Wednesday, January 28, 2026

မောက်မယ် Local Semi lockdown ကာလ ကိုဗစ်ကူးစက်မှု ပိုမြင့်တက်

သျှမ်းတောင် မောက်မယ်မြို့နယ်တွင် Local Semi Lockdown သတ်မှတ်ထားသော်လည်း ကိုဗစ်ကူးစက်မှု ပိုမိုမြင့်တက်လာကြောင်း သတင်းသိရသည်။

မောက်မယ်မြို့နယ်တွင် နိုဝင်ဘာလ (၂)ရက်နေ့က စပြီး Local Semi Lockdown သတ်မှတ်ထားတာဖြစ်ပြီး ကိုဗစ်စည်းကမ်းလိုက်နာမှု အားနည်းခြင်းကြောင့် ရောဂါကူးစက်မှု တစ်ရက်လျှင် အယောက် (၄၀)နီးပါး ကိုဗစ်တွေ့ရှိကြောင်း ဒေသခံထံမှ သိရသည်။

“အရင် Semi Lockdown မလုပ်ခင်က တစ်ရက်ကို ၁၀ ယောက်လောက်ပဲ ကိုဗစ်တွေ့တယ်။ Lockdown လည်းလုပ်တော့ တရက်ကို အယောက် ၄၀ နီးပါးထိ တက်လာတယ်။ ကူးစက်မှုက အရမ်းမြင့်လာတယ်။ စည်းကမ်းလိုက်နာမှု အားနည်းတယ်လေ၊ ဆေးရုံထဲဝင်လာတာတောင် Mask မတပ်ပဲ ဝင်လာတဲ့သူ ရှိသေးတယ်” ဟု မောက်မယ်ဒေသခံ အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိ ကိုဗစ် – ၁၉ မြင့်တက်မှုသည် အဓိကအားဖြင့် ပြည်သူများ စည်းကမ်းစနစ်တကျ နေထိုင်မှုမရှိခြင်း၊ Mask ကို စနစ်တကျ တပ်ဆင်မှုမရှိသည့်အပြင် မတပ်သည့်သူ များကြောင်း၊ ကိုဗစ်စစ်ဆေးရန်လည်း ကြောက်နေကြသည့်အတွက် ရောဂါပျံ့နှံ့မှုမြင့်တက်လာရခြင်းဖြစ်ကြောင်း သိရသည်။

“နေမကောင်းရင်လည်း ကိုဗစ် စစ်ဆေးတာတွေ မလုပ်ဘူး။ ဒီတိုင်းနေတယ်။ ကိုဗစ်စစ်ဆေးဖို့ အရမ်းကြောက်ကြတယ်” ဟု ၎င်း အမျိုးသမီးက ထပ်လောင်းပြောသည်။

Local Semi Lockdown ကို နိုဝင်ဘာ (၁၅)ရက်နေ့အထိ သတ်မှတ်ထာပြီး ထိုကာလအတွင်း စျေးဆိုင်များ နံနက် (၆)နာရီမှ မွန်းတည့် (၁၂)နာရီအထိသာ ရောင်းချရန်၊ မွန်းတည့် (၁၂)နာရီမှ နောက်တစ်ရက် နံနက် (၆)နာရီအထိ နေအိမ်ပြင်ပသို့ ထွက်ခွာခြင်းမပြုရန်၊ စားသောက်ဆိုင်များ ပါဆယ်စနစ်သာ ရောင်းချရန်နှင့် ဆေးဆိုင်၊ ဆေးခန်း၊ စက်သုံးဆီဆိုင်မှအပ ကျန်သည့်စျေးဆိုင်များ ဖွင့်လှစ်ရောင်းချခြင်းမပြုရန် သတ်မှတ်ထားကြောင်း သိရသည်။

ထိုသို့ သတ်မှတ်ထားသော်လည်း စည်းကမ်းလိုက်နာမှုအားနည်းနေသည့်အပြင် ညနေပိုင်း စျေးဆိုင်ဖွင့်လှစ်ရောင်းချသူများအတွက်ပါ အခက်ခဲတွေ ဖြစ်လာကြောင်း ဒေသခံများက ပြောသည်။

“ဒီမှာက ညနေပိုင်းဆိုရင် လမ်းဘေးမှာ စျေးရောင်းတဲ့သူတွေရှိတယ်၊ စားဝတ်နေရေးအတွက် လုပ်နေရတဲ့သူတွေပဲ၊ ခုက နေ့လည် ၁၂ နောက်ပိုင်း အပြင်မထွက်ရဘူးဆိုတော့ အခက်ခဲတော့ ဖြစ်သွားတာပေါ့၊ ခုချိန်က ဘာအလုပ်အကိုင်မှ အဆင်မပြေဘူးလေ” ဟု အသက် (၃၀)အရွယ် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

