Tuesday, January 27, 2026

အေးသာယာစျေးရှေ့ Mask မတပ်သူများကို စစ်ကောင်စီ များက တုတ်ဖြင့် လိုက်ရိုက်နေ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ် အေးသာယာမြို့မ ဈေးရှေ့တွင် ယနေ့ (နိုဝင်ဘာ ၂၂)ရက် နေ့လည် ၂ နာရီခွဲဝန်းကျင်တွင် Mask (နှားခေါင်းစည်း )မတပ်သူ များကို စစ်ကောင်စီတပ်သားများက တုတ်ဖြင့် လိုက်ရိုက်နေကြောင်း ဒေသခံများက ပြောသည်။

ယနေ့( နိုဝင်ဘာလ ၂၂) ရက် နေ့လည်ပိုင်း ၂ နာရီခွဲဝန်းကျင်ခန့်တွင် Mask မတပ်ဘဲ အပြင်ထွက်လာသည့် ပြည်သူများကို စစ်ကောင်စီတပ်သားများက မဖွယ်မရာများ ဆဲဆိုပြီး တုတ်ဖြင့် လိုက်ရိုက်ခဲ့ကြောင်း သိရသည်။

“ကျနော့်ရှေ့မှာတင် နှစ်ယောက်က အရိုက်ခံရတယ်၊ Mask မတပ်လို့တဲ့၊ သူတို့ကိုယ်တိုင်လည်း Mask မတပ်ပါဘူး၊ သူတို့ကို ရပ်မပေးရင်လည်း လိုက်ရိုက်တယ်၊ ရပ်ပေးတော့ ခြေသလုံးတို့ တင်ပါးတို့ကို တုတ်နဲ့ရိုက်တာ၊ တစ်ယောက်ကို ၁ ချက် ၂ ချက်ရိုက်ကြတယ်” ဟု မြင်တွေ့ခဲ့သည့် ပြည်သူတစ်ဦးက ပြောသည်။

စစ်ကောင်စီတို့သည် လမ်းသွားလမ်းလာပြည်သူများကို ယင်းကဲ့သို့ မဖွယ်မရာများ ပြောဆိုကြိမ်းမောင်းသည့် အပြင် ၎င်းတို့ ကိုယ်တိုင်လည်း Mask မတပ်ထားကြောင်း သိရသည်။

“သူတို့ (တပ်သား)တွေလည်း Mask မတပ်ဘူး။ လူပုံအလယ်မှာ ဒီလိုလုပ်တာတော့ မကောင်းဘူးပေါ့၊ လူ့ဂုဏ် သိက္ခာကျဆင်းစေတဲ့ လုပ်ရပ်မျိုးလို့ မြင်မိတယ်။ တခြားနည်းနဲ့ အရေးယူတာလုပ်လို့ရပါတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

ကိုဗစ် – ၁၉ ကို အကြောင်းပြပြီး ရောဂါကို ထိန်းချုပ်ရန် ကြိုးစားနေသော်လည်း လူ့ကျင့်ဝတ်တွေကို လေးစားလိုက်နာသင့်ကြောင်းလည်း ၎င်းကပြောသည်။

စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းပြီးနောက်ပိုင်းတွင် ကိုဗစ် – ၁၉ ကို အကြောင်းပြပြီး ဥပဒေအမျိုးမျိုး ထုတ်ပြန်ကာ ပြည်သူလူထုတို့၏ သွားလာရေးများကို ထိန်းချုပ်တင်းကြပ်ထားကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...