Wednesday, January 28, 2026

မိုးနဲမြို့ ၁၅ ရက်အတွင်း ကိုဗစ် -၁၉ ပိုးတွေ့သူ ၁၀၀ ကျော်ထိရှိလာ

သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့တွင် နိုဝင်ဘာလ ၁ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကိုဗစ် – ၁၉ ပိုးတွေ့လူနာ စုစုပေါင်း ၁၁၉ ဦးထိ မြင့်တက်လာကြောင်းစုံစမ်းသိရှိရသည်။

မိုးနဲမြို့တွင် နိုဝင်ဘာ ၁ ရက်နေ့မှစပြီး ဒေသခံ ၁၄၃၀ ဦးကို ကိုဗစ် ၁၉ ပိုးစစ်ဆေးပေးခဲ့ပြီး စုစုပေါင်း ၁၁၉ ဦး ပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။

“ဒီလထဲမှာဘဲ ကိုဗစ် ကူးစက်တာ တော်တော်လေး များလာတယ်။ ကျနော်တို့ လူဦးရေ ၁၄၃၀ လောက်စစ်ပေးတာ။ ၁၁၉ ယောက်က ပိုးတွေ့လူနာတွေဖြစ်တယ်။ အခြေနေတော့ ဆိုးလာတယ်လို့ပြောလို့ရတယ်” ဟု မိုးနဲမြို့ ဒေသခံ အမျိုသား တစ်ဦးက ပြောသည်။

အဆိုပါ မိုးနဲမြို့ ဒေသခံများကို ကိုဗစ် -၁၉ ပိုး ရှိ မရှိ နေအိမ်ထိ သွားရောက်စစ်ဆေးပေးရာတွင် ဆရာဝန်၊ တာဝန်ရှိသူများနှင့် ဒေသခံတို့အကြားရန်ဖြစ်ပွားမှုများလည်း ရှိခဲ့ကြောင်း သိရသည်။

“ဒီလထဲမှာဘဲ ကျန်းမာရေးပိုင်းတာဝန်ရှိသူတွေက ပြည်သူတွေကို ကိုဗစ်ပိုး သွားစစ်ဆေးပေးကြတယ်။ ကိုဗစ်ပိုးစစ်ရင် နှာခေါင်းထဲ တုတ်ထိုးရတယ်ဆိုတော့ နာကြတယ်တဲ့။ အဲဒါ နှာခေါင်းထဲထိုးခံရလို့ဆိုပြီး ကျန်းမာရေးဝန်ထမ်းနဲ့ ဒေသခံတွေက ရန်ဖြစ်တာတွေလည်းရှိတယ်” ဟု အထက်ပါအမျိုးသားက ပြောသည်။

ကိုဗစ် ၁၉ တတိယလှိုင်းအချိန်တွင် မိုးနဲမြို့မှာ နိုဝင်ဘာ ၁၆ ရက်အထိ ကိုဗစ် ၁၉ ပိုးတွေ့လူနာ စုစုပေါင်း ၃၉၁ ဦးထိရှိနေပြီဖြစ်ကြောင်း သိရသည်။

၂၀၂၁ ခုနှစ်ထဲ မိုးနဲမြို့တွင် ကိုဗစ် ၁၉ ကြောင့်သေဆုံးသူ စုစုပေါင်း (၆)ဦးထိရှိကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးနဲမြို့ရောက် နမ့်လန်စစ်ဘေးရှောင် ကျောင်းသား ၄၀၀ ကျော် စာမေးပွဲဖြေဆိုပြီး နေရပ်ပြန်

0
သျှမ်းပြည် မိုးနဲမြို့နယ်သို့ ရောက်ရှိနေသည့် နမ့်လန်စစ်ဘေးရှောင် ကျောင်းသားကျောင်းသူ ၄၀၀ ကျော်သည် စာမေးပွဲ ဖြေဆိုပြီးနောက် နေရပ်ပြန်မည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ယမန်နှစ် ၂၀၂၄ ဒီဇင်ဘာ လဆန်းပိုင်းက သီပေါမြို့နယ် နမ့်လန်မြို့အနီးတဝိုက်တွင် စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ တိုက်ပွဲပြင်းထန်ခဲ့ရာ လုံခြုံရေးစိုးရိမ်မှုကြောင့် မိဘများမှ ကျောင်းနေအရွယ်...

ထိုင်းနယ်စပ်သွားမည့်ကားများ စစ်ဆေးမှုတင်းကြပ် ခရီးသည်နည်းပါးလာ

0
သျှမ်းပြည် တောင်ပိုင်း မှ ထိုင်းနယ်စပ် တာချီလိတ်သို့ သွားသည့် လမ်းပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ဆေးမှု တင်းကြပ်လာပြီး ခရီးသည်များ နည်းပါးလာကြောင်း ကားသမားများထံ စုံစမ်းသိရသည်။ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်မှု၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ တပ်သားသစ် စုဆောင်းမှုများကြောင့် ထိုင်းနယ်စပ် တာချီလိတ်မြို့ လမ်းကြောတလျောက်တွင် စစ်ဆေးမှုတင်းကြပ်လာပြီး၊...

မိုးနဲမြို့နယ်အတွင်း သင်္ကြန်အကြောင်းပြချက်ဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူး ပိုက်ဆံကောက်

0
သျှမ်းပြည် မိုးနဲမြို့နယ်အတွင်း သင်္ကြန်အကြောင်းပြချက်ဖြင့် မြို့နယ် အုပ်ချုပ်ရေးမှူး နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပိုက်ဆံလိုက်လံ ကောက်ယူနေကြောင်း သတင်းရရှိသည်။ လက်ရှိ သင်္ကြန်ကာလအတွင်း စစ်ကောင်စီ လက်အောက်ခံ မြို့နယ်အုပ်ချုပ်ရေးမှူးက မိုးနဲမြို့ လွိုင်မြေရပ်ကွက်ထဲတွင် လုပ်ငန်းရှင်များထံ ပိုက်ဆံ ကောက်ယူနေကြောင်း သိရသည်။ “ လုပ်ငန်းရှင်တွေကောက်တာ။ လုပ်ငန်းကြီးရင်တော့ ၁ သိန်းလောက်ထိ...

မျှော်ပေမယ့် ဖြစ်မလာတဲ့ တာချီလိတ်နယ်စပ်ဂိတ်

0
“နယ်စပ်ဂိတ် ပြန်ဖွင့်တော့မယ်” ဆိုတဲ့ သတင်းတွေဟာ နယ်စပ်ကို အမှီပြုပြီး ရောင်းဝယ်ရေး လုပ်နေကြတဲ့ ပြည်သူတွေအနေနဲ့ မျှော်လင့်စောင့်စားနေကြရတာ ဖြစ်သလို မကြာခဏလည်း ကြားရတတ်တဲ့ သတင်းတွေလည်း ဖြစ်နေပါတယ်။ ဒါပေမယ့် မကြာခဏ သတင်းကြားရတဲ့ အတိုင်း မကြာခဏလည်း မျှော်လင့်ချက်တွေ ရိုက်ချိုးခံရတဲ့ နယ်စပ်သတင်းတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ...

မြန်မာ-တရုတ် မန့်ဝိန်း-ကျယ်ဂေါင်နယ်စပ်ဂိတ် အကန့်အသတ်ဖြင့် ဖွင့်

0
ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ၃နှစ်နီးပါး ပိတ်ထားသည့် မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း-ဂျယ်ဂေါင်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံဘက်မှ ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သတင်းရရှိသည်။ မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း- ဂျယ်ဂေါင် နယ်စပ်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက် ၇ နာရီတွင်...