Friday, May 3, 2024

CATEGORY

ကျန်းမာရေး

ဆီဆိုင် ကိုဗစ် လူနာ တစ်ဦး ဆေးရုံဆင်ပြီး ၃ရက်ကြာသေဆုံး

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့ရှိ ကိုဗစ်-၁၉ အတည်ပြု လူနာ တစ်ဦး ဆေးရုံဆင်းပြီး ၃ ရက် အကြာမှာ သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။ ဆီဆိုင်မြို့ အောင်ချမ်းရပ်ကွက် မှ အသက် (၇၆) နှစ်အရွယ် အမျိုးသား တစ်ဦး ကိုဗစ်-၁၉ အတည်ပြု လူနာဖြစ်ပြီး ဆေးရုံမှာ ဆင်းပြီး...

ကျောက်မဲ ပုံဝိုးကျေးရွာ ဒေသခံ (၁၆၀)ကျော် ကိုဗစ်ကူးစက်ခံရ

သျှမ်းမြောက် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာတွင် ဒေသခံ (၁၆၀)ကျော် ကိုဗစ်ပိုး ကူးစက်ခံခဲ့ရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် စက်တင်ဘာ လကုန်ပိုင်းကစပြီး ပုံဝိုးကျောင်းတိုက်ရှိ ဦးဇင်းတစ်ပါး အနံ့ပျောက်ရာမှ ကိုဗစ်စစ်ဆေးလိုက်ရာ ပိုးတွေ့ရှိခဲ့တာဖြစ်ကြောင်း သိရသည်။ “ကျောင်းမှာ ဦးဇင်းတစ်ပါးက အနံ့မရလို့ စစ်ကြည့်လိုက်တာ ပိုးတွေ့တယ်၊ နောက်ထပ်စစ်ကြည့် လိုက်တော့ ကိုရင်နဲ့ဦးဇင်း အားလုံး...

ပင်လောင်းမြို့နယ် ကိုဗစ် ကာကွယ်ဆေးထိုးပြီး သေဆုံးသူ(၃)ဦးထိရှိ

သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်တွင် ကိုဗစ်- ၁၉ ကာကွယ်ဆေးထိုးပြီးနောက်ပိုင်း သေဆုံးသူ( ၃) ဦး ရှိနေကြောင်း စုံစမ်းသိရှိရသည်။ ပင်လောင်းမြို့ အရှေ့ဘက် ရပ်ကွက်တွင် စက်တင်ဘာ လလယ်က စတင်ပြီး ကိုဗစ် ၁၉ ကာကွယ်ဆေးထိုးပြီးသူများ (၂) ရက်ကြာတွင် သေဆုံးသွားကြောင်း၊ လက်ရှိတွင် သေဆုံးသူ (၃)...

သျှမ်းပြည်ကျေးရွာဘက် ကိုဗစ်-၁၉ ပိုးတွေ့လူနာ ဆက်မြင့်နေဆဲ

သျှမ်းပြည်အတွင်းတွင် မြို့ပြဒေသတွင် ကိုဗစ်- ၁၉ ပိုးတွေ့လူနာ ကျဆင်းလာသော်လည်း ကျေးရွာဖက်တွင် ကိုဗစ် ၁၉ ပိုးတွေ့လူနာ များမြင့်တက်လာနေလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။ သျှမ်းပြည်မြောက်ပိုင်း လာရှိုးမြို့ ၊ သီန္ဒီမြို့တို့တွင် မြို့ပေါ်က ကိုဗစ်- ၁၉ ကူးစက်မှု အနည်းငယ်လျော့ကျလာပြီး ကျေးလက်ဒေသဘက်တွင် ဆက်လက်မြင့်တက်နေလျက်ရှိကြောင်း သိရသည်။ “ မြို့ပေါ်တော့...

မိုင်းငေါ့ မှတ်ပုံတင် မရှိ စစ်ရှောင်များ ကိုဗစ်ကာကွယ်ဆေးထိုးရန် အခက်ကြုံနေ

သျှမ်းမြောက် ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့တွင် ရောက်ရှိခိုလုံနေကြပြီး မှတ်ပုံတင်မရှိသည့် စစ်ရှောင်များ ကိုဗစ်ကာကွယ်ဆေးထိုးရန် အခက်ခဲ ကြုံနေကြောင်း သတင်းရရှိသည်။ မိုင်းငေါ့တွင် စစ်ရှောင် (၂၀၀)ကျော် ရှိနေပြီး မှတ်ပုံတင် မရှိသည့်အတွက် ကာကွယ်ဆေးထိုးရန် အခက်ခဲ ကြုံနေတာဖြစ်ကြောင်း စစ်ရှောင်ကူညီသူများက ပြောသည်။ “သူတို့တွေ စစ်ရှောင်လာတော့ စာရွက်စာတမ်းတွေ ဘာမှ မပါလာဘူး၊...

