တောင်ကြီး တွင် Mask မတပ်သူများကို ပညာပေးရာ တရက်လျှင် (၁၀၀)ကျော်ရှိ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ရှိ Mask (နှာခေါင်းစည်း) မတပ်သည့် ပြည်သူများကို အသိပညာပေး ပြစ်ဒဏ်များ ဆောင်ရွက်ရာတွင် တရက်လျှင် အယောက် (၁၀၀)ကျော်ရှိကြောင်း စုံစမ်းသိရှိရသည်။

Photo by Win Naing Soe/ Facebook

ယနေ့ စက်တင်ဘာ (၂၁) ရက်တွင်လည်း တတိယအကြိမ်အဖြစ် တောင်ကြီးမြို့ အနှံ့အပြားမှာ Mask မတပ်သည့် ပြည်သူများကို အသိပညာပေး ပြစ်ဒဏ်များ ဆောင်ရွက်နေကြောင်း ကိုဝင်းနိုင်စိုး ထံ သိရသည်။

“Mask မတပ် ကားမောင်းလာသူများ ဆိုင်ကယ် စီးနှင်းလာသူများ ဈေးရောင်းဈေးဝယ်သူ အားလုံး မည်သူမဆို Mask မတပ်တဲ့ လူတိုင်းကို ကျနော်တို့ ပူးပေါင်း စစ်ဆေးရေးအဖွဲ့ကနေပြီးတော့ အသိပညာပေး ပြစ်ဒဏ်များ ဆောင်ရွက် နေပြီဖြစ်ပါတယ်” တောင်ကြီး စေတနာ့ ဝန်ထမ်း ကိုဝင်းနိုင်စိုး က ၎င်း၏ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ Live လွှင့်ပြီး ပြောဆိုခဲ့သည်။

အဆိုပါ အသိပညာပေး ပြစ်ဒဏ်ပေးမှုမှာ စက်တင်ဘာ (၁၅) ရက်မှ စတင်ဆောင်ရွက်ရာ Mask မတပ်သည့်သူ (၁၃၅) ဦး ရှိပြီး ဒုတိယ အကြိမ် အသိပညာပေးမှုမှာ (၁၅၆) ဦး ရှိကြောင်း သိရသည်။

Photo by Win Naing Soe/ Facebook

“ဒီနေ့ တွေ့ရသလောက်တော့ တောင်ကြီးမြို့ပေါ်က ပြည်သူတွေ Mask တပ်ပြီး သွားလာနေကြပေမယ် တချို့ က မတပ်ကြဘူး” ဟု တောင်ကြီးဒေသခံ တစ်ဦး ကပြောသည်။

အသိပညာပေး ခံယူရန်အတွက် ၆ ပေအကွာမှာ ၁၅ မိနစ်ခန့် မတ်တပ်ရပ်ပြီး ပညာပေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

Mask မတပ်သည့် ပြည်သူများကို ရဲတပ်ဖွဲ့များ ၊ ယာဉ်ထိန်းတပ်ဖွဲ့များ၊ အထွေထွေ ဦးစီးဌာနများ၊ ကြက်ခြေနီ အဖွဲ့များ၊ စေတနာ့ ဝန်ထမ်းများ စသည့် ပူးပေါင်းအဖွဲ့ အသိပညာပေး ပြစ်ဒဏ်များ ဆောင်ရွက်နေကြောင်း သိရသည်။

Photo by Win Naing Soe/ Facebook

စက်တင်ဘာ (၂၀) ရက်မှာ တောင်ကြီးမြို့ အမှတ်(၂) အထက်တန်းကျောင်းတွင် Quarantine ဝင်နေသည့် သံသယ လူနာ တစ်ဦး သေဆုံးသူ အပါအဝင် ဓါတ်ခွဲနမူနာ (၃၁၆) ခု စ ယနေ့ တောင်ကြီး စဝ်စံထွန်း ဆေးရုံမှာ စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတဝှမ်းလုံး ကိုဗစ်-၁၉ အတည်ပြု လူနာ စုစုပေါင်း (၅၈၀၅) ရှိပြီး သေဆုံးသူ (၉၇) ဦး ရှိပြီဖြစ်ကြောင်း စက်တင်ဘာ (၂၁) ရက် မနက် (၈) နာရီချိန်တွင် ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းတောင်တွင် ဝက်နာကျ သေဆုံးမှုဖြစ်ပြီးနောက် ဝက်သားစျေးကျ

