Tuesday, January 27, 2026

မိုင်းရယ် ကျောင်းဆရာမအပါအဝင် ကျောင်းသား ၂၆ ဦး ကိုဗစ်ပိုးတွေ့

သျှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့တွင် ကျောင်းများဖွင့်လှစ်ပြီး တစ်ပတ်ကျော်အတွင်း ကျောင်းဆရာမ အပါအဝင် ကျောင်းသား ၂၆ဦး ကိုဗစ်ပိုးတွေ့ကြောင်း သတင်းသိရသည်။

စစ်ကောင်စီက နိုဝင်ဘာ ၁ ရက်နေ့မှစတင်ကာ စာသင်ကျောင်းများကို ပြန်လည်ဖွင့်လှစ်ခဲ့ပြီး တစ်ပတ်ကျော် ကာလအတွင်း ပညာရေး ဝန်ထမ်းနှင့် ကျောင်းသား စုစုပေါင်း (၂၆)ဦး ကိုဗစ် – ၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း မိုင်းရယ်မြို့ ဟိတဓရ လူမှုကူညီရေးအသင်းထံမှ သိရသည်။

“RDT နဲ့ စစ်ကြည့်ရင်း တွေ့တာပါ၊ ကျောင်းကနေ ပိုးတွေ့လူနာက ဒီနေ့ထိဆို ၂၆ ဦး ရှိပါတယ်၊ ကျောင်းသူ/ ကျောင်းသားတွေက များတယ်၊ ဆရာမက ၁ ဦးပဲ” ဟု အမည်မဖော်လိုသည့် မိုင်းရယ်မြို့မှ ဟိတဓရလူမှုကူညီ ရေးအသင်းဝင် တစ်ဦးက ပြောသည်။

လက်ရှိတွင် ကျောင်းပြန်ဖွင့်သည့် စာသင်ကျောင်းများအနက် အထကကျောင်းမှ ကျောင်းသား/သူ ၇ ဦး၊ ဟိုရ အထက (ခွဲ)မှ ၇ ဦး၊ အလကမှ ၂ ဦး၊ မူလွန်ကျောင်းမှ ၁ ဦး၊ အမက ၂ မှ ၈ ဦးနှင့် ကျောင်းဆရာမ ၁ ဦးတို့ထံမှ ကိုဗစ်ပိုးတွေ့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဒီနေ့ထိ စာသင်ကျောင်းတွေက ဖွင့်ထားနေတုန်းပဲ၊ ဆေးဖျန်းပြီးတော့ ကလေးတွေကို ကျောင်းတက်ခိုင်းတယ်ပေါ့၊ ကိုဗစ်ရောဂါနဲ့ ပတ်သက်လို့ ဘာစည်းကမ်းသတ်မှတ်ချက်မှ မရှိပါဘူး” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

အဆိုပါ စာသင်ကျောင်းမှ ကိုဗစ်ပိုး ကူးစက်ခံရတဲ့ ဆရာမနှင့် ကျောင်းသူ၊ ကျောင်းသားများကို မိုင်းရယ်မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားပြီးဖြစ်ကြောင်းလည်း ဟိတဓရ အသင်းဝင်တစ်ဦးက ပြောသည်။

“အခုလို စာသင်ကျောင်းတွေ ပြန်ဖွင့်တာကလည်း မဖွင့်မနေရဆိုတဲ့သဘောမျိုးနဲ့ဖွင့်ရတာရှိတယ်၊ ဆိုတော့ ကျနော်တို့ ပရဟိတအနေနဲ့ ပြောရမယ်ဆိုရင် ကလေးတွေ ဒီလောက်ထိ ရောဂါကူးစက်ခံနေရတဲ့အတွက် ကျောင်းတွေကို ခေတ္တဆက်ပိတ်ထားစေချင်တယ်” ဟု ၎င်းကပြောသည်။

မိုင်းရယ်မြို့နယ် အပါအဝင် သျှမ်းပြည်အတွင်း တစ်ချို့မြို့နယ်ရှိ စာသင်ကျောင်းများကိုလည်း စစ်ကောင်စီ လက်အောက်ခံ ပညာရေးဝန်ကြီးဌာနက ပြီးခဲ့သည့် နိုဝင်ဘာ ၁ ရက်မှစတင်ပြီး ပြန်လည် ဖွင့်လှစ်စေခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

