မိုင်းရယ် ကျောင်းဆရာမအပါအဝင် ကျောင်းသား ၂၆ ဦး ကိုဗစ်ပိုးတွေ့

သျှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့တွင် ကျောင်းများဖွင့်လှစ်ပြီး တစ်ပတ်ကျော်အတွင်း ကျောင်းဆရာမ အပါအဝင် ကျောင်းသား ၂၆ဦး ကိုဗစ်ပိုးတွေ့ကြောင်း သတင်းသိရသည်။

စစ်ကောင်စီက နိုဝင်ဘာ ၁ ရက်နေ့မှစတင်ကာ စာသင်ကျောင်းများကို ပြန်လည်ဖွင့်လှစ်ခဲ့ပြီး တစ်ပတ်ကျော် ကာလအတွင်း ပညာရေး ဝန်ထမ်းနှင့် ကျောင်းသား စုစုပေါင်း (၂၆)ဦး ကိုဗစ် – ၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း မိုင်းရယ်မြို့ ဟိတဓရ လူမှုကူညီရေးအသင်းထံမှ သိရသည်။

“RDT နဲ့ စစ်ကြည့်ရင်း တွေ့တာပါ၊ ကျောင်းကနေ ပိုးတွေ့လူနာက ဒီနေ့ထိဆို ၂၆ ဦး ရှိပါတယ်၊ ကျောင်းသူ/ ကျောင်းသားတွေက များတယ်၊ ဆရာမက ၁ ဦးပဲ” ဟု အမည်မဖော်လိုသည့် မိုင်းရယ်မြို့မှ ဟိတဓရလူမှုကူညီ ရေးအသင်းဝင် တစ်ဦးက ပြောသည်။

လက်ရှိတွင် ကျောင်းပြန်ဖွင့်သည့် စာသင်ကျောင်းများအနက် အထကကျောင်းမှ ကျောင်းသား/သူ ၇ ဦး၊ ဟိုရ အထက (ခွဲ)မှ ၇ ဦး၊ အလကမှ ၂ ဦး၊ မူလွန်ကျောင်းမှ ၁ ဦး၊ အမက ၂ မှ ၈ ဦးနှင့် ကျောင်းဆရာမ ၁ ဦးတို့ထံမှ ကိုဗစ်ပိုးတွေ့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဒီနေ့ထိ စာသင်ကျောင်းတွေက ဖွင့်ထားနေတုန်းပဲ၊ ဆေးဖျန်းပြီးတော့ ကလေးတွေကို ကျောင်းတက်ခိုင်းတယ်ပေါ့၊ ကိုဗစ်ရောဂါနဲ့ ပတ်သက်လို့ ဘာစည်းကမ်းသတ်မှတ်ချက်မှ မရှိပါဘူး” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

အဆိုပါ စာသင်ကျောင်းမှ ကိုဗစ်ပိုး ကူးစက်ခံရတဲ့ ဆရာမနှင့် ကျောင်းသူ၊ ကျောင်းသားများကို မိုင်းရယ်မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားပြီးဖြစ်ကြောင်းလည်း ဟိတဓရ အသင်းဝင်တစ်ဦးက ပြောသည်။

“အခုလို စာသင်ကျောင်းတွေ ပြန်ဖွင့်တာကလည်း မဖွင့်မနေရဆိုတဲ့သဘောမျိုးနဲ့ဖွင့်ရတာရှိတယ်၊ ဆိုတော့ ကျနော်တို့ ပရဟိတအနေနဲ့ ပြောရမယ်ဆိုရင် ကလေးတွေ ဒီလောက်ထိ ရောဂါကူးစက်ခံနေရတဲ့အတွက် ကျောင်းတွေကို ခေတ္တဆက်ပိတ်ထားစေချင်တယ်” ဟု ၎င်းကပြောသည်။

မိုင်းရယ်မြို့နယ် အပါအဝင် သျှမ်းပြည်အတွင်း တစ်ချို့မြို့နယ်ရှိ စာသင်ကျောင်းများကိုလည်း စစ်ကောင်စီ လက်အောက်ခံ ပညာရေးဝန်ကြီးဌာနက ပြီးခဲ့သည့် နိုဝင်ဘာ ၁ ရက်မှစတင်ပြီး ပြန်လည် ဖွင့်လှစ်စေခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အာဏာသိမ်းလက်အောက်က ကျောင်းများ နည်းမျိုးစုံဖြင့် ငွေကြေးကောက်ခံနေ