0
သျှမ်းပြည်တောင်ပိုင်းတွင် ဝက်နာရောဂါဖြစ်ပွားပြီး ဆက်တိုက်သေဆုံးမှုများလာပြီးနောက် ဝက်သားစျေးနှုန်း ကျဆင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လမှစပြီး သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ဝက်နာရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးမှု များရှိခဲ့ပြီးနောက် ဝက်သားဈေးနှုန်းများ ကျဆင်းလာပြီး ဝက်ဝယ်သူများလည်း နည်းပါးလာကြောင်း သိရသည်။ “ဝက်ကလည်း ရောင်းချင်နေပြီ ဝယ်သမားကလည်း မရှိဘူး၊ အရင်က သိန်း (၃၀)...

တောင်ကြီးတွင် ခွေးများကို ပစ်မှတ်ထား အစာအဆိပ်ခတ်ခံနေရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး အစာအဆိပ်ခတ် နေသည့် အုပ်စုများရှိနေကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး ထမင်းကဲ့သို့သော အစားအစာများဖြင့် အဆိပ်ခတ်သည့် ဖြစ်စဉ်သည် နေ့စဉ်နှင့်အမျှ ဖြစ်လာကြောင်း၊ ထိုအဆိပ်ခတ်နေသည့် ပုံစံသည် တူညီမှုများရှိနေသဖြင့် ခွေးများကို ဉီးတည်ပြီး သတ်နေသည့်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

တောင်ကြီး လိုင်စင်မဲ့ယာဉ် ရှောင်တခင်ဖမ်းဆီးမှုကြမ်းနေ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့တွင် ယခုရက်ပိုင်း လိုင်စင်မဲ့ယာဉ်များကို ရှောင်တခင် ဖမ်းဆီးစစ်ဆေးမှုများ ပိုလုပ်လာကြောင်း သတင်းရရှိသည်။ ထို လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးမှုကြောင့် မြို့နှင့်အနီးတဝိုက်ရှိ ကျေးရွာဒေသခံများအနေဖြင့် မြို့ပေါ်သို့ အခါကြီးရက်ကြီးများ နှင့် ဈေးနေ့များတွင် မြို့ပေါ်သို့ သွားလာခြင်း၊ အခြေခံစားသောက်ကုန်၊လူသုံးကုန်ပစ္စည်းများ ဝယ်ယူရာသူ အခက်အခဲများရှိနေကြောင်း ဟိုပုံးမြို့နယ် အမျိုးသားတစ်ဦးက...

တောင်ကြီးတွင် အချင်းချင်း စကားများရန် ဖြစ်ရာမှ ဓားဖြင့် ထိုးသတ် အမျိုးသားတစ်ဦး သေဆုံး

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ စိန်ပန်းရပ်ကွက်တွင် သက်လတ်ပိုင်းအရွယ် အမျိုးသားနှစ်ဦး အချင်းချင်းစကားများ ရန်ဖြစ်ရာမှ ဓားဖြင့်ထိုးသတ်မှုဖြစ်ပြီး အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သိရသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ဇူလိုင်လ (၉)ရက်နေ့တွင် စိန်ပန်းရပ်ကွက် နှင်းဆီလမ်းထိပ် အရက်ဆိုင်တွင် သက်လတ်ပိုင်းအရွယ် ကိုထွန်းထွန်းနိုင်နှင့် ကိုထက်ပိုင်မှူး တို့ စကားများရန်ဖြစ်ကြပြီး ဓားဖြင့်ထိုးမှုကြောင့် ကိုထက်ပိုင်မှူး...