မောက်မယ်မြို့နယ်တွင် ယမန်နေ့က ကိုဗစ်ပိုးတွေ့သူ (၂၇)ဦး ရှိပြီး ကိုဗစ်ပိုးတွေ့လူနာ စုစုပေါင်း (၃၄၇)ဦးနှင့် သေဆုံးသူ (၄)ဦးရှိခဲ့ကြောင်း သိရသည်။ လက်ရှိတွင် ဆေးကုသမှုခံယူနေသူ (၁၃၀)ကျော်ရှိနေပြီး ဟိုနမ့်တိုက်နယ်တွင်လည်း ကိုဗစ်စင်တာ ထပ်မံတိုးချဲ့ဖွင့်လှစ်နေရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မောက်မယ်မြို့ ရေကြီးရေလျှံဖြစ်

0
သျှမ်းပြည်မောက်မယ်မြို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ ယနေ့ (နိုဝင်ဘာလ ၇ ရက်) မနက် ၃ နာရီခွဲကျော်စတင်ပြီး မိုးအဆက်မပြတ် ရွာသွန်းခြင်းကြောင့် မောက်မယ်မြို့တွင် ချောင်းရေမြင့်တက်ပြီး ကွန်ကိုင်းရပ်ကွက်၊ဈေးတန်းရပ်ကွက်၊မွှေတော်ရပ်ကွက် စသည့် မြေနိမ့်ပိုင်းရှိ ရပ်ကွက်များတွင် ရေကြီးရေလျှံမှုများဖြစ်ပွားနေကြောင်း မောက်မယ်မြို့ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ရေတွေကတော့...

ထိုင်းနယ်စပ်သွားမည့်ကားများ စစ်ဆေးမှုတင်းကြပ် ခရီးသည်နည်းပါးလာ

0
သျှမ်းပြည် တောင်ပိုင်း မှ ထိုင်းနယ်စပ် တာချီလိတ်သို့ သွားသည့် လမ်းပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ဆေးမှု တင်းကြပ်လာပြီး ခရီးသည်များ နည်းပါးလာကြောင်း ကားသမားများထံ စုံစမ်းသိရသည်။ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်မှု၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ တပ်သားသစ် စုဆောင်းမှုများကြောင့် ထိုင်းနယ်စပ် တာချီလိတ်မြို့ လမ်းကြောတလျောက်တွင် စစ်ဆေးမှုတင်းကြပ်လာပြီး၊...

စစ်ရှောင်ပြီး နေရပ်ပြန်ရောက်သည့် ကဒူးကြီးဒေသမှ ကလေးငယ်များ နှာစေးချောင်းဆိုးဖြစ်

0
သျှမ်းပြည် လင်းခေးခရိုင် မောက်မယ်မြို့နယ် ကဒူးကြီး ဒေသအတွင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ရှောင် ထွက်ပြေးရသည့် ဒေသခံ ကလေးငယ်များ ရွာလုံးကျွတ်နီးပါး နှာစေးချောင်းဆိုးနေကြကြောင်း စုံစမ်းသိရသည်။ ကဒူးကြီးဒေသ စစ်ရှောင်ထွက်ပြေးသည့် ကလေးငယ်များ ပြီးခဲ့သည့် ဧပြီလ အစပိုင်းကာလ၌ မောက်မယ်မြို့နယ် ကဒူးကြီးဒေသ နားဟီးကျေးရွာအုပ်စုမှ နမ့်ပါတက်ရွာ အနီး RCSS/SSA နှင့်...

မောက်မယ်မြို့နယ်အတွင်း RCSS နှင့် PNLO ထိတွေ့တိုက်ပွဲအကြား ထိခိုက်သေဆုံးမှုများရှိ

0
သျှမ်းပြည် လင်းခေးခရိုင် မောက်မယ်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သျှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည် တပ်မတော် (RCSS/SSA) နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLO/ PNLA) ထိတွေ့တိုက်ပွဲအကြား ထိခိုက်သေဆုံးမှုများ ရှိနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဧပြီလ (၃) ရက်နေ့တွင် မောက်မယ်မြို့နယ်၊...

မျှော်ပေမယ့် ဖြစ်မလာတဲ့ တာချီလိတ်နယ်စပ်ဂိတ်

0
“နယ်စပ်ဂိတ် ပြန်ဖွင့်တော့မယ်” ဆိုတဲ့ သတင်းတွေဟာ နယ်စပ်ကို အမှီပြုပြီး ရောင်းဝယ်ရေး လုပ်နေကြတဲ့ ပြည်သူတွေအနေနဲ့ မျှော်လင့်စောင့်စားနေကြရတာ ဖြစ်သလို မကြာခဏလည်း ကြားရတတ်တဲ့ သတင်းတွေလည်း ဖြစ်နေပါတယ်။ ဒါပေမယ့် မကြာခဏ သတင်းကြားရတဲ့ အတိုင်း မကြာခဏလည်း မျှော်လင့်ချက်တွေ ရိုက်ချိုးခံရတဲ့ နယ်စပ်သတင်းတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ...