ပင်လောင်းမြို့ Semi Lockdown ပြန်ဖွင့်ပေး၊ ဈေးများ ဆက်ပိတ်ထား

သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့တွင် ကိုဗစ်-၁၉ ကူးစက်မှုထိန်းချုပ်ရန် ပိတ်ထားသည့် Semi Lockdown ကို ပြန်ဖွင့်ပေးသော်လည်း ဈေးများကို ဆက်လက်ပိတ်ထားမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ယမန်နေ့ နိုဝင်ဘာ ၂၁ ရက်တွင် ပင်လောင်းမြို့နယ် လော့ဒေါင်းကို ပြန်ဖွင့်ပေးခဲ့ပြီး ပင်လောင်းမြို့မစျေးနှင့် (၅) ရက်တစ်ဈေး တို့ကို (ယနေ့) နိုဝင်ဘာ ၂၂ ရက်နေ့မှ ဒီဇင်ဘာ ၄ ရက်နေ့ထိ ပိတ်သွားမည်ဖြစ်ကြောင်း သိရသည်။

“လော့ဒေါင်းတော့ ပြန်ဖွင့်ပေးလိုက်ပြီ။ ဒါပေမဲ့ ဈေးတော့ ထပ်ပိတ်ထားမယ်။ ဟင်းသီးဟင်းရွက်၊ အသား၊ ငါးတွေတော့ ပုံမှန် လမ်းဘေးမှာ ရောင်းလို့ရတယ်။ (၅)ရက် တစ်ဈေးတို့ ဈေးနေ့တို့ကို ပိတ်ထားတာ။ အဲ့နေ့က လူများတတ်တယ်လေ။ နောက်လ ၄ ရက်နေ့ထိ ပိတ်သွားမယ်” ဟု ပင်လောင်းမြို့ ပရဟိတအဖွဲ့က ပြောသည်။

ပင်လောင်းမြို့တွင် ကိုဗစ် ၁၉ ပိုးတွေ့လူနာ လျော့ကျလာသော်လည်း တစ်မြို့နယ်လုံးကို ပိုးကူးစက်မှုမရှိအောင် ထပ်မံပြီး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

“အခုက တစ်ရက်ကို ၁ ယောက် ၂ ယောက်လောက်ပဲတွေ့တော့တယ်။ ရွာတွေမှာတော့ ကျန်ရှိနေသေးတယ်။ အများကြီးတော့မဟုတ်တော့ဘူး။ ကျနော်တို့ တစ်မြို့နယ်လုံး ပိုးကူးစက်မှုမရှိအောင် လုပ်စရာရှိတာ ဆက်လုပ်သွားမှာပါ။ လော့ဒေါင်းချပြီးတော့ ဈေးတွေလည်း ဆက်ပိတ်သင့်ရင်လည်း ထပ်ပိတ်သွားမှာပါ” ဟု အထက်ပါ ပရဟိတ အဖွဲ့ဝင်က ပြောသည်။

ပင်လောင်းမြို့တွင် ယ‌နေ့ နိုဝင်ဘာ ၂၂ ရက်နေ့ထိ ကိုဗစ် ၁၉ ပိုး ကုသနေသူ စုစုပေါင်း ၂၀ ဦးထိ ကျန်ရှိနေသေးကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပင်လောင်းတွင် တောင်ကျရေကြောင့် စိုက်ခင်းများ ပျက်စီး၊ နေရာပြောင်းရွှေ့ရန် စီစဉ်

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တွင် တောင်ကျရေကြောင့် စိုက်ခင်းများ ပျက်စီးပြီး နေရာပြောင်းရွှေ့ရန် စီစဉ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ ပထမပတ်မှစပြီး သျှမ်းတောင်၌ မိုးများ ဆက်တိုက်ရွာသွန်းခဲ့ပြီးနောက် တောင်ကျရေကြောင့် တီကျစ်ဒေသနှင့် နောင်တရားဒေသတွင် ပြောင်းစိုက်ခင်းနှင့် ရာသီပေါ်သီးနှံစိုက်ခင်းများ ရေနစ်မြှုပ် ပျက်စီး သွားခဲ့သည်။ ထိုသို့ သီးနှံများ ပျက်စီးဆုံးရှုံးသောကြောင့် နောက်ထပ်...

