Wednesday, January 28, 2026

ကြားဖြတ်ရွေးကောက်ပွဲအတွက် SNLD ၏ ပြင်ဦးလွင် စည်းရုံးရေးခရီးစဉ် တခုဟန့်တားခံရ

ကြားဖြတ်ရွေးကောက်ပွဲအတွက် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်အတွင်း သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ စည်းရုံးရေးဆင်းရာတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ ဟန့်တားမှုပြုခဲ့သည်ဟု သိရှိရသည်။

Photo By SNLD / ပြင်ဦးလွင်မြို့ ရပ်ကွက် ကြီး ၂၀ နောင်ခမ်းကြီးကျေးရွာသို့ SNLD ကျားခေါင်းပါတီ စည်းရုံးရေးဆင်းနေစဉ်

စက်တင်ဘာလ ၂၁ ရက် SNLD ကျားခေါင်းပါတီ ကား ၆ စီးခန့်ရှိ စည်းရုံးရေးအဖွဲ့ က ပြင်ဦးလွင်မြို့ ရပ်ကွက် ကြီး ၂၀ နောင်ခမ်းကြီးကျေးရွာသို့ရောက်ရှိစဉ် – ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ အိုးစည်ပုံမောင်း မတီးရန် တားမြစ် ခြင်း၊ စည်းရုံးရေးဆင်းနေစဉ် ဟောပြောနေသူ၊ နားထောင်နေသူဒေသခံများ အား ခွင့်ပြုချက်မတောင်းဘဲ ဓါတ်ပုံ ရိုက်ခြင်း၊ စည်းရုံးရေးဆင်းပြီးနောက် SNLD အားလက်ခံကြိုဆိုသည့် အိမ်ရှင်အားဖုန်းဆက် ခေါ်ယူကာ ခွင့်ပြုချက်မတောင်းဘဲ အိုးစည်ဗုံမောင်းတီးကြိုဆိုမှုပြုခြင်းသည် ရပ်ရွာလူကြီးအား မထေမဲ့မြင်ပြုလုပ်သည် ဟုဆိုကာ ခြိမ်းခြောက်ဟန့်တားမှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။

SNLD ကျားခေါင်းပါတီ ပြောခွင့်ရ စိုင်းလိတ်က –  “အန်အယ်ဒီပါတီ ကော ကြံ့ခိုင်ရေးပါတီကော စည်းရုံးရေးဆင်းပြီးသွားပြီ။ သူတို့အလှည့်တုန်းကလည်း ရွာသားတွေက အိုးစည်ဗုံမောင်းတီးပြီးတော့မှ ကြိုဆိုတယ်။ ဘာမှပြသနာမရှိဘူး။ အခု ကျနော်တို့ သွားတဲ့ အလှည့်ကျမှဘဲ အိုးစည်ဗုံမောင်းတီးခွင့်မရှိဘူးလို့ကန့်သတ်ချက်ထွက်လာတော့ ဒါမဲဆန္ဒရှင်ကိုတဖက်လှည့် ခြိမ်းခြောက်တာဘဲ။ တရားမဲ့ပြုကျင့်တာဘဲလို့ကျနော်တို့ယူဆတယ်။ ဒါကြောင့်ကျနော်တို့လုံးဝ ကန့်ကွက်တယ်။ နောက်နောင် ဒီလိုအလားသဏ္ဍာန်ထပ်ပေါ်ပေါက်ရင် လိုအပ်ရင် ယူအီးစီအထိ တိုင်ကြားသင့်ရင် တိုင်ကြားသွားမယ်လို့ ကျနော်တို့ ပြောချင်ပါတယ်။ “- ဟု သျှမ်းသံတော်ဆင့်အား ပြောပြသည်။

Photo By SNLD / စည်းရုံးဟောပြောမှုတွင် ခွင့်ပြုချက်မတောင်းဘဲ ဓါတ်ပုံဝင်ရိုက်သူမှာ ရာအိမ်မှူး ကိုနိုင်

