Wednesday, January 28, 2026

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မောက်မယ်မြို့ ရေကြီးရေလျှံဖြစ်

သျှမ်းပြည်မောက်မယ်မြို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။

ယနေ့ (နိုဝင်ဘာလ ၇ ရက်) မနက် ၃ နာရီခွဲကျော်စတင်ပြီး မိုးအဆက်မပြတ် ရွာသွန်းခြင်းကြောင့် မောက်မယ်မြို့တွင် ချောင်းရေမြင့်တက်ပြီး ကွန်ကိုင်းရပ်ကွက်၊ဈေးတန်းရပ်ကွက်၊မွှေတော်ရပ်ကွက် စသည့် မြေနိမ့်ပိုင်းရှိ ရပ်ကွက်များတွင် ရေကြီးရေလျှံမှုများဖြစ်ပွားနေကြောင်း မောက်မယ်မြို့ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ရေတွေကတော့ ချောင်းရေတက် ပြီးတော့ မြေနိမ့်ပိုင်းက အိမ်တွေကိုရေဝင်တာပေါ့။ဒီမနက်မှာပဲ ရေတွေစတက်တာ။မနေ့ကလည်း တနေကုန်တညလုံးမိုးရွာနေတော့ ရေစတက်တာပဲ။အခုထိမိုးရွာတုန်းဆိုတော့ အရင်တခါလိုဖြစ်မလားမပြောတက်ဘူး။ရေတွေက ဆက်ပြီးတက်နေတုန်း”ဟု မောက်မယ်မြို့ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

မောက်မယ်

လက်ရှိ ရေကြီးရေလျှံမှု ကြုံတွေ့နေရသည့် ပြည်သူအချို့သည် ကုန်မြင့်ပိုင်းရှိ ဆွေမျိုးအိမ်သို့ ပြောင်းရွှေ့ နေထိုင်နေကြပြီး မိုးများဆက်လက်ရွာသွန်းနေသောကြောင့် ရေများထပ်မံမြင့်တက်လာမည်ကို စိုးရိမ်နေကြောင်း မောက်မယ်မြို့ ဒေသခံအမျိုးသားတစ်ဦးက ဆင်ပြောသည်။

“ဟို့တစ်ကြိမ်က ရေကြီးလို့ ပျက်စီးသွားတဲ့ လယ်ဧကတွေ၊ ပစ္စည်းတွေတောင် ဘာမှသေချာပြန်ပြီး မလုပ်ကြရသေးဘူး။ တချို့တွေလည်း ကိုယ်အိမ်ကိုပြန်ပြီး ရေဆေးတာ၊ ပြန်ပြင်တာ မကြာသေးဘူး။ ရေတွေက ထပ်ပြီးကြီးနေတော့ စိုးရိမ်ရတာပေါ့”ဟု ၎င်းကပြောသည်။

ပြီးခဲ့သည့် သြဂုတ်လတွင်လည်း မောက်မယ်မြို့ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ‌ရေကြီးရေလျှံခြင်းများ ဖြစ်ပေါ်ခဲ့ပြီး လမ်း၊ တံတား နှင့် လယ်ဧက များစွာပျက်စီးခဲ့ကြောင်း သိရသည်။

သျှမ်းပြည်တွင် သဘာဝဘေးကဲ့သို့ မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးရေလျှံမှုများ ထပ်မံကြုံတွေ့ နိုင်ကြောင်း မိုးလေဝသ ပညာရှင် စုစုစံကလည်း နိုဝင်ဘာလ ၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။

လာမည့် နိုဝင်ဘာလ ၆ ရက် မှ ၈ ရက်ထိ လွိုင်လင်ခရိုင်၊ တောင်ကြီးခရိုင်၊ ကလောခရိုင်၊ ပင်လောင်း ပအိုဝ်းဒေသ၊ လင်းခေးခရိုင် နှင့် မိုင်းပန်ခရိုင် တို့တွင် မိုးသည်းထန် စွားရွာသွန်း၍ ရေကြီး ရေလျှံမှုများ ထပ်မံဖြစ်ပေါ်လာနိုင်ကြောင်း စုစုစံက ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မယ်ဆိုင်ချောင်းရေ စိုးရိမ်ရေမှတ်အထက် ကျော်လွန်နိုင်သဖြင့် ကြိုတင်ရွှေ့ပြောင်းနေထိုင်ရန် အသိပေး

0
ထိုင်း-မြန်မာနယ်စပ် ကြားရှိ မယ်ဆိုင်ချောင်းရေသည် လာမည့် ၁၂ နာရီအတွင်း တာချီလိတ်မြို့၏ စိုးရိမ်ရေမှတ် အထက်သို့ ကျော်လွန်ရောက်ရှိနိုင်သဖြင့် ကြိုတင်ရွှေ့ပြောင်းနေထိုင်ရန် မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။ ယနေ့ (ဇူလိုင် ၄ )ရက် နံနက်ပိုင်း ၉ နာရီခွဲအချိန်တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာသဖြင့် တာချီလိတ်မြို့ပေါ်...