ပင်လောင်းတွင် စျေးရောင်းသူ ဟန်ဆောင်၍ တို့ဆေးဖြင့် ပစ္စည်းလုယူသည့် အုပ်စုဖမ်းဆီးရမိ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် တီကျစ်ဒေသ ၊နောင်မွန်ရွာတွင် ဈေး‌ရောင်းသူ ဟန်ဆောင်၍ ပစ္စည်းလုယူသည့် အဖွဲ့အား ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ (၂)ရက်တွင် နောင်မွန်ကျေးရွာသို့ ပစ္စည်းများဈေးလျှော့ ရောင်းပေးသူဟုဆိုကာ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦးသည် ဒေသခံများ၏ နေအိမ်နှင့် ခြံတဲအထိ လိုက်လံဈေးရာင်းကာ တို့ဆေးသုံး၍ ပစ္စည်းများ လုယက်သည့်...

ပင်လောင်း ခရမ်းချဉ်သီးစိုက်သူ အရှုံးပေါ်

0
သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်တွင် ခရမ်းချဉ်သီးဈေးနှုန်း ကျဆင်းမှုကြောင့် အရင်းအနှီးပြန်မရသည့်အထိ ဆုံးရှုံးမှုများ နေကြောင်း စုံစမ်းသိရသသည်။ မြန်မာနိုင်ငံအတွင်း နေ့စဉ်နှင့်အမျှ ကုန်ဈေးနှုန်းများ မြှင့်တက်လာသည့်အလျောက် ပင်လောင်းမြို့နယ်တွင် ပြီးခဲ့သည့် မေလ နောက်ဆုံးပတ်မှ စပြီး ခရမ်းချဉ်သီးဈေးနှုန်း ဆက်တိုက်ကျဆင်းနေကြောင်း စိုက်ပျိုးရေးသမား ကိုချမ်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ပြီးခဲ့တဲ့ပတ်က တစ်ပိဿကို...

ပင်လောင်းဒေသခံများ PNO အတွက် နေ့စဉ်ထမင်းထုပ်ပို့နေရ

0
သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်ရှိ ကျေးရွာများတွင် ပအိုဝ်းပြည်သူ့စစ် PNO က ကျေးရွာများအတွက် လုံခြုံရေးယူပေးနေသည်ဟုဆိုကာ ဒေသခံများကို နေ့စဉ် ထမင်းထုပ်ပို့ဆောင်ခိုင်းကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မေလ ပထမပတ်မှစပြီး ပင်လောင်းမြို့နယ် လုံးပျဉ်းကျေးရွာ၊ တောင်မဲသင်းကျေးရွာ နှင့် မြောက်စလုံးကျေးရွာတို့တွင် ပအိုဝ်းပြည်သူ့စစ် (PNO) တို့က ကျေးရွာလုံခြုံရေးယူပေးနေသည်ဟုဆိုကာ...

ပင်လောင်းတွင် တောင်ကျရေ ရုတ်တရက်စီးဆင်းမှုကြောင့် စိုက်ခင်းများ ပျက်စီး

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ ပျက်စီးကုန်ကြောင်း သတင်းရရှိသည်။ ယမန်နေ့ မေလ (၂၁)ရက်တွင် ပင်လောင်းမြို့နယ် အပါအဝင် သျှမ်းတောင်တွင် မိုးများရွာသွန်းခဲ့ပြီးနောက် နောင်ပီကျေးရွာတွင် တောင်ကျရေများ ရုတ်တရက်ကျဆင်းကာ ကော်ဖီထုတ်စိုက်ခင်း၊ ပြောင်းစိုက်ခင်းနှင့် ခရမ်းချဉ်စိုက်ခင်းများသို့ ရေဝင်လာသဖြင့် သီးနှံစိုက်ခင်းများ ပျက်စီးဆုံးရှုံး သွားခဲ့ရသည်။ ထိုသို့ သဘာဝဘေးကြုံတွေ့မှုကြောင့်...