CATEGORY

ကျန်းမာရေး

ချင်းမိုင်ရောက် တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သားများကို ကိုဗစ်-၁၉ ကာကယ်ဆေးထိုးပေး

ထိုင်းနိုင်ငံ ချင်းမိုင်မြို့နယ်အတွင်း တရားမဝင် ဝင်ရောက်လာခဲ့သည် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ကိုဗစ် ၁၉ ကာကွယ်ဆေး အခမဲ့ ထိုးနှံပေးမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ ထိုကိုဗစ် ၁၉ ကာကွယ်ဆေးကို အစိုးရဆေးရုံများတွင် အခမဲ့ ထိုးနှံပေးသွားမည်ဖြစ်ပြီး ထိုင်းနိုင်ငံတွင်း နေထိုင်ခွင့် လက်မှတ်မရှိသူများလည်း ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်ပေးနေသည့်အဖွဲ့အစည်းများက ဝင်ရောက်ညှိနှိုင်းပေးပြီး ဆေးထိုးနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း...

လားရှိုးမြို့တွင် အိမ်တွင်းကုသနေသည့် ကိုဗစ် – ၁၉ လူနာ များပြားနေဆဲ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် အိမ်တွင်းကုသမှု ပြုလုပ်နေသည့် ကိုဗစ် - ၁၉ လူနာ များပြားနေဆဲ ဖြစ်ကြောင်း ဒေသတွင်း ပရဟိတအသင်းများထံမှ သိရသည်။ လားရှိုးမြို့တွင်းတွင် ဆေးရုံနှင့် ကွာရန်တင်းစင်တာသို့ တက်ရောက်ကုသနေသည့် ပိုးတွေ့လူနာများမှ သေဆုံးမှုများ မြင့်တက်လာမှုမရှိသော်လည်း အောက်စီဂျင်ရှူနေရသည့် ရပ်ကွက်ထဲမှ လူနာများ များပြားနေဆဲဖြစ်ကြောင်း Covid-19...

ပင်လောင်းမြို့ လော့ဒေါင်းကာလ ကိုဗစ်လူနာ ၁ ဦးသေ

သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့တွင် Semi Lockdown ချပြီးနောက်ပိုင်း ကိုဗစ်-၁၉ လူနာတစ်ဦး ထပ်မံသေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။ နိုဝင်ဘာ (၂)ရက်နေ့ ည ၇ နာရီ ဝန်းကျင်တွင် အသက် ၆၈ အဘိုးသည် ကိုဗစ် -၁၉ ရောဂါကြောင့် ဆေးရုံမှဆင်းပြီး နေအိမ်အပြန်တွင် သေဆုံးသွားကြောင်း သိရသည်။ “သူက...

တာလေမြို့ ကိုဗစ်မြင့်မားသည့်ကြား စစ်ကောင်စီ စာသင်ကျောင်း အတင်းဖွင့်ခိုင်း

သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့နယ် တာလေမြို့တွင် ကိုဗစ် - ၁၉ ကူးစက်မှု ဆက်လက်မြင့်တက်နေသည့်ကြား စစ်ကောင်စီမှ စာသင်ကျောင်းများကို အတင်းဖွင့်လှစ်ကြောင်း ဒေသခံများက ပြောသည်။ တာချီလိတ်မြို့နယ် တာလေမြို့တွင် အောက်တိုဘာလ (၃၁)ရက်နေ့ တစ်ရက်တည်းတွင် ကိုဗစ် - ၁၉ ကူးစက်ခံရသူ (၁၁၈) ဦးအထိ...

ပင်လောင်း၊ ဆီဆိုင် Semi-Lockdown (၁၄)ရက် သတ်မှတ်

သျှမ်းတောင် ပင်းလောင်းနှင့် ဆီဆိုင်မြို့နယ်တို့ကို ယနေ့ (နိုဝင်ဘာ ၁ ရက်)မှ စတင်ပြီး Semi-Lockdown သတ်မှတ်လိုက်ကြောင်း သတင်းရရှိသည်။ ပင်လောင်းမြို့နယ်တွင် ယနေ့ မှ စတင်ပြီး နိုဝင်ဘာ (၁၄)ရက်နေ့အထိလည်းကောင်း၊ ဆီဆိုင်မြို့နယ်ကို ယနေ့မှ စပြီး နိုဝင်ဘာ (၇)ရက်နေ့အထိ Semi-lcokdown အဖြစ် သတ်မှတ်ကြောင်း...