ညီနောင်မဟာမိတ်ထိန်းချုပ် မူဆယ်မြို့နယ် ကျင်စန်းကျော့ ကုန်သွယ်ရေးဂိတ် ရေကြီး၊ နေအိမ်တစ်လုံးမျှောပါ

0
မြန်မာ - တရုတ်နယ်စပ် မူဆယ်မြို့နယ်ရှိ ညီနောင်မဟာမိတ်သုံးဖွဲ့ ထိန်းချုပ်ထားသည့် ကျင်စန်းကျော့ ကုန်သွယ်ရေးဂိတ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ကြုံတွေ့နေရပြီး နေအိမ်တစ်လုံး ရေထဲမျှောပါသွားကြောင်း သတင်းရရှိသည်။ ယနေ့ (ဇူလိုင် ၃ ရက်) နံနက်အချိန်ထိ မိုးသည်းထန်စွာ ရွာသွန်းပြီး နမ့်ယန်းချောင်း ရေတက်မှုကြောင့် မူဆယ်မြို့နယ်...

ချင်းရိုင်းတွင် ရုတ်တရက်ရေကြီးမှုကြောင့် ဆေးရုံများပိတ်ထားရပြီး အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်

0
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရုတ်တရက်ရေကြီးမှုများဖြစ်ပေါ်နေပြီး Wiang Chiang Dung ဆေးရုံအပါအဝင် လူနေအိမ်များ၊ လယ်စိုက်ခင်းများနှင့် အများပြည်သူအဆောက်အအုံများစွာ ထိခိုက်မှုများရှိခဲ့ကြောင်း The Nation Thailand သတင်းဌာနတွင်ဖော်ပြထားသည်။ ယမန်နေ့ (ဇွန်လ ၁၆ ရက်) ညပိုင်းအချိန်မှ စတင်၍ ယနေ့ (ဇွန်လ ၂၇...

အင်းလေး ရေခမ်းခြောက်လာ သွားလာ ခက်ခဲ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ရေခမ်းခြောက်မှု ပိုမိုဆိုးရွာလာသောကြောင့် ဒေသခံများ သွားလာမှု ခက်ခဲဖြစ်နေကြကြောင်း စုံစမ်းသိရှိရသည်။ ယခင်က လှေဖြင့်သွားလာရသော အင်းလေးဒေသ ရွာမ ရွာနှင့် မင်းချောင်းရွာ တွင် ယခုလမှ စတင်၍ အပူချိန်မြင့်တက် လာသည်နှင့် အမျှ ရေများခမ်းခြောက်လာပြီး ကုန်းနေရွာသဖွယ် လမ်းများတွင် နှုန်းမြေများဖြင့်...

တောင်ကြီးမြို့အနောက်မြို့ပတ်လမ်း တလျှောက်ရှိ နေအိမ်များတွင် မြေအောက်ရေစိမ့်ထွက်မှုများရှိနေ

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အနောက်မြို့ပတ်လမ်းတလျှောက်ရှိ ရပ်ကွက်အချို့တွင် မြေအောက်ရေစိမ့်ထွက်မှုများရှိနေပြီး ရေစုပ်စက်များဖြင့်ပါ စုပ်ထုပ်နေရကြောင်း စုံစမ်းသိရှိရသည်။ စက်တင်ဘာလ ၁၁ ရက်နေ့မှ စ၍ တောင်ကြီးမြို့တွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီးနောက် ရေကြီးရေလျှံမှုများပါဖြစ်ပွားခဲ့သည်။ လက်ရှိတွင် ရေကျသွားပြီဖြစ်သော်လည်း အချို့ရပ်ကွက်များတွင် မြေအောက်ရေပြန်လည်စိမ့်ထွက်မှုများရှိလာကြောင်း တောင်ကြီး တက္ကသိုလ်အနီးတွင် နေထိုင်သည့် ဒေသခံအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်သို့ပြောသည်။ “ရေက တစိမ့်စိမ့်နဲ့ထွက်နေတာ၊ ခု...