SNLD ပါတီမှ ရပ်ကွက်ကြီး ၂၀ နောင်ခမ်းကြီးကျေးရွာ သားများနှင့် တွေ့ဆုံစည်းရုံးဟောပြောသည့်နေရာမှာ ပါနန်းကျောင်းအိမ် တို့၏အိမ်ဖြစ်ပြီး စည်းရုံးဟောပြောမှုပြုနေစဉ် ခွင့်ပြုချက်မတောင်းဘဲ အထက်လူကြီးအမိန့် အရ ဟုဆိုကာ ဓါတ်ပုံဝင်ရိုက်သူမှာ ရာအိမ်မှူး ကိုနိုင် ဆိုသူဖြစ်ကြောင်း ၊ အိမ်ရှင်အပါအဝင် ရပ်မိရပ်ဖ စိုင်းချစ်ဦး နှင့် စိုင်းအောင်ကြီးတို့အား ဖုန်းဆက်ဆင့်ခေါ်သူမှာ အုပ်ချုပ်ရေးမှူး အောင်ဇော်မြင့် ဆိုသူဖြစ်ကြောင်း လည်း စည်းရုံးရေးခရီးစဉ်တွင်လိုက်ပါသည့် SNLD ပါတီဝင်လူငယ်တဦးက သျှမ်းသံတော်ဆင့်အား ပြောပြသည်။

“ ဒီကိစ္စက ကျနော်တို့ခရိုင်ကော်မတီကို ဖုန်းဆက်ပြောပြီးပြီ။ ခရိုင်ကော်မတီဆီမှာခွင့်တောင်းထားပါလျှက်နဲ့ အခုလိုခြိမ်းခြောက်နှောင့်ယှက်တာမျိုးတော့မဖြစ်သင့်ဘူး။ ပြင်ဦးလွင် မြို့နယ်အုပ်ချုပ်ရေးမှူးကိုလည်း ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေကနေ ဖုန်းဆက်တယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးကလည်း ဒီကိစ္စ စီစစ်ပြီးတော့ ဆောင်ရွက်ပေးပါမယ်လို့ပြောတယ်။ ” – ဟု သျှမ်းပြည်မြောက်ပိုင်း SNLD ပါတီအတွင်းရေးမှူးလည်းဖြစ်သည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုင်းဝမ်းလျန်းခမ်း ကပြောသည်။

ပြင်ဦးလွင်မြို့နယ် နောင်ခမ်းကြီးကျေးရွာအုပ်စု ရပ်ကွက်ကြီး ၂၀ တွင် သျှမ်းလူမျိုး လူဦးရေ ၅၀၀ ကျော် အိမ်ခြေ ၁၅၀ ကျော်ရှိကြောင်း သိရသည်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ဗမာအမျိုးသား ဦးကျော်ဇော က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ၀င်ရောက်ယှဉ်ပြိုင်ပြီး မန္တလေးတိုင်းဒေသကြီး သျှမ်းတိုင်းရင်းသားရေး ရာဝန်ကြီးဖြစ်လာသည်။ သို့သော် ၂၀၁၈ ယခုနှစ်ဦးပိုင်းက ၄င်းကွယ်လွန်သွားသောကြောင့် သျှမ်းတိုင်းရင်း သား ရေးရာဝန်ကြီး နေရာလစ်လပ်လာခြင်းဖြစ်သည်။

မန္တလေးတိုင်းတွင် သျှမ်းတိုင်းရင်းသားရေးရာကိုယ်စားလှယ်အတွက် NLD ပါတီ ၊ ကြံ့ခိုင်ရေးပါတီ နှင့် SNLD ပါတီတို့အပြင် တသီးပုဂ္ဂလများလည်း ယှဉ်ပြိုင်မည်ဖြစ်ရာ ကျားခေါင်းပါတီမှ နန်းထွေးမှုံက ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်းသိရသည်။ ယှဉ်ပြိုင်မည့်သူအားလုံးနီးပါးမှာ သျှမ်းတိုင်းရင်းသားများသာဖြစ်ကြောင်းလည်းသိရသည်။

ကြားဖြတ်ရွေးကောက်ပွဲကို ယခုနှစ် နို၀င်ဘာလခန့်တွင်ကျင်းပမည်ဖြစ်ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“သျှမ်းပြည် စစ်ရေး၊ နိုင်ငံရေး အခင်းအကျင်းပေါ်မှာ ကြီးကြီးမားမား ရိုက်ခတ်မှု ရှိနိုင်ပါတယ်”

0
ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း ပြည်သူ့ဆန္ဒမငဲ့ဘဲ တစ်နိုင်ငံလုံး ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို မဖြစ်မနေ ရအောင် ကျင်းပသွားပါမယ်ဆိုပြီး ဩဂုတ်လလယ်ပိုင်းမှာ ရွေးကောက်ပွဲ မဲဆန္ဒနယ်၊ ကျင်းပမည့်ရက်၊ ကျင်းပမယ့်ပုံစံ တွေကို စစ်ကောင်စီအသွင်ပြောင်း စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်တိုက် ကြေညာခဲ့ပါတယ်။ ရွေးကောက်ပွဲကို လာမယ့် ဒီဇင်ဘာလ ၂၈ ရက်မှာ စတင်ကျင်းပမှာဖြစ်ပြီး...

