Thursday, April 25, 2024

ဆီဆိုင် တွင် ၁၃နှစ် အရွယ် ကလေးတဦးထံ ကိုဗစ်-၁၉ တွေ့

Must read

သျှမ်းပြည်တောင်းပိုင်း ဆီဆိုင်မြို့နယ်၊ ဆိုင်ခေါင်မှ အတည်ပြုလူနာ နှင့် ထိတွေ့ခဲ့သော သူတစ်ဦးသည် ကိုဗစ် ၁၉ ပိုးတွေ့ ရှိကြောင်း စုံစမ်းသိရှိရသည်။

U Thein Zaw/ Facebook

စက်တင်ဘာ ၁၈ ကျန်းမာရေးထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ကူးစက်ခံရသူ (၂၅၆) ဦး ရှိပြီး၊ သေဆုံးသူ (၁)ဦးရှိကြောင်း၊ ထိုထဲတွင် ဆီဆိုင်မြို့နယ်၊ ဆိုင်ခေါင် ကျေးရွာ မှ အသက် ၁၃နှစ် အရွယ် တဦး ပါဝင်ကြောင်း သိရသည်။

“သူကဆိုင်ခေါင်ကဘဲ၊ ခရီးသွား ရာဇဝင်မရှိဘူး။ရောဂါ လကပတာတွေမရှိဘူး။ သူအဖေက အတည်ပြုလူနာ ဆိုတော့၊ သူအဖေနဲ့ ထိတွေ့ လို့ ပိုးတွေ့တယ်လို့ ဘဲယူဆရတယ်” ဟု သျှမ်းပြည်နယ်တောင်ပိုင်း  ပြည်နယ် အထူးရောဂါ နှိမ်းနင်းရေး လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇဝနကို က သျှမ်းသံတော်ဆင့် ကိုပြောသည်။ 

၎င်းပိုးတွေ့လူနာ ကို သျှမ်းပြည်နယ်တောင်းပိုင်း တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံသို့ ပိုးဆောင်လာပြီး၊ထို သူနှင့် ထိတွေ့သူများကိုလည်း ပိုးစစ်ဆေးထားကြောင်း ဒေါက်တာ ဇဝနကို ကဆိုသည်။

အဆိုပါ ပိုးတွေ့လူနာ၏ မိသားစုများကို ဆိုင်ခေါင် တွင် Quaratine ဝင်ထား ကြောင်း သိရသည်။

ယနေ့ (စက်တင်ဘာ ၁၈) မနက်ပိုင်း ၈နာရီ တွင် ကျန်မားရေးဝန်ကြီး ဌာနထုတ်ပြန်ချက်အရ ကိုဗစ်- ၁၉ အတည်ပြုလူနာ ၂၅၆ ဦး ထပ်မံတွေ့ရှိခဲ့ ပြီး သေဆုံးသူ ၁ ဦးတိုးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတဝှမ်း တွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ စုစုပေါင်း (၄၂၉၉ ) ဦးရှိပြီး၊ သေဆုံးသူ (၆၁) ဦးရှိကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက် အရသိရသည်။

အလုပ်သင် သတင်းထောက် စိုင်းဆိုင်လှိုင်း ရေးသားသည်။

Leave a Comments

- Advertisement -spot_img

Latest article