Tuesday, January 27, 2026

တရုတ်နယ်စပ်ဂိတ်များထပ်မံတင်းကြပ် နမ့်ခမ်းမြို့တွင် ကုန်စိမ်းများပြတ်လပ် အဆမတန်စျေးတက်

ကိုဗစ်ကူးစက်မှုကြောင့် သျှမ်းပြည်မြောက်ပိုင်း မြန်မာ-တရုတ်နယ်စပ် နမ့်ခမ်းမြို့တွင် တရုတ်အစိုးရမှ နယ်စပ် ၀င်/ထွက်ပေါက်များအားလုံး တင်းကြပ်ပိတ်လိုက်သောကြောင့် တရုတ်မှတင်သွင်းရောင်းချသော ဟင်းသီး ဟင်းရွက်များစျေး အဆမတန်မြှင့်တက်နေပြီး မွေးမြူရေးငါးများ ပြတ်လပ်နေသည် အထိဖြစ်ပေါ် နေကြောင်း သတင်းရရှိသည်။

Photo Credit to Numkham Youth: နမ့်ခမ်း အောင်မေတ္တာရပ်ကွက်စျေးရှိ ပျံကျစျေးသည်များ

“ဒီနေ့ နမ့်ခမ်းစျေးထဲမှာ ဟင်းသီးဟင်းရွက်များ စျေးအဆမတန်တက်နေတယ်ရှင့် ၊ ကျမတို့ မြို့ထဲမှာ ဟင်းသီးဟင်းရွက်တွေ သိပ်မစိုက်ကြတော့ ဒီရက်ပိုင်း တရုတ်ဘက်ကုန်စိမ်းသည်တွေ လာလို့မရတော့ ဟင်းသီးဟင်းရွက်တွေစျေးတက်နေတာ။ စျေးတက်နေတာမကဘူး တချို့ဟာတွေဆို ပစ္စည်းပြတ်နေပြီ ” ဟု စားသောက်ဆိုင်ပိုင်ရှင် ပါ့ပီး ပြောသည်။

နယ်စပ်ဝင်ထွက်ပေါက် မပိတ်ခင်ကာလ ခရမ်းချဉ်သီး တစ်ပိဿာစျေး တစ်ထောင်ကျပ်သာ ရှိသော်လည်း ယနေ့မှာ တစ်ပိဿာ သုံးထောင်ကျပ်အထိစျေးတက်သွားကြောင်း အလားတူ ယခင် က တစ်ပိဿာ ရှစ်ရာကျပ်ပေးဝယ်ရသော အာလူးမှာလည်း ယခုတွင် တစ်ပိဿာ နှစ်ထောင့်ငါးရာကျပ် ရောင်းနေကြ ကြောင်း ၄င်းကသျှမ်းသံတော်ဆင့် အားပြောပြသည်။

“ကုန်စိမ်းတွေ စျေးတက်နေလည်း မတတ်နိုင်ဘူး။ မီးဖိုချောင်သုံးပစ္စည်းဖြစ်တာကြောင့် မဖြစ်မနေ ၀ယ်ယူ ချက်ပြုတ်သုံးနေရမှာပဲ၊ တရုတ်ဘက်က ပိတ်နေသရွေ့တော့ မီးဖိုချောင်သုံးပစ္စည်းတွေကို စျေးကြီးကြီးနဲ့ဝယ်ယူစားသုံးနေရဦးမယ်” ဟု အိမ်ရှင်မတစ်ဦး ဖြစ်သူ နန်းခမ်း ကပြောသည်။

နမ့်ခမ်းမြို့စျေးထဲတွင် တရုတ်ထွက်မွေးမြူရေးငါးများ ပြတ်လပ်နေသည်မှာ ၃ ရက်ခန့်ရှိနေပြီဖြစ်ကြောင်း မူစယ်-နမ့်ခမ်း ဘက်ခြမ်းတွင်လည်း ငါးမွေးမြူရေးမလုပ်ကြသဖြင့်လက်ရှိ နမ့်ခမ်းမြို့စျေးထဲတွင် ဆလားဗီးယားငါးများနှင့် ငါးခူများ ပြတ်လပ် နေသည် အထိဖြစ်နေကြောင်း နမ့်ခမ်းမြို့ဒေသခံ လုံးဆိုင်လုံ ကဆိုသည်။

မူစယ် – နမ့်ခမ်းမြို့နှင့် နီးစပ်သော တရုတ်နိုင်ငံ ရွှေလီမြို့တွင် စက်တင်ဘာ ၁၄ ရက်နေ့က တရုတ်နိုင်ငံ အတွင်း ခိုးဝင်နေထိုင်သည့် မြန်မာနိုင်ငံသား နှစ်ဦးထံ ကိုဗစ် ရောဂါပိုး အတည်ပြုတွေ့ရှိရပြီး တရုတ်အစိုးရ မှ ရွှေလီမြို့နှင့်အနီးတဝိုက် အရေးပေါ်အခြေအနေကြေငြာပြီး မြန်မာ-တရုတ်နယ်စပ်တစ် လျှောက်ရှိ ၀င်ထွက်ပေါက်အားလုံးကို လုံခြုံရေးတင်းကြပ်ပြီး ပိတ်ပင်ထားလိုက် သည်။

