Friday, May 3, 2024

ပင်လောင်းမြို့ Semi Lockdown ပြန်ဖွင့်ပေး၊ ဈေးများ ဆက်ပိတ်ထား

Must read

သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့တွင် ကိုဗစ်-၁၉ ကူးစက်မှုထိန်းချုပ်ရန် ပိတ်ထားသည့် Semi Lockdown ကို ပြန်ဖွင့်ပေးသော်လည်း ဈေးများကို ဆက်လက်ပိတ်ထားမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ယမန်နေ့ နိုဝင်ဘာ ၂၁ ရက်တွင် ပင်လောင်းမြို့နယ် လော့ဒေါင်းကို ပြန်ဖွင့်ပေးခဲ့ပြီး ပင်လောင်းမြို့မစျေးနှင့် (၅) ရက်တစ်ဈေး တို့ကို (ယနေ့) နိုဝင်ဘာ ၂၂ ရက်နေ့မှ ဒီဇင်ဘာ ၄ ရက်နေ့ထိ ပိတ်သွားမည်ဖြစ်ကြောင်း သိရသည်။

“လော့ဒေါင်းတော့ ပြန်ဖွင့်ပေးလိုက်ပြီ။ ဒါပေမဲ့ ဈေးတော့ ထပ်ပိတ်ထားမယ်။ ဟင်းသီးဟင်းရွက်၊ အသား၊ ငါးတွေတော့ ပုံမှန် လမ်းဘေးမှာ ရောင်းလို့ရတယ်။ (၅)ရက် တစ်ဈေးတို့ ဈေးနေ့တို့ကို ပိတ်ထားတာ။ အဲ့နေ့က လူများတတ်တယ်လေ။ နောက်လ ၄ ရက်နေ့ထိ ပိတ်သွားမယ်” ဟု ပင်လောင်းမြို့ ပရဟိတအဖွဲ့က ပြောသည်။

ပင်လောင်းမြို့တွင် ကိုဗစ် ၁၉ ပိုးတွေ့လူနာ လျော့ကျလာသော်လည်း တစ်မြို့နယ်လုံးကို ပိုးကူးစက်မှုမရှိအောင် ထပ်မံပြီး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

“အခုက တစ်ရက်ကို ၁ ယောက် ၂ ယောက်လောက်ပဲတွေ့တော့တယ်။ ရွာတွေမှာတော့ ကျန်ရှိနေသေးတယ်။ အများကြီးတော့မဟုတ်တော့ဘူး။ ကျနော်တို့ တစ်မြို့နယ်လုံး ပိုးကူးစက်မှုမရှိအောင် လုပ်စရာရှိတာ ဆက်လုပ်သွားမှာပါ။ လော့ဒေါင်းချပြီးတော့ ဈေးတွေလည်း ဆက်ပိတ်သင့်ရင်လည်း ထပ်ပိတ်သွားမှာပါ” ဟု အထက်ပါ ပရဟိတ အဖွဲ့ဝင်က ပြောသည်။

ပင်လောင်းမြို့တွင် ယ‌နေ့ နိုဝင်ဘာ ၂၂ ရက်နေ့ထိ ကိုဗစ် ၁၉ ပိုး ကုသနေသူ စုစုပေါင်း ၂၀ ဦးထိ ကျန်ရှိနေသေးကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article