ပင်လောင်း၊ ဆီဆိုင် Semi-Lockdown (၁၄)ရက် သတ်မှတ်

သျှမ်းတောင် ပင်းလောင်းနှင့် ဆီဆိုင်မြို့နယ်တို့ကို ယနေ့ (နိုဝင်ဘာ ၁ ရက်)မှ စတင်ပြီး Semi-Lockdown သတ်မှတ်လိုက်ကြောင်း သတင်းရရှိသည်။

ပင်လောင်းမြို့နယ်တွင် ယနေ့ မှ စတင်ပြီး နိုဝင်ဘာ (၁၄)ရက်နေ့အထိလည်းကောင်း၊ ဆီဆိုင်မြို့နယ်ကို ယနေ့မှ စပြီး နိုဝင်ဘာ (၇)ရက်နေ့အထိ Semi-lcokdown အဖြစ် သတ်မှတ်ကြောင်း သက်ဆိုင်ရာ ကော်မတီက ယမန်နေ့ (အောက်တိုဘာ ၃၁ ရက်)တွင် ထုတ်ပြန်ကြေညာခဲ့တာဖြစ်သည်။

“မြို့နယ်တစ်ခုလုံး Semi-lockdown ချလိုက်ပြီလို့ပြောတယ်၊ မနေ့ညကလည်း ရပ်ကွက်ထဲ လိုက်ပြီး ကြေညာတယ်၊ ဒီမှာက ကိုဗစ် ကူးတာတွေက အရမ်းများလာတယ်လေ၊ သေတာလည်း ရှိတယ်” ဟု ပင်လောင်းဒေသခံ အမျိုးသမီးတစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ မြို့နယ်အတွင်း မွန်းလွဲ (၁)နာရီမှ စပြီး ဆေးဆိုင်၊ ဆေးခန်းများ၊ စက်သုံးဆီဆိုင်များမှ အပ အခြားစျေးဆိုင်များ ရောင်းချခွင့် မပြုကြောင်း၊ ကန့်သတ်ထားသည့် အချိန်အတွင်း ကျန်းမာရေးကိစ္စရှိပါက အုပ်ချုပ်ရေးမှူးထံ ဆက်သွယ်ပြီးမှ သွားလာရန်၊ စျေးဆိုင်များတွင် စျေးရောင်းချသူများ အားလုံး ကိုဗစ်ပိုး ရှိ မရှိ စစ်ဆေးမှု ခံယူပြီးမှသာ ဖွင့်လှစ်ရောင်းချခွင့်ပြုမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ ဆီဆိုင်မြို့နယ်တွင်လည်း ဆီဆိုင်မြို့မစျေး၊ နောင်မွန်စျေး၊ ဘန်းယဥ်၊ ဆိုက်ခေါင်စျေးများရှိ စျေးသည်များ မနက် (၁၀)နာရီမတိုမီ အပြီးသိမ်းဆည်းကြရန်နှင့် ရပ်ကွက်များအတွင်း စက်သုံးဆီ၊ သောက်ရေသန့်၊ အခြေခံစားသောက်ကုန်၊ ဆေးဝါးနှင့် ဆေးပစ္စည်းရောင်းချသည့် ဆိုင်မအပ ကျန်အရောင်းဆိုင်များ ဖွင့်လှစ်ခြင်း ခွင့်မပြုကြောင်း ကြေညာထားသည်။

“ပိုးကူးတာများတယ်၊ စစ်ရမှာ ကြောက်နေကြတာ၊ နေမကောင်းဖြစ်လည်း မစစ်ကြဘူးလေ၊ ခုဆို ကိုဗစ်နဲ့ ဆုံးတဲ့သူလည်း ရှိလာပြီ၊ ကျမတို့ရွာမှာဆို (၃)ယောက်တောင်ရှိနေပြီ” ဟု ပုံးအင်းဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

သျှမ်းတောင် ဟိုးပုံးမြို့တွင်လည်း ကိုဗစ်ကူးစက်မှု မြင့်တက်မှုကြောင့် ပြီးခဲ့သည့် အောက်တိုဘာလ (၁၉)ရက်နေ့မှ နိုဝင်ဘာ (၂)ရက်နေ့အထိ Semi-lockdown သတ်မှတ်ထားကြောင်း သိရှိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆီဆိုင်မြို့နယ်ရှိ ကျေးရွာများတွင် ဘောင်းဘီဝတ်လျှင် ဒဏ်ငွေပေးဆောင်ရမည်ဟုဆို