0
စစ်အာဏာသိမ်း အစိုးရ၏ လက်အောက်တွင် ဖွင့်လှစ်ထားသည့် သျှမ်းပြည် တောင်ကြီးမြို့ရှိ ကျောင်းများတွင် ကျောင်းသားများထံ နည်းမျိုးစုံ ခေါင်းစဉ်တပ်ပြီး ငွေကြေးကောက်ခံမှုများရှိနေကြောင်း သတင်းရရှိသည်။ စစ်အာဏာသိမ်းပြီးနောက် မြန်မာတဝှမ်းတွင် ကုန်စျေးနှုန်းများ တရိပ်ရိပ်တက်လာပြီး အလုပ်လက်မဲ့များလာခြင်း၊ ဝင်ငွေနှင့်ထွက်ငွေ မကိုက်မှုများဖြစ်လာသည့်ကြား ကလေးငယ်များ၏ ပညာရေး စရိတ်လည်း ကြီးလာပြီး ကျောင်းတွင် လစဉ်ပေးဆောင်နေရသည့်...

မိုင်းရယ်တွင် MNDAA ကောက်ယူထားသည့် အိမ်ထောင်စုစာရင်းအတိုင်း တပ်သားသစ် အဓမ္မခေါ်ယူနေ

0
သျှမ်းပြည် မိုင်းရယ်မြို့နယ်ရှိ ကျေးရွာဘက်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ကောက်ယူထားသည့် အိမ်ထောင်စုစာရင်းအတိုင်း ဒေသခံများကို တပ်သားသစ်အဖြစ် အတင်းအဓမ္မ ခေါ်ယူစုဆောင်းနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မေလ ၂၃ ရက်တွင် မိုင်းရယ်မြို့နှင့် လားရှိုးမြို့ကြားရှိ ဟိုယ၊ လွယ်ငင်း၊ ကောင်းမောင်၊ နောင်မို စသည့် ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများကို...

သျှမ်းပြည် အချို့မြို့နယ် စက်သုံးဆီ စတင်ပြတ်လပ်

0
သျှမ်းပြည် မိုင်းရှူးမြို့နယ်၊ ကျေးသီးမြို့နယ်၊ မိုင်းရယ်မြို့နယ်တို့တွင် စက်သုံးဆီ စတင်ပြတ်လပ်လာပြီး အချို့ဆိုင်များအကန့်သတ်ဖြင့်ရောင်းကာ ဓာတ်ဆီတစ်လီတာလျှင် ၅၀၀၀ ကျပ် အထိရှိနေကြောင်း သတင်းရရှိသည်။ ယနေ့ (မတ်လ ၄ ရက်) မိုင်းရှူးမြို့နယ်၊ ကျေးသီးမြို့နယ် နှင့် ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် SSPP/SSA ဌာနချုပ်ရှိရာ...

မိုင်းရယ် တောင်ယာထဲ ကျားဖြန့်လုပ်ကိုင်သူများ ပုန်းအောင်းနေခြင်းကြောင့် ဒေသခံစိုးရိမ်ထိတ်လန့်

0
သျှမ်းပြည် မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအုပ်စုရှိ တောင်ယာများတွင် အွန်လိုင်းငွေလိမ် ( ကျားဖြန့်)လုပ်ကိုင်သူများ လာရောက်ပုန်းအောင်းနေခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေရကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ တတိယပတ်မှ စတင်ပြီး မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအုပ်စုရှိ တောင်ယာတဲများသို့ သီပေါမြို့နယ် မန်မော်ကျေးရွာအုပ်စုဘက်မှ ထွက်ပြေးလာသည့် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်သူများ လာရောက်ပုန်းအောင်းနေခြင်းကြောင့် ဒေသခံများမှာ လုံခြုံရေးနှင့်...
TangYan_Polling Station

တန့်ယန်း၊ မိုင်းရယ်တွင် မဲရလဒ်ကွာဟမှု မတိမ်းမယိမ်းဖြစ်ပါက မဲပေးသူစာရင်း ပြန်စိစစ်မည်ဟု ခြိမ်းခြောက်

0
သျှမ်းပြည် တန့်ယန်းနှင့် မိုင်းရယ်မြို့နယ်တွင် မဲရလဒ်ကွာဟမှု မတိမ်းမယိမ်းဖြစ်ပါက မဲပေးသူစာရင်း ပြန်လည်စိစစ်မည်ဟု စစ်ကော်မရှင်ခန့် အုပ်ချုပ်ရေးမှူးများ ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်မြောက်ပိုင်းမှ တန့်ယန်းမြို့နယ်နှင့် မိုင်းရယ်မြို့နယ်တို့ ပါဝင်သည်။ ထိုသို့ ပြည်သူများ...