တောင်ကြီး တွင် Quarantine ဝင်နေသည့် အမျိုးသား တဦး သေဆုံး

သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့ အမှတ်(၂) အထက်တန်းကျောင်းတွင် Quarantine ဝင်နေသည့် အမျိုးသား တဦး စဝ်စံထွန်းဆေးရုံတွင် ယနေ့(စက်တင်ဘာ ၂၀) ရက် သေဆုံးသွားကြောင်း စုံစမ်းသိရသည်။

Photo by SHAN

အဆိုပါ အမျိုးသားသည် အသက် (၆၇) နှစ်ရှိပြီး ယမန်(စက်တင်ဘာ ၁၉ )ရက်တွင် ရန်ကုန်မှ တောင်ကြီးသို့ သားအဖ ၂ဦး ပြန်လာကာ တောင်ကြီး အမှတ်(၂)အထက်တန်းကျောင်းတွင် Quarantine ဝင်နေသူများဖြစ်သည်။

ထိုသူ ၂ဦးထဲမှ အသက် ၆၇ အရွယ်ရှိ အမျိုးသားသည် ယနေ့ မနက်ပိုင်းတွင် ချောင်းဆိုးပြီး အမောဖာက်ကာ စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ခဲ့ရာ ယနေ့ ညနေ (၄) နာရီ တွင် သေဆုံးခဲ့ကြောင်း တောင်ကြီး စဝ်စံထွန်းဆေးရုံ မှ ဒေါက်တာ ဝေဝေမွန်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ဆေးရုံးမှာဘဲ သေဆုံးတာပါ။ အခုက ကိုဗစ် ၁၉ နဲ ပတ်သတ်မှုရှိလာတော့ သေချာပြောလို့မရသေးဘူး။ ဆေးစစ်နေသေးတယ်” ဟု တောင်ကြီးမြို့ ဒေါက်တာဝေဝေမွန် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

အဆိုပါ သားအဖ ၂ဦးသည် ရန်ကုန်မြို့တွင် ၂ပတ်ခန့်နေထိုင်ခဲ့ပြီး ဆေးကုသနေသည့် သူများဖြစ်ကြောင်း၊ လက်ရှိမှာ ဖခင်ဖြစ်သူ သေဆုံးသွားပြီး၊ သားဖြစ်သူမှာလည်း အနံ့ မရသဖြင့် ဆေးရုံတွင် တင်ထားကြောင်း၊ ထိုသူ ၂ဦးကို ကိုဗစ်ပိုးရှိ၊ မရှိ စစ်ဆေးနေကြောင်း လည်း ဒေါက်တာဝေဝေမွန်က ပြောသည်။

“သူသေဆုံးသွားတာ ဟုတ်ပါတယ်။သူရဲသားက ကျတော်ကို ဖုန်းဆက်ပြီးပြောလာတာပါ။ အခုသူကို စဝ်စံထွန်း ဆေးရုံးမှာ ပါ” ဟု တောင်ကြီး ပရိဟိတ ကိုဝင်နိုင်းစိုက ပြောသည်။

ထိုသူ ၂ဦးသည် ကိုယ်ပိုင်ကားဖြင့် ရန်ကုန်မှ တောင်ကြီးသို့ပြန်လာပြီး၊ တောင်ကြီးမြို့တွင် တဦးတယောက်နှင့်မျှ ထိတွေ့မှု မရှိကြောင်းလည်း ကိုဝင်းနိုင်စိုး ၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။

မြန်မာနိုင်ငံတဝှမ်းလုံ ကိုဗစ်-၁၉ လူနာ စုစုပေါင်းလူနာ (၅၂၆၃) ဦးရှိပြီး သေးဆုံးလူနာ စုစုပေါင်း (၈၉ ) ဦးရှိပြီး ဖြစ်ကြောင်း စက်တင်ဘာ (၂၀) ညနေ ၅နာရီခွဲတွင် ကျန်းမားရေး နှင့် အားကစားဝန်ကြီး ဌာနထုတ်ပြန်ချက် သိရသည်။