0
သျှမ်းပြည်တောင်ပိုင်း၊ဆီဆိုင်မြို့နယ် ထမ်ဆိုင်းကျေးရွာနှင့် အနီးနားကျေးရွာများတွင် ဘောင်းဘီဝတ်ခွင့် ပိတ်ပင်ထားပြီး၊ ဘောင်းဘီဝတ်လျှင် ဒဏ်ငွေပေးဆောင်ရမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလဆန်းပိုင်းမှစကာ ထမ်ဆိုင်းကျေးရွာနှင့် ၎င်းပတ်ဝန်းကျင် အနီးနားရှိကျေးရွာမှ ဒေသခံများ ရိုးရာ ဝတ်စားဆင်ယင်မှု လျော့နည်းလာခြင်း၊ ကျေးရွာ ဂုဏ်သိက္ခာထိခိုက်စေလာမှုကြောင့် ဘောင်းဘီဝတ်ဆင်မှုကို ကျေးရွာသူကြီးများက ကန့်သတ်လိုက်ကြောင်း ၎င်းဒေသခံများက ပြောသည်။ အဆိုပါ ကန့်သတ်ချက်ကို...

ဆီဆိုင်တွင် မိုင်းရှင်းရန် PNO ကို ငွေပေးနေရ

0
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ စိုက်ခင်းများအတွင်း ကျန်ရှိနေသည့် စစ်လက်နက်အကြွင်းအကျန် မြေမြုပ်မိုင်းများကို စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO ထံငွေပေးပြီး ရှင်းခိုင်းနေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ ဇန်နဝါရီမှစပြီး ဆီဆိုင်မြို့နယ်အတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)၊ကရင်နီတော်လှန်ရေးတပ်ပေါင်းစု ပူးပေါင်းအဖွဲ့များနှင့် စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ် PNO ပူးပေါင်းတပ်တို့အကြား...

ဆီဆိုင်မြို့နယ် PNO စစ်ဆေးရေးဂိတ်တွင် ကန့်သတ်ကုန်များကို စစ်ဆေးတင်းကြပ်နေ

0
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) စစ်ဆေးရေးဂိတ်များတွင် ကန့်သတ်ကုန်ပစ္စည်းများကို စစ်ဆေးတင်းကြပ်နေကြောင်း စုံစမ်းသိရသည်။ ဆီဆိုင်မြို့နယ်အတွင်း အခြေခံစားသောက်ကုန်များ ၊ ဆေးဝါးများ နှင့် စက်သုံးဆီများကိုသယ်ယူပို့်ဆောင်ရာာတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO များက သယ်ယူပို့ဆောင်ရန် ကန့်သတ်မှုများ ပြုလုပ်...

ဆီဆိုင်မြို့နယ်တွင် မိုးကြိုးစက်ကွင်းကြောင့် နွားအကောင်ရေ ၅၀ ခန့်သေဆုံး

0
သျှမ်းပြည် ဆီဆိုင်မြို့နယ်တွင် မိုးကြိုးစက်ကွင်း ထိမှန်ခြင်းကြောင့် နွားအကောင်ရေ ၅၀ ခန့် သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မေလ ၂၁ ရက်) နေ့လယ် ၂ နာရီခန့်တွင် ဆီဆိုင်မြို့နယ် ကောင်ဝါးတောင်ရွာရှိ တောင်ယာအနီးတွင် နွားအုပ်လိုက် ကျက်စားနေချိန် မိုးကြိုးစက်ကွင်း ထိမှန်ခဲ့ခြင်းကြောင့် နွား အကောင်ရေ...

ဆီဆိုင်မြို့နယ်တွင် အမျိုးသမီးတစ်ဦး ဟင်းရွက်ခူးရာမှ မြေမြှုပ်မိုင်းနင်းမိ၊ ခြေတစ်ဖက်ဆုံးရှုံး

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ရွှေတစ်ဂူဒေသတွင် အမျိုးသမီးတစ်ဦးသည် ချောင်းနံဘေး၌ ဟင်းရွက်ခူးရာမှ မြေမြှုပ်မိုင်းနင်းမိ၍ ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ရကြောင်း သတင်းရရှိသည်။ ယမန်နေ့ ဧပြီလ (၅) ရက် နေ့လယ် ၂ နာရီအချိန်တွင် ဆီဆိုင်မြို့နယ် တဘက်ကျေးရွာအုပ်စု ရွှေတဂူဒေသရှိ တဘက်ချောင်းအနီးတွင် ဟင်းရွက်ခူးနေသော အသက် (၅၀)ကျော်အရွယ် အမျိုးသမီးတစ်ဦးသည်...