ပင်လုံမြို့ mask မတပ်သူများ ငွေကျပ် ၃ သောင်း ဒဏ်ရိုက်မည်

သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့ လမ်းသွားလမ်းလာရာတွင် Mask (နှာခေါင်းစည်း) မတပ်သူများကို ငွေကျပ် (၃) သောင်း ဒဏ်ရိုက် အရေးသွားမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ ယခု ရက်ပိုင်း လွိုင်လင်မြို့နယ်အတွင်း ကိုဗစ် -၁၉ ပိုးတွေ့လူနာများလာသောကြောင့် ပင်လုံမြို့တွင် ယမန့်နေ အောက်တိုဘာ (၆) ရက် ကစတင်ပြီး ဌာနဆိုင်ရာများက...

လွိုင်လင်ခရိုင် ကိုဗစ် – ၁၉ လူနာပြန်မြင့်တက် သွားလာကန့်သတ်

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင်အတွင်း ယခုရက်ပိုင်း ကိုဗစ်- ၁၉ ပိုးတွေ့လူနာများ ပြန်လည်မြင့်တက် လာသည့်အတွက် အသွားအလာ ကန့်သတ်လိုက်ကြောင်း စုံစမ်းသိရသည်။ ဟိုပုံးကိုရင်လေး ပျံလွန်တော်မှုပြီး စက်တင်ဘာ (၂)ရက်တွင် ဈာပနာပွဲပြုလုပ်ပြီးနောက် ပင်လုံမြို့နှင့် လွိုင်လင်မြို့တို့မှ မြို့ပေါ်ရပ်ကွက် များတွင် နေထိုင်ကြသည့် ကားသမားများ အပြင် ကျေးရွာဘက်မှလည်း ပိုးတွေ့လူနားများ...

မိုင်းကိုင်မြို့နယ် အတွင်း လက်နက်ကြီးသံ ဆက်ကြားနေရ၊ စစ်ရှောင်နေရပ်မပြန်နိုင်သေး

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်းတွင် ယနေ့(အောက်တိုဘာ ၄)ရက် မနက်ပိုင်း မှ စတင်ကာ လက်နက်ကြီးသံများ ဆက်ကြားနေရသဖြင့် စစ်ရှောင် (၃၀၀၀)ကျော် နေရပ်မပြန်နိုင်သေးကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာ (၄) ရက် မနက်ပိုင်းတွင် မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာ တွင် ယနေ့ (အောက်တိုဘာ ၄)ရက် မနက်ပိုင်းမှ စတင်ကာ...

ဟိုပုံးမြို့ နယ်တွင် ရုတ်တရက် သေဆုံးသူများလာ

သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် ဟိုပုံးကိုရင်လေး ဈာပနသွားလာပြီးနောက်ပိုင်း ကိုဗစ်- ၁၉ ပိုးတွေ့များပြားလာပြီး၊ ရုတ်တရက်သေဆုံးသူ နေ့တိုင်းနီးပါး ရှိလာကြောင်း စုံစမ်းသိရသည်။ အဆိုပါ ဟိုပုံးမြို့တွင် စက်တင်ဘာ တတိယအပတ်ထဲတွင် ကိုဗစ် ၁၉ ကြောင့် သေဆုံးသူ (၃) ဦးရှိပြီး ယမန်နေ့ စက်တင်ဘာ ၂၆ တွင်...

အင်းလေးဒေသခံ အစားအသောက်နှင့်ဆေးဝါး ပိုခက်ခဲလာ

သျှမ်းတောင် ညောင်ရွှေမြို့နယ် အင်းလေးဒေသခံများ အစားအသောက်နှင့် ဆေးဝါးခက်ခဲမှု ရှိနေကြောင်း သတင်းရရှိသည်။ Stay at home သတ်မှတ်ခံထားရသည့် ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ကိုဗစ်ကူးစက်မှုကြောင့် ခရီးသွားလုပ်ငန်းရပ်နားထားပြီး နောက်ပိုင်း အလုပ်အကိုင်ခက်ခဲမှုကြောင့် အစားအသာက်နှင့်ဆေးဝါး အခက်ခဲတွေ ကြုံတွေ့လာရတာဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ “ကျေးရွာအများစုမှာ အခက်ခဲတွေဖြစ်နေကြတယ်၊ ဟဲယာရွာမရွာဆိုရင် သီးနှံ...

Latest news