“နိုင်ငံရေးအဖြေ မဟုတ်တဲ့ ရွေးကောက်ပွဲကို ဘယ်လိုမှ လက်ခံစဉ်းစားလို့ မရတဲ့အတွက်ကြောင့်မလို့ ကျနော်တို့ ရပ်တည်ချက်ကနဂိုအတိုင်းပဲ ရှိတယ်”

0
စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ထံ မှတ်ပုံပြန်မတင်ရန်  ၂၀၂၃ မတ်လကတည်းက ဆုံးဖြတ်ထားခဲ့သည့် SNLD ပါတီ၏ သဘောထားရပ်တည်ချက်၊ တရုတ်နိုင်ငံနှင့် နိုင်ငံခြားဆက်ဆံရေး၊ သျှမ်းပြည်နိုင်ငံရေး အခြေအနေများကို သျှမ်းသံတော်ဆင့် သတင်းထောက် စိုင်းခွမ်မိန်းမှ SNLD ပါတီ  ပြောရေးဆိုခွင့်ရှိသူ စိုင်းလိတ် ထံ ဆက်သွယ်မေးမြန်းထားသည်။

SNLD ရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံပြန်တင်ရန် ကိစ္စ ဆွေးနွေးမှုပြုလုပ်နေ

0
သျှမ်းလူထုထောက်ခံမှုအများဆုံးရသည့် ပါတီဖြစ်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ပါတီ မှတ်ပုံပြန်တင်ရန်၊ မတင်ရန် ကိစ္စနှင့် ပတ်သက်ပြီး ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ စစ်ကောင်စီလက်အောက်တွင် ကျင်းပမည့် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် အတွက် ယခုရက်ပိုင်းတွင် လူမျိုးစုများဘက်မှ နိုင်ငံရေးပါတီများအဖြစ် ထပ်မံဖွဲ့စည်းခဲ့ကြပြီး ရွေးကောက်ပွဲ...

အာဏာရှင်စနစ်နှင့် ထောက်တိုင်များ အပြီးတိုင် ဖယ်ရှားရန် သျှမ်းပါတီ SNLD တိုက်တွန်း

0
ကမ္ဘာ့ စံချိန်တင် ကြာရှည်နေသည့် ပြည်တွင်းစစ်သည် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို လက်မခံသည့် အာဏာရှင်အဆက်ဆက်၏ ကျဉ်းမြောင်းယုတ်ညံ့သော နိုင်ငံရေးကလိမ်ကျမှုကြောင့် သက်ဆိုးရှည်နေခြင်း ဖြစ်သည်ဟုလည်း SNLD ပါတီက ယနေ့ ထုတ်ပြန်သည်။ အာဏာရှင်စနစ်နှင့် ယင်း၏ထောက်တိုင်များအား အပြီးတိုင်ဖယ်ရှားမှသာ နိုင်ငံရေး ပြဿနာ အရပ်ရပ်ကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းနိုင်မည်ဖြစ်ပြီး ခေတ်အခြေအနေနှင့်...

SNLD အတွင်းရေးမှူးဟောင်း ဦးစိုင်းတင်လှိုင်ကွယ်လွန်

0
ရှမ်းတိုင်းရင်းသားများ ဒီမီကရေစီအဖွဲ့ချုပ် SNLD (ကျားခေါင်းပါတီ) ၏ အတွင်းရေးမှူးဟောင်း ဦးစိုင်းတင်လှိုင် ယနေ့ (မေလ ၁၇) ရက် နံနက်အစောပိုင်းတွင် ကွယ်လွန်သွားကြောင်း သိရသည်။ SNLD အတွင်းရေးမှူးဟောင်း ဦးစိုင်းတင်လှိုင်သည် လူကြီးရောဂါဖြင့် နေအိမ်တွင်ကွယ်လွန်သွားခြင်းဖြစ်ပြီး ကွယ်လွန်ချိန်၌ အသက် ၈၄ နှစ်အရွယ်ရှိပြီဖြစ်ကြောင်း SNLD ရုံးအဖွဲ့မှူး...