အလုပ်သင် သတင်းထောက် စိုင်းဆိုင်လှိုင်းရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ယာဉ်နံပတ်ပွား ဆီထုတ်မှုကြောင့် QR အသစ် ပြန်လျှောက်ရမည်

0
သျှမ်းပြည်အတွင်း စက်သုံးဆီများကို တန်းစီဝယ်ရာတွင် ယာဉ်နံပတ်များကို ပွားပြီး ဝယ်ယူမှုများတွေ့ရှိနေသဖြင့် ယာဉ်ပိုင်ရှင်များ QR ကုတ်အသစ် ပြန်လည်လျှောက်ထားရမည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန က ယမန့်နေ့ (ဇူလိုင် ၃၀)ရက်တွင် ထုတ်ပြန်ခဲ့သည်။  ထို QR ကုတ် အသစ် ပြန်လည်လျှောက်ထားရာတွင် မော်တော်ယာဉ်မှတ်ပုံတင် သက်သေခံ လက်မှတ် အစစ်အမှန်ဖြစ်ကြောင်း သက်ဆိုင်ရာ (ကညန)၏ ထောက်ခံချက်...

သျှမ်းတောင်တွင် ဝက်နာကျ သေဆုံးမှုဖြစ်ပြီးနောက် ဝက်သားစျေးကျ

0
သျှမ်းပြည်တောင်ပိုင်းတွင် ဝက်နာရောဂါဖြစ်ပွားပြီး ဆက်တိုက်သေဆုံးမှုများလာပြီးနောက် ဝက်သားစျေးနှုန်း ကျဆင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လမှစပြီး သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ဝက်နာရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးမှု များရှိခဲ့ပြီးနောက် ဝက်သားဈေးနှုန်းများ ကျဆင်းလာပြီး ဝက်ဝယ်သူများလည်း နည်းပါးလာကြောင်း သိရသည်။ “ဝက်ကလည်း ရောင်းချင်နေပြီ ဝယ်သမားကလည်း မရှိဘူး၊ အရင်က သိန်း (၃၀)...

တောင်ကြီးတွင် ခွေးများကို ပစ်မှတ်ထား အစာအဆိပ်ခတ်ခံနေရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး အစာအဆိပ်ခတ် နေသည့် အုပ်စုများရှိနေကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး ထမင်းကဲ့သို့သော အစားအစာများဖြင့် အဆိပ်ခတ်သည့် ဖြစ်စဉ်သည် နေ့စဉ်နှင့်အမျှ ဖြစ်လာကြောင်း၊ ထိုအဆိပ်ခတ်နေသည့် ပုံစံသည် တူညီမှုများရှိနေသဖြင့် ခွေးများကို ဉီးတည်ပြီး သတ်နေသည့်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

တောင်ကြီး လိုင်စင်မဲ့ယာဉ် ရှောင်တခင်ဖမ်းဆီးမှုကြမ်းနေ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့တွင် ယခုရက်ပိုင်း လိုင်စင်မဲ့ယာဉ်များကို ရှောင်တခင် ဖမ်းဆီးစစ်ဆေးမှုများ ပိုလုပ်လာကြောင်း သတင်းရရှိသည်။ ထို လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးမှုကြောင့် မြို့နှင့်အနီးတဝိုက်ရှိ ကျေးရွာဒေသခံများအနေဖြင့် မြို့ပေါ်သို့ အခါကြီးရက်ကြီးများ နှင့် ဈေးနေ့များတွင် မြို့ပေါ်သို့ သွားလာခြင်း၊ အခြေခံစားသောက်ကုန်၊လူသုံးကုန်ပစ္စည်းများ ဝယ်ယူရာသူ အခက်အခဲများရှိနေကြောင်း ဟိုပုံးမြို့နယ် အမျိုးသားတစ်ဦးက...