ကျောက်မဲမြို့ မှ ကိုဗစ် လက်မှတ် နေအိမ်ထဲထိ ဝင်စစ်

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကိုဗစ်- ၁၉ ကာကွယ်ဆေးထိုးပြီးကြောင်း လက်မှတ်ကို နေအိမ်ထဲထိ ဝင်ရောက်စစ်ဆေးနေကြောင်း စုံစမ်းသိရသည်။

ကျောက်မဲမြို့တွင် စစ်ကောင်စီတပ်ဖွဲ့များသည် ယခုတစ်ပတ်အတွင်း ကိုဗစ် စစ်ဆေးမှုကို ရုတ်တရက် လမ်းသွားလမ်းလာ ပြည်သူများနှင့် နေအိမ်ထဲထိ ဝင်ရောက်စစ်ဆေးနေကြောင်း သိရသည်။

“သူတို့က အရူးထရင် ထသလို စစ်နေတာဘဲ။ ကိုဗစ် ကာကွယ်ဆေး ထိုးပြီးပြီလား ဆိုတာကိုပဲ စစ်တာ။ မထိုးပြီးသေးရင် သူတို့ ခရီးမပေးထွက်ဘူးတဲ့။ နေအိမ်ထဲထိကိုလည်း ဝင်စစ်တယ်။ သေနတ်တွေကိုင်ပြီးတော့ ဝင်ဝင်စစ်တာ” ဟု ကျောက်မဲမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် ကိုဗစ် – ၁၉ ကာကွယ်ဆေးကို အကြောင်းပြပြီး စစ်ဆေးရာတွင် PDF များကို ဝင်ရောက် စစ်ဆေးခြင်းဖြစ်နိုင်ကြောင်း ဒေသခံ တစ်ချို့က သုံးသပ်ပြောဆိုသည်။

“သူတို့ ကိုဗစ် ကာကွယ်ဆေးကို ထိုးပြီးပြီလား နေအိမ်ထိ လိုက်စစ်တယ်ဆိုတော့ တစ်မျိုးပဲလေ။ သူတို့ ဒီ PDF တွေ ရှိနေလားဆိုတာကို ပိုပြီး စစ်ဆေးချင်တာနေမှာပါ။ ကျောက်မဲမှာက PDF မရှိပါဘူး” ဟု ကျောက်မဲမြို့ အမျိုးသားတစ်ဦးက ပြောသည်။

ကိုဗစ် ၁၉ ကာကွယ်ဆေးကို လာရောက်စစ်ဆေးရာတွင် သေနတ်ထောက်ပြီး လာရောက်စစ်ဆေးသောကြောင့် ဒေသခံများက စိုးရိမ်မှုများရှိနေကြောင်း သိရသည်။

“သေနတ်နဲ့လာစစ်မှတော့ ကျမတို့လည်း ကြောက်တာပေါ့။ စိုးရိမ်တယ်။ သူတို့ပြောတဲ့အတိုင်း လိုက်မလုပ်ရင် ချက်ချင်းကြီး ထထိုးတော့မလိုဘဲ။ သူတို့လာစစ်ရင်လည်း ပေးစစ်ရတယ်” ဟု ကျောက်မဲမြို့ မှ အမျိုးသမီးတစ်ဦးက ပြောသည်။

ကျောက်မဲမြို့တွင် စစ်ကောင်စီက PDF ရှိသည့် အထင်ဖြင့် စစ်ဆေးရေးကို ယခင်ထက် ပိုတင်းကြပ်လာ လေ့ရှိကြောင်း သိရသည်။

ကျောက်မဲခရိုင်အတွင်းတွင် သီပေါမြို့ PDF နှင့် နောင်ချို PDF တို့ ဖွဲ့စည်းပြီးဖြစ်ကြောင်း ထုတ်ပြန်ထားပြီးနောက် စစ်ဆေးမှု ပိုတင်းကြပ်လာခြင်းဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...