CATEGORY

ကျန်းမာရေး

ကိုဗစ်ကူးစက်မှုလျော့ကျလာသော်လည်း သေဆုံးမှု နေ့စဉ်ရှိနေဆဲ

သျှမ်းပြည်တဝှမ်းတွင် ကိုဗစ်-၁၉ ကူးစက်မှုနှုန်းလျော့ကျလာသော်လည်း သေဆုံးမှုနှုန်းက နေ့စဉ်အလိုက်ရှိ နေသေး ကြောင်း သျှမ်းပြည်နယ်တဝှမ်းရှိ လူမှုကူညီရေးအသင်း ပရဟိတ အဖွဲ့များက ပြောသည်။ ယနေ့ ဩဂုတ် ၁၇ ရက်မနက်ပိုင်းအချိန်တွင် တောင်ကြီးမြို့တွင် (၂) ဦး၊ ကျောက်မဲမြို့တွင် (၂) ဦး၊ မူဆယ်မြို့တွင် (၂) ဦး...

ကျောက်မဲမြို့ ဆေးရုံတွင် အောက်ဆီကျ ကိုဗစ်-၁၉ လူနာ ကိုသာလက်ခံ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့တွင် အောက်ဆီဂျင်ကျနေသည့် ကိုဗစ် လူနာများကိုသာ ဆေးရုံတင်ခွင့်ပြုကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ ပြည်သူ့ဆေးရုံတွင် အောက်ဆီဂျင် ကျနေသည့် ကိုဗစ်-၁၉ လူနာကိုသာ ဆေးရုံတင်ခွင့်ပြုပြီး ပုံမှန် ကိုဗစ်- ၁၉ ကူးစက်ခံရသူများကို လက်ခံကုသပေးခြင်းမရှိကြောင်း ကျောက်မဲမြို့ နမ့်ခုံးပရဟိတအဖွဲ့ဝင်တဦးက ပြောသည်။ “ ဟုတ်ပါတယ်။ ဒီမှာလူနာအားလုံးကို ဆေးရုံးက...

နမ့်ခမ်း ကိုဗစ်ကူးစက်မှုနှုန်း လျော့ကျလာ

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် ကိုဗစ် -၁၉ အတည်ပြု လူနာ လျော့ကျလာပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ ယခင် ကိုဗစ် -၁၉ တတိယလှိုင်း စတင်ဖြစ်ပွားချိန်တွင် နမ့်ခမ်းမြို့တွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ တစ်ရက်လျှင် (၁၀)ဦး စစ်ရင် (၁၀)ဦးကိုဗစ်ဖြစ်ခဲ့ပြီး၊ လက်ရှိမှာတော့ တရက်လျှင်(၅)ဦးခန့်သာ ကိုဗစ်ကူးစက်ခံလာကာ တချို့ ရက်တွင်...

ဟိုမိန်းကာကွယ်ရေး ပြည်သူ့ စစ်ခေါင်းဆောင် ကိုဗစ် – ၁၉ ရောဂါ ကူးစက်ခံရ

သျှမ်းပြည် တောင်ပိုင်းအတွင်း အခြေစိုက်လှုပ်ရှားသော ဟိုမိန်းနယ်ခြား ကာကွယ်ရေးပြည်သူ့ စစ်ခေါင်းဆောင် ကိုဗစ် - ၁၉ ကူးစက်ခံရကြောင်း သတင်းသိရသည်။ ဟိုမိန်းနယ်ခြားကာကွယ်ရေးတပ် ပြည်သူ့စစ်ခေါင်းဆောင် ဟု လူသိများကြသည့် ဟိုမိန်း ဒေသ ဖွံ့ဖြိုးတိုးတက်ရေး နှင့် သက်သာချောင်ချိရေးအဖွဲ့ (လက်နက်ချ MTA အဖွဲ့/SSS ပြည်သူ့ စစ်)...

ကိုဗစ် စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်သားများ သေနတ်ကိုင်ပြီးစောင့်

သျှမ်းပြည်တဝှမ်း ရှိ ကိုဗစ် ၁၉ စစ်ဆေးရေးဂိတ်နေရာများတွင် စစ်ကောင်စီ တပ်သားများက သေနတ်ကိုင်ပြီး ဂိတ်စောင့်နေကြောင်း စုံစမ်းသိရှိရသည်။ မြန်မာနိုင်ငံတွင် ကိုဗစ် ၁၉ တတိယလှိုင်းပြန့်ပွားမှုကြောင့် မြို့ဝင်၊မြို့ထွက် ကိုဗစ် -၁၉ စစ်ဆေးရေးဂိတ်များ ပြန်ဖွင့်ခဲ့သော်လည်း စစ်ကောင်စီ တပ်သားများက သေနတ်ဖြင့် စောင့်နေလျက်ရှိကြောင်း သိရသည်။ “ စစ်ဆေးရေးဂိတ်မှာက...