သီတင်းကျွတ် အခါကြီးစျေးနေ့ နောက်ပိုင်း ပင်လောင်း ကိုဗစ်ကူးစက်မှု ပိုမြင့်တက်လာ

သျှမ်းတောင် ပင်လောင်းမြို့နယ်တွင် သီတင်းကျွတ်ကာလ အခါကြီးစျေးနေ့ရောင်းဝယ်ကြပြီး နောက်ပိုင်း ကိုဗစ် ကူးစက်မှု ပိုမိုမြင့်တက်လာကြောင်း စုံစမ်းသိရသည်။ သီတင်းကျွတ်နောက်ပိုင်း ကျေးရွာများမှ ကိုဗစ်ကူစက်မှု ပိုမိုမြင့်တက်လာခဲ့ပြီး မြို့ပေါ်ရပ်ကွက်များတွင်လည်း ကူးစက်မှုတွေ များလာကြောင်း သိရသည်။ “သီတင်းကျွတ် အခါကြီးစျေးနေ့နောက်ပိုင်း ပိုးကူးတာ ပိုများလာတယ်၊ ရွာဘက် ပိုများတယ်၊ မြို့ပေါ်က အနောက်ရပ်ကွက်မှာလည်း များတယ်”...

တောင်ကြီး KTV ဆိုင် စစ်ကောင်စီ ဝင်ဖမ်း၊ လူ(၃၀)ဦး ပါသွား

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ရှိ KTV ဆိုင် တစ်ဆိုင် စစ်အာဏာပိုင် ဝင်ရောက်ဖမ်းဆီးခဲ့ရာ လူ (၃၀)ဦး ဖမ်းဆီးခံရကြောင်း စုံစမ်းသိရှိရသည်။ အောက်တိုဘာ (၂၆)ရက် မနက် (၁)နာရီအချိန်က တောင်ကြီး အဝေရာမီးပုံးပျံကွင်းရှေ့ရှိ (100)% ဆိုင်ကို သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး၊ စစ်လက်အောက်ခံ ရဲများ၊ တပ်သားများ လူအင်အား...

ကျောက်မဲ ဗဟိုစျေးအတွင်း စျေးသည် (၂)ဦး ကိုဗစ်ပိုးတွေ့

သျှမ်းမြောက် ကျောက်မဲမြို့ ဗဟိုစျေးတွင် စျေးရောင်းသည့် စျေးသည် (၂)ဦးထံမှ ကိုဗစ်-၁၉ ပိုး စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ကြောင်း သတင်းရရှိသည်။ ကျောက်မဲ ဗဟိုစျေးတောင်ဘက်အခြမ်းတွင် ရောင်းချနေသည့် စျေးသည် (၂၀၀)ကို ယနေ့ အောက်တိုဘာ (၂၅)ရက်တွင် စစ်ဆေးခဲ့ရာ စျေးရောင်းသူ (၂)ဦးထံမှ ကိုဗစ်ပိုး စစ်ဆေးတွေ့ရှိခဲ့ရတာဖြစ်ကြောင်း သိရသည်။ “ဒီနေ့ စျေးတောင်ဘက်မှာ...

စစ်ရှောင်နေထိုင်သည့် ဘုန်းကြီးကျောင်း ကိုဗစ် – ၁၉ တွေ့၊ စစ်ရှောင်များ နေရပ်ပြန်

မ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်းရှိ ဟမ်းငိုင်းကျေးရွာ စစ်ရှောင်များနေထိုင်သည့် ကုန်းစုံဘုန်းကြီးကျောင်းမှ ကိုရင် (၂)ပါး ကိုဗစ်-၁၉ တွေ့သဖြင့် စစ်ရှောင်များ နေရပ်ကို ပြန်သွားကြကြောင်း စုံစမ်းသိရှိရသည်။ အောက်တိုဘာ (၂၂)ရက်နေ့က ကုန်းစုံဘုန်းကြီးကျောင်းမှ ကိုရင် (၂)ပါး ကိုဗစ်-၁၉ ကူးစက်ခံရသဖြင့် စစ်ရှောင်များအတွက်လည်း စိုးရိမ်ရကြောင်း စစ်ရှောင်များကို ကူညီပေးနေသည့် ကော်မတီဝင်...

ပင်လောင်းမြို့ စျေးနေ့တွင် ကိုဗစ်−၁၉ ပိုးတွေ့သူ (၁၄) ဦးရှိ

သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့တွင် ယမန်နေ့ (အောက်တိုဘာ ၁၈ ရက်) မြို့မဈေးနေ့တွင် ဈေးတွင်း သွားလာသူများကို ကိုဗစ် ရှိ၊ မရှိ စစ်ဆေးရာ (၁၄) ဦး ကိုဗစ် - ၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။ ထို ပိုးတွေ့ရှိသူများကို လက်ရှိမှာ ပင်လောင်းဆေးရုံတွင်...

Latest news