိရသည်။  စက်တင်ဘာလဆန်းကတည်းကစပြီး RCSS/SSA ထိန်းချုပ်လှုပ်ရှားသည့် သျှမ်းပြည်တောင်ပိုင်း ၊မြောက်ပိုင်း၊အရှေ့ပိုင်းအတွင်း မြို့နယ်များတွင် ကိုဗစ် ၁၉ကာကွယ်ရေးအတွက်ဒေသခံလူထုအား ကျန်းမာရေးစစ်ဆေးပေးမှုစခန်းများ ပြန်လည်ထားရှိလာခြင်းဖြစ်ကြောင်း RCSS/SSA...

စည်းရုံးရေး အတွင်းအငြင်းပွားမှု မဖြစ်စေရန် မဲဆွယ်ခရီးစဉ် စာတင်ရ

၂၀၂၀ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ တွင် အငြင်းပွားမှု မဖြစ်စေရန် အတွက် ပါတီ ကိုယ်စားလှယ်လောင်းများ အနေဖြင့် မဲဆွယ် စည်းရုံးရေးသွားမည့် နေရာကို ကြိုတင်ပြီး ရွေးကောက်ပွဲ ကော်မရှင်ထံ စာတင်ထားရကြောင်း သိရသည်။ စက်တင်ဘာ (၈) ရက်မှ စတင်ကာ ပြည်ထောင်စု ရွေးကောက်ပွဲ...

ကြားဖြတ်ရွေးကောက်ပွဲအတွက် SNLD ၏ ပြင်ဦးလွင် စည်းရုံးရေးခရီးစဉ် တခုဟန့်တားခံရ

ကြားဖြတ်ရွေးကောက်ပွဲအတွက် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်အတွင်း သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ စည်းရုံးရေးဆင်းရာတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ ဟန့်တားမှုပြုခဲ့သည်ဟု သိရှိရသည်။ စက်တင်ဘာလ ၂၁ ရက် SNLD ကျားခေါင်းပါတီ ကား ၆ စီးခန့်ရှိ စည်းရုံးရေးအဖွဲ့ က ပြင်ဦးလွင်မြို့ ရပ်ကွက် ကြီး ၂၀ နောင်ခမ်းကြီးကျေးရွာသို့ရောက်ရှိစဉ် -...

Latest news