TangYan_Polling Station

တန့်ယန်း၊ မိုင်းရယ်တွင် မဲရလဒ်ကွာဟမှု မတိမ်းမယိမ်းဖြစ်ပါက မဲပေးသူစာရင်း ပြန်စိစစ်မည်ဟု ခြိမ်းခြောက်

0
သျှမ်းပြည် တန့်ယန်းနှင့် မိုင်းရယ်မြို့နယ်တွင် မဲရလဒ်ကွာဟမှု မတိမ်းမယိမ်းဖြစ်ပါက မဲပေးသူစာရင်း ပြန်လည်စိစစ်မည်ဟု စစ်ကော်မရှင်ခန့် အုပ်ချုပ်ရေးမှူးများ ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်မြောက်ပိုင်းမှ တန့်ယန်းမြို့နယ်နှင့် မိုင်းရယ်မြို့နယ်တို့ ပါဝင်သည်။ ထိုသို့ ပြည်သူများ...

မိုင်းရယ်မြို့နယ် ရွေးကောက်ပွဲကျင်းပရန် ရက်ပိုင်းအလို စစ်တပ်က ဗုံးကြဲတိုက်ခိုက်

0
မိုင်းရယ်မြို့နယ်အတွင်း ရွေးကောက်ပွဲကျင်းပရန် ရက်ပိုင်းအလို စစ်ကော်မရှင်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။ လာမည့် ဇန်နဝါရီလ (၁၁) ရက်တွင် ပြုလုပ်ကျင်းပမည့် စစ်ကော်မရှင်ဦးဆောင်သော ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည် မြောက်ပိုင်း မိုင်းရယ်မြို့နယ်လည်း ပါဝင်သည်။ ယနေ့ (ဇန်နဝါရီလ ၉ ရက်) မနက် ၁၁ နာရီဝန်းကျင်တွင်...

လားရှိုး-မိုင်းရယ်ကြား ဈေးဆိုင်များကို ၂၀၂၆ အတွက် အခွန်ကောက်ရန် MNDAA မြေလာတိုင်း

0
သျှမ်းပြည် လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြားရှိ ဈေးဆိုင်များထံ ၂၀၂၆ ခုနှစ်အတွက် အခွန်ကောက်ခံရန် ကိုးကန့်တပ်ဖွဲ့ MNDAA မှ မြေနေရာအကျယ်အဝန်း တိုင်းတာခဲ့ကြောင်း စုံစမ်းသိရသည်။ ဒီဇင်ဘာလ ပထမပတ်မှ စတင်ပြီး လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြား လမ်းမကြီးတစ်လျှောက် နမ့်ပေါင်၊ ဟိုယ ကျေးရွာအုပ်စုများရှိ ဈေးဆိုင်များနှင့် စီးပွားရေးလုပ်ငန်းများထံ ၂၀၂၆...
Hsenwi_MNDAA_Learns_Burmese_Language_1

လားရှိုး- မိုင်းရယ်ကြား ဈေးဆိုင်ဆိုင်းဘုတ်များ တရုတ်စာထည့်ရန် MNDAA ညွှန်ကြား

0
သျှမ်းပြည် လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြားရှိ ဈေးဆိုင်ဆိုင်းဘုတ်များကို မြန်မာစာ၊ သျှမ်းစာအပြင် တရုတ်စာပါ မဖြစ်မနေ ထည့်သွင်းရေးသားရန် ကိုးကန့်တပ်ဖွဲ့ MNDAA က ညွှန်ကြားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

မိုင်းရယ် ဟိုယမှာ ဒေသခံစိစစ်ရေးကတ်လုပ်ရန် MNDAA စာရင်းကောက်၊ မလုပ်ပါလျှင် ဧည့်သည်အဖြစ် သတ်မှတ်မည်ဟုပြော

0
သျှမ်းပြည် မိုင်းရယ်မြို့နယ်အတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် ကျေးရွာ (၁၆) ရွာတွင် ဒေသခံစိစစ်ရေးကတ် ပြုလုပ်ရန် စာရင်းကောက်ခံနေပြီး မလုပ်လျှင် ဧည့်သည်အဖြစ် သတ်မှတ်မည်ဟု ပြောဆိုကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ (၁၈) ရက်တွင် မိုင်းရယ်မြို့နယ်အတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် ဟိုယကျေးရွာအုပ်စု၊ ကောင်းမောင်...