ကျိုင်းတောင်းမြို့ ကိုဗစ် ကူးစက်မှုမြင့်တက်လာ မြို့ဝင်ထွက်ပိတ်၊ ကုန်ဈေးနှုန်းတက်လာ

သျှမ်းပြည်တောင်ပိုင်း ကျိုင်းတောင်းမြို့ ကိုဗစ်-၁၉ ကူးစက်မှုနှုန်းမြင့်တက်လာသဖြင့် မြို့ဝင်ထွက်များကို ပိတ်ထားလိုက်ရကြောင်း စုံစမ်းသိရသည်။ ထိုကျိုင်းတောင်းမြို့ ဝင်၊ထွက်ပိတ်လိုက်သဖြင့် ကုန်သွယ်စီးဆင်းမှု ခက်ခဲလာကာ မြို့တွင်းရှိ စားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းမြင့်တက်လာသဖြင့် ပြည်သူများ ယခင်ထက် ပိုမို ခက်ခဲလာခဲ့ကြောင်း၊ စားဝတ်နေရေးအတွက် ပိုကြပ်တည်းလာကြောင်း ကျိုင်းတောင်းမြို့ ဒေသခံ ပြည်သူတဦးက သျှမ်းသံတော်ဆင့် ကို...

သီပေါမြို့ပေါ် ကိုဗစ် ကူးစက်မှုနှုန်း ကျပြီး ကျေးရွာမှာ မြင့်တက်နေဆဲ

သျှမ်းမြောက် သီပေါမြို့နယ်တွင် ကိုဗစ်ပိုးကူးစက်ခံရသူဦးရေ ထက်ဝက်ကျော်ခန့်ထိ ကျဆင်းသွားသော်လည်း ကျေးရွာများတွင် ကိုဗစ်ကူးစက်မှု မြင့်တက်နေဆဲ ဖြစ်ကြောင်း စုံစမ်းသိရသည်။ သီပေါမြို့နယ်တွင် ယခင်က တစ်ရက်လျှင် ပျမ်းမျှ (၂၀)ဦး အထက် ကိုဗစ်ကူးစက်ခံနေရတာဖြစ်ပြီး ယခုရက်ပိုင်းတွင် ကိုဗစ်ကူးစက်ခံရသူ (၁၀)ဦးဝန်းကျင်သာရှိသည့်အတွက် ကူးစက်မှုရာခိုင်နှုန်းထက်ဝက်ကျော် ကျဆင်းသွားခဲ့ကြောင်း သိရသည်။ “မြို့ပေါ်မှာတော့ ကိုဗစ်ကူးစက်တာ အများကြီးကို...

နမ့်ဆန်မြို့ ကွာရန်တင်း ဝင်သည့် စစ်ကောင်စီ တပ်သား ၉ ဦး ကိုဗစ် – ၁၉ ပိုးတွေ့

သျှမ်းပြည် မြောက်ပိုင် နမ့်ဆန်မြို့ရှိ အခြေခံပညာ မူလတန်းကျောင်း အမက အမှတ် ၆ တွင် ကွာရန်တင်း ဝင်နေသည့် စစ်ကောင်စီ တပ်သား ၉ ဦးတွင် ကိုဗစ် - ၁၉ ပိုးတွေ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့က သြဂုတ်လ ၁၃ ရက်နေ့တွင် သက်ဆိုင်ရာ...

တောင်သူများ လယ်ယာသီးနှံ ရောင်းမထွက် စွန့်ပစ်နေရ

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ဒဏ်နှင့် စစ်အာဏာသိမ်း ဒဏ်ကြား သျှမ်းတောင်သူများ၏ လယ်ယာစိုက်ပျိုးသီးနှံသည် ရောင်းမထွက်သဖြင့် သီးနှံများ စွန့်ပစ်နေရကြောင်း စုံစမ်းသိရသည်။ ယခုနှစ်ကာလအတွင်း ကိုဗစ်-၁၉ တတိယလှိုင်း ဒဏ် နှင့် စစ်အာဏာသိမ်းဒဏ်ကြောင့် ကုန်စည်စီဆင်းမှုရပ်တန့်သွား သဖြင့် လယ်ယာစိုက်ပျိုးရေး သီးနှံများလည်း ကုန်စျေးနှုန်း အရှိန်ဟုန်ထိုးကျဆင်းကာ ရောင်းမထွက်ကြောင်း၊ စွန့်ပစ်နေရကြောင်း...

ကျောက်မဲ ကျေးရွာများတွင် သေဆုံးမှုမြင့်တက်နေ

သျှမ်းမြောက် ကျောက်မဲမြို့နယ်အတွင်းရှိ ကျေးရွာများတွင် သေဆုံးမှု မြင့်တက်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။ ကျောက်မဲမြို့ပေါ်တွင် သာမက ကျေးရွာများတွင်လည်း ကိုဗစ်ကူးစက်လူနာများ ရှိနေပြီး အတည်ပြုလူနာများအပြင် သံသယလူနာများ၊ ကျန်းမာရေးမကောင်းသူများလည်း သေဆုံးနေကြတာဖြစ်ကြောင်းသိရသည်။ “ဒီ ကိုဗစ် တတိယလှိုင်းအတွင်းမှာပဲ ရွာထဲမှာ သေဆုံးသူ (၁၀)ယောက်ကျော်ရှိတယ်၊ ကိုဗစ်နဲ့သေတာလည်းပါတယ်၊ သေဆုံးတာတွေက အရမ်းများလာတယ်” ဟု...

Latest news