(သျှမ်းသံတော်ဆင့်သတင်းထောက် စိုင်းဘတိုင်း ရေးသားပေးပို့သည်။)

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တရုတ်- အမေရိကန် ကျားဖြန့်အားပြိုင်မှုကြား ရုန်းထွက်ရန် ကြိုးစားနေသည့် စစ်အုပ်စုနှင့် EAOs များ

0
ကမ္ဘာ့အင်အားကြီး အမေရိကန်နှင့် တရုတ်နိုင်ငံတို့သည် မြန်မာနယ်စပ်မှ ကျားဖြန့်နှိမ်နင်းရေး လုပ်ငန်းများကို အပြိုင်အဆိုင် လုပ်ဆောင်လာနေပြီး အဆိုပါနိုင်ငံကြီးနှစ်ခု အားပြိုင်မှုတွင် ကြားမညှပ်ရေး စစ်အုပ်စုနှင့် လက်နက်ကိုင် အဖွဲ့အစည်းအချို့က ရုန်းထွက်ရန် ကြိုးစားနေကြကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူများက ပြောသည်။ တရုတ် - မြန်မာ နယ်စပ်တစ်လျှောက် အပါအဝင် ထိုင်း...

တရုတ်နိုင်ငံရောက် စစ်ကော်မရှင်ဝန်ကြီး ဓာတ်ငွေ့ပိုက်လိုင်း လုံခြုံရေးကိစ္စဆွေးနွေး

0
စစ်ကော်မရှင်လက်အောက်ခံ စွမ်းအင်ဝန်ကြီးသည် တရုတ်နိုင်ငံပိုင် စွမ်းအင်ဆိုင်ရာ အဖွဲ့အစည်းများမှ အကြီးအကဲများနှင့် တွေ့ဆုံစဉ် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း လုံခြုံရေးကိစ္စများ ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ တရုတ်နိုင်ငံတွင် စွမ်းအင်အသွင်ကူးပြောင်းရေးဖိုရမ် တက်ရောက်နေသည့် စစ်ကော်မရှင်လက်အောက်ခံ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် အောက်တိုဘာလ (၂၁) ရက်တွင် တရုတ်နိုင်ငံပိုင် China...

ပိုးလမ်းမစီမံကိန်း BRI ကို လူထုလက်ခံလာရေး ဆိုရှယ်မီဒီယာပေါ်ထိုးဖောက်ရန် တရုတ်ကြိုးပမ်း

0
တရုတ်နိုင်ငံက အကောင်အထည်ဖော်နေသည့် ပိုးလမ်းမစီမံကိန်း BRI ကို လူထုလက်ခံလာရေး ဆိုရှယ်မီဒီယာမှတဆင့် ထိုးဖောက်ရန် သက်ဆိုင်ရာနိုင်ငံများမှ အင်တာနက်ပေါ် နာမည်ကြီးသူများကို ဖိတ်ခေါ်ကာ ယူနန်ပြည်နယ်တွင် မီဒီယာဖိုရမ် ကျင်းပပြုလုပ်ခဲ့သည်။ စက်တင်ဘာလ ၁၆ ရက်နှင့် ၁၇ ရက်တွင် ယူနန်ပြည်နယ် ကူမင်းမြို့၌ ပိုးလမ်းမစီမံကိန်း BRI နှင့်...

MNDAA က နယ်စပ်လုံခြုံရေးအတွက် သေနတ်(၂၀၀) လက်ကို တရုတ်လက်အပ်၊ (၅၀၀)နီးပါး မီးရှို့ဖျက်ဆီး

0
မြန်မာ-တရုတ်နယ်စပ် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို မြှင့်တင်ရန် ကိုးကန့်တပ်ဖွဲ့ MNDAA က သေနတ် (၆၇၆) လက်ကို သိမ်းဆည်းခဲ့ပြီး ထိုထဲမှ သေနတ် (၂၀၀) လက်ကို တရုတ်နိုင်ငံဘက် လွှဲပြောင်းပေးခဲ့ကာ ကျန်ရှိသည့် (၄၇၆) လက်ကို မီးရှို့ဖျက်ဆီးလိုက်ကြောင်း သတင်းသိရသည်။ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့်...

တရုတ်“ကျားကွက်”ထဲက လားရှိုးမြို့

0
“ စကစပဲ အုပ်ချုပ်သည်ဖြစ်စေ၊ ကိုးကန့်တပ်ကပဲ အုပ်ချုပ်သည်ဖြစ်စေ ကြိုက်တဲ့လူအုပ်ချုပ်ပါစေ ပြည်သူကတော့ အုပ်ချုပ်တဲ့လူတွေ ပြည်သူတွေအပေါ် မျှမျှတတ ဖြစ်ဖို့ပဲ လိုချင်တယ်။ ဘယ်သူ လာအုပ်ချုပ်ပါ၊ ဘယ်သူ မအုပ်ချုပ်နဲ့ လို့လည်း ပြောပိုင်ခွင့် မရှိဘူး၊ လက်ယက် ခေါ်လို့လည်း မရဘူး”လို့ လားရှိုးမြို့သိမ်းတိုက်ပွဲအတွင်း စစ်ဘေးရှောင်ဖြစ်ခဲ့ရတဲ့...