Tuesday, January 27, 2026

စည်းရုံးရေး အတွင်းအငြင်းပွားမှု မဖြစ်စေရန် မဲဆွယ်ခရီးစဉ် စာတင်ရ

၂၀၂၀ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ တွင် အငြင်းပွားမှု မဖြစ်စေရန် အတွက် ပါတီ ကိုယ်စားလှယ်လောင်းများ အနေဖြင့် မဲဆွယ် စည်းရုံးရေးသွားမည့် နေရာကို ကြိုတင်ပြီး ရွေးကောက်ပွဲ ကော်မရှင်ထံ စာတင်ထားရကြောင်း သိရသည်။

စက်တင်ဘာ (၈) ရက်မှ စတင်ကာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် က နိုင်ငံရေး ပါတီ အသီးသီးကို တရားဝင် မဲဆွယ် စည်းရုံးရေး စတင်ခွင့် ပြုလိုက်သည်။

“မဲဆွယ်တဲ့ ခရီးစဉ်တွေကို တစ်နေရာ သွားပြီး ထပ်မှာစိုးလို့ အဲ့လို ထပ်ပြီးရင် တစ်ဖွဲ့ နဲ့ တစ်ဖွဲ့ အငြင်းပွားစရာ ဖြစ်လာမှာဆိုးလို့ ကြိုတင်ပြီး စာတင်ခိုင်းတာပါ။ စာတင်ပြီးမှ ကော်မရှင်က အဲ့ဒါမှ သိမှာပေါ့။ ပါတီတွေက အများကြီးဆိုတော့ သူ့ အလှည့် ကိုယ့်အလှည့် အဆင်ပြေအောင် သွားရတာပေါ့။” ဟု သျှမ်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးထင်ကျော် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

လွှတ်တော်ကိုယ်စားလှယ်လောင်းများ မဲဆွယ် စည်းရုံးသည့် နေရာတွင် တစ်ပါတီ နှင့် တစ်ပါတီ မထပ်စေရန်အတွက် ကြိုတင်ပြီး မဲဆွယ် စည်းရုံးမည့် လမ်းကြောင်းကို လိုက်လျောညီထွေမှုရှိအောင် ကြိုတင် မဲဆွယ် စည်းရုံးခွင့် လျှောက်ထားရခြင်း ဖြစ်ကြောင်း ဦးထင်ကျော် က ထပ်လောင်းပြောသည်။

“စာတွေ တင်ဖို့ ကျနော်တို့ plan ဆွဲထားပါတယ်။ ကျနော်တို့အတွက်က ဒီလောက်ကြီး အခက်ခဲမရှိပါဘူး။ Plan ဆွဲထားပြီးတော့ တင်ရုံပဲ ရှိတာပါ။” ဟု မူဆယ် မဲဆန္ဒနယ် အမှတ်(၂) မှာ ဝင်ရောက်ယှဉ်ပြိုင်မည့် SNLD ကိုယ်စားလှယ်လောင်း ဦးစိုင်းကျော်ဝင်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ပါတီစည်းရုံးရေးဆင်းခွင့် လျှောက်ထားရာမှာ ဘယ်နေ့ ဘယ်ရက်မှာ ဘယ်မြို့နယ် ဘယ်ကျေးရွာ မှာ စည်းရုံးရေး ဆင်းမည်ဆိုတဲ့ ခရီးစဉ်အကြောင်းကို ကြိုတင်ပြီး စာတင်ရခြင်း ဖြစ်သည်။

စုဝေးဟောပြောခြင်း နှင့် မဲဆွယ် စည်းရုံးခြင်းအား လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း ကြေညာပြီး (၁၅) ရက်အတွင်း တင်ရမည်ဖြစ်ပြီး စက်တင်ဘာ ၁၄ ရက် ထိ နောက်ဆုံးထားပြီး သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် တင်ပြသွားရန် နှင့် အချိန်ကျော်လွန် တင်ပြသော မဲဆွယ်စည်းရုံးခွင့် လျှောက်လွှာများအား ခွင့်ပြုပေးမည် မဟုတ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝ” အမျိုးသားပါတီ WNP ဒုဉက္ကဌကို ယာယီဉက္ကဌအဖြစ်တင်မြှောက်

0
လစ်လပ်နေသည့် “ဝ”အမျိုးသားပါတီ(WNP) ၏ ဥက္ကဌနေရာအတွက် ဒုဉက္ကဌ  ဖြစ်သည့်  ဦးညီပလုပ် အား ပါတီ၏ ယာယီဥက္ကဌအဖြစ် ခန့်အပ်တာဝန်ပေးကြောင်းပါတီမှ ထုတ်ပြန်ထားသည်။ ဦးဆိုင်ပေါင်းနပ် ပါတီဥက္ကဌရာထူးမှ နှုတ်ထွက်သွားပြီးနောက် လစ်လပ်နေသည့် ပါတီ၏ ဥက္ကဌနေရာ အတွက် "ဝ" အမျိုးသားပါတီ မှ ဗဟိုကော်မတီဝင်များသည် သြဂုတ်လ ၂၀...

ရွေးကောက်ပွဲ တရားမျှတမှု ဖော်ဆောင်နိုင်ခြင်းမရှိဟု SNDP ပြော

0
၂၀၂၀ အထွေထွေရွေးကောက်ပွဲ နှင့် စပ်လျဉ်းပြီး လွတ်လပ်ပြီး တရားမျှတစွာ ဖော်ဆောင်နိုင်ခဲ့ခြင်းမရှိကြောင်း ဇန်နဝါရီ (၂၄) ရက်စွဲဖြင့် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(SNDP)မှ ထုတ်ပြန်လိုက်သည်။ “တပ်မတော်ဘက်က ထုတ်ပြန်ထားတဲ့ မဲစာရင်းတွေလည်းရှိတော့ ပြန်လည်စိစစ်ဖို့ လိုတယ်တယ်။ဖြေရှင်းပြီးမှပဲ လွှတ်တော်ခေါ်ယူရေး လုပ်ငန်းစဉ် ဆောင်ရွက်ပေးဖို့အကြောင်း မြင်တဲ့အတွက်ကြောင့်မလို့ ထုတ်ပြန်ချက်ထုတ်ရခြင်း ဖြစ်ပါတယ်” ဟု SNDP...

၂၀၂၀ ရွေးကောက်ပွဲတွင် မြန်မာတဝှမ်း မဲဆန္ဒနယ် (၁၁၁၇) နယ်ရွေးကောက် နိုင်ခဲ့

0
၂၀၂၀ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာ မြန်မာနိုင်ငံတွင်းရှိ မဲဆန္ဒနယ် စုစုပေါင်း (၁၁၁၇) နေရာ ရွေးကောက် နိုင်ခဲ့ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် က ထုတ်ပြန်ကြောညာခဲ့သည်။ နိုင်ဝင်ဘာ (၁၅) ရက်တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ထုတ်ပြန်ချက်အရ ၂၀၂၀ ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲမှ...

၂၀၂၀ ရွေးကောက်ပွဲ မကျင်းပနိုင်သည့် နေရာများကို အမြန်ကျင်းပရန် တပ်မှ ညှိနှိုင်းနေဟုဆို

0
သျှမ်းပြည် မိုင်းကိုင်မြို့နယ် အတွင်း ကြားဖြတ်ရွေးကောက်ပွဲ အမြန်ကျင်းပနိုင်ရန် အတွက် သက်ဆိုင်ရာအဖွဲ့အစည်းကို ညှိနှိုင်း နေကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး က ထုတ်ပြန်ကြေညာခဲ့သည်။ နိုဝင်ဘာ ၁၂ ရက် ယမန်နေ့က ထုတ်ပြန်သောအဆိုပါကြေငြာချက်တွင် တပ်မတော်အနေဖြင့် ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ ပြုလုပ်ရန် ပယ်ဖျက်ခံထားရသည့်နေရာများတွင်...

၂၀၂၀ ရွေးကောက်ပွဲသည် တရားမျှတမှု မရှိ နိုင်ငံရေးအသိုင်းအဝိုင်းပြော

0
နိုဝင်ဘာ (၈)ရက်တွင် ကျင်းပခဲ့သည့် အထွေထွေ ရွေးကောက်ပွဲ သည် လွတ်လပ်ပြီး၊တရားမျှတမှု မရှိကြောင်း နိုင်ငံရေး အသိုင်းအဝန်းက ပြောဆိုလိုက်သည်။ သျှမ်းပြည်တဝှမ်း နိုဝင်ဘာ (၈) ရက်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် နိုင်ငံရေး စစ်ရေး နှင့် ကိုဗစ်စိန်ခေါ်မှုများကြားမှ ကျင်းပပြီးစီးခဲ့သော်လည်း လွတ်လပ်ပြီး တရားမျှသည့် ရွေးကောက